သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္မဲအျငင္းပြားသည့္ေနရာတခ်ိဳ႕ ျပန္လည္မဲေပးခြင့္ျပဳမည္


စစ္ကိုင္းၿမိဳ႕မွာ အသက္ ၆၀ အထက္ လူႀကီးမ်ား မဲေပးၾကသည့္ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးရာမွာ အျငင္းပြားစရာ ႀကံဳခဲ့ရတဲ့ ၿမိဳ႕နယ္တခ်ဳိ႕မွာ ေနာက္တႀကိမ္ ျပန္လည္မဲေပးခြင့္ျပဳဖုိ႔ စီစဥ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က ေျပာျပပါမယ္။

ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြေန႔မွာ မဲေပးဖုိ႔ အခက္အခဲရွိသူေတြ ႀကိဳတင္မဲေပးခြင့္ စေပးခဲ့တဲ့ ေန႔မွာပဲ အျငင္းပြားစရာေတြ ႀကံဳခဲ့ရတာေၾကာင့္ လူစုလူေ၀းနဲ႔ ႐ုတ္႐ုတ္သဲသဲ ျဖစ္ခဲ့တဲ့ မေကြးတုိင္း၊ ပခုကၠဴခ႐ုိင္၊ ေပါက္ၿမိဳ႕နယ္မွာ မဲျပန္ေပးခြင့္ရေအာင္ ေကာ္မရွင္က ျပင္ဆင္ေနတာပါ။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသက္ ၆၀ နဲ႔အထက္ သက္ႀကီးပုိင္းေတြ အပါအ၀င္ ႀကိဳတင္မဲေပးရာမွာ ေပါက္ၿမိဳ႕နယ္ ကြ်န္းရင္းေက်းရြာက ရပ္ကြက္နဲ႔ ေက်းရြာေကာ္မရွင္ဥကၠ႒က မဲဆႏၵရွင္ေတြကုိယ္စား မဲျပားေတြမွာ တံဆိပ္တံုးထုေပးခဲ့တယ္ဆိုၿပီး မေက်နပ္ၾကရာက လူစုလူေ၀းျဖစ္ပြားခဲ့တာပါ။ အျငင္းပြားမႈ ျဖစ္ခဲ့တဲ့ ဆႏၵမဲေတြကုိ ပယ္မဲအျဖစ္ သတ္မွတ္လုိက္ၿပီး ေနာက္တႀကိမ္ မဲေပးခြင့္ျပဳဖုိ႔ မေကြးတုိင္း ေကာ္မရွင္ကုိ တင္ျပထားတယ္လုိ႔လည္း ပခုကၠဴခ႐ုိင္ ေကာ္မရွင္ဥကၠ႒ ဦးဝင္းစိန္က ေျပာပါတယ္။

“မဲေပးျဖစ္မွာပါဗ်၊ ဒီေန႔ကေတာ့ ၃ ရက္ေန႔လို႔ က်ေနာ္တို႔က တင္ျပခ်က္ထဲမွာပါတယ္။ ဒီေန႔ကေတာ့ ေန႔ခင္းပိုင္းထိေရာက္တဲ့အတြက္ ျဖစ္ႏိုင္ေအာင္ လုပ္ၿပီးေတာ့ မနက္ျဖန္ ၿမိဳ႕နယ္ကို က်ေနာ္တို႔ အေၾကာင္းၾကားလိုက္မယ္ ၿပီးရင္ မဲေပးခြင့္ေပးလိုက္မယ္။ ဟုတ္ကဲ့.. ပယ္မဲအျဖစ္သတ္မွတ္လိုက္မွာပါဗ်။ အသစ္တဖန္ အဲ့ ၄၀ ဦးလံုးက မဲဆႏၵရွင္က ျပန္လည္ေပးခြင့္မဆံုး႐ႈံးေအာင္ ျပန္ေပးခြင့္ျပဳလိုက္မွာပါ။”

ေရစႀကိဳၿမိဳ႕နယ္မွာ ႀကိဳတင္မဲေပးရာမွာလည္း မဲလက္မွတ္စာအုပ္မွာ ၿမိဳ႕နယ္ႏွစ္ခုရဲ႕ မဲလက္မွတ္ေတြ ေရာေႏွာပါဝင္ေနတာေၾကာင့္ အမွားအယြင္းေတြ ႀကံဳခဲ့ရတဲ့အတြက္ မဲျပန္ေပးဖုိ႔ စီစဥ္ခဲ့တယ္လုိ႔လည္း ပခုကၠဴခ႐ုိင္ ေရြးေကာက္ပဲြ ေကာ္မရွင္ဥကၠ႒ ဦးဝင္းစိန္က ေျပာပါတယ္။

လုံၿခံဳေရးအေျခအေနအရ မဲဆႏၵနယ္ေျမ ေတာ္ေတာ္မ်ားမ်ား ပယ္ဖ်က္ထားတဲ့ ရခိုင္ျပည္နယ္က မဲေပးခြင့္ရတဲ့ သံတြဲၿမိဳ႕နယ္မွာလည္း အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္မွာ ႀကိဳတင္မဲလက္မွတ္ေတြ မွားယြင္းမႈေတြ ႀကံဳခဲ့ရတာပါ။ တျခားၿမိဳ႕နယ္က မဲလက္မွတ္ေတြနဲ႔ ေရာေထြးၿပီး အမွားအယြင္းေတြ ျဖစ္ခဲ့တဲ့အတြက္ ျပန္မဲေပးႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း သံတြဲခ႐ုိင္ ေကာ္မရွင္ဥကၠ႒ ဦးတင္သိန္းက ေျပာပါတယ္။

ဒါေပမဲ့လည္း ေကာ္မရွင္ရဲ႕ အစီအစဥ္ကုိ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းက ကန္႔ကြက္ထားတဲ့အတြက္ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္ကုိ ေစာင့္ဆုိင္းေနတယ္လို႔လည္း ေျပာပါတယ္။

“NLD က အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးဝင္းဆိုတာ သူကေနၿပီးေတာ့ ဒီဟာကို ကန္႔ကြက္လႊာတင္တယ္။ တင္တဲ့အတြက္ ျပည္နယ္ကလည္ပဲ အဲ့ဒီဟာကို uec ေပါ့ ျပည္ေထာင္စုေကာ္မရွင္ကို တင္ထားတယ္။ ျပည္ေထာင္စု ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ဒီဟာကို နဂိုေပးတဲ့အတိုင္းပဲ ေရတြက္လိုက္မလာ ဒါမွမဟုတ္ အရင္အမ်ဳိးသားလႊတ္ေတာ္မွားသြားတဲ့ဟာကို ပယ္ဖ်က္ၿပီးေတာ့အခါမွ အသစ္လုပ္ခိုင္းမလားဆိုတာ ညႊန္ၾကားခ်က္မလာေသးဘူးခင္ဗ်ာ။”

ကုိဗစ္ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြၾကား က်င္းပမယ့္ ေရြးေကာက္ပဲြမွာ သက္ႀကီးပုိင္းေတြ၊ မဲဆႏၵနယ္ေျမျပင္ပ ေရာက္ေနသူေတြနဲ႔ ႏုိင္ငံ၀န္ထမ္းေတြ အပါအ၀င္ ေရြးေကာက္ပဲြေန႔မွာ မဲေပးဖို႔ အခက္အခဲရွိသူေတြကုိ ၾကာသပေတးေန႔ကစၿပီး ႀကိဳတင္မဲေပးခြင့္ ျပဳထားတာပါ။ ဒါေပမဲ့လည္း ႀကိဳတင္မဲေပးရာမွာ ေရြးေကာက္ပဲြ ေကာ္မရွင္ တံဆိပ္တုံးအတု အသုံးျပဳတာ၊ မဲစာအိတ္ေတြ ေပါက္ၿပဲတာ၊ မဲဆႏၵရွင္ကုိယ္စား မဲေပးတာေတြ အပါအ၀င္ ေရြးေကာက္ပဲြဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ မညီတဲ့ လုပ္ရပ္ေတြ ရွိေနတယ္ဆုိၿပီး တုိင္ၾကားမႈေတြလည္း ရွိေနပါတယ္။

ႏို၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန္႔မွန္းထားေပမဲ့ လြတ္လပ္မွ်တတဲ့ အေျခအေနမရွိဘူးဆုိၿပီး တုိင္းနဲ႔ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကုိ ေရြးေကာက္ပဲြ မက်င္းပဖုိ႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန္႔မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံး႐ႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကြိုတင်မဲအငြင်းပွားသည့်နေရာတချို့ ပြန်လည်မဲပေးခွင့်ပြုမည်

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ အငြင်းပွားစရာ ကြုံခဲ့ရတဲ့ မြို့နယ်တချို့မှာ နောက်တကြိမ် ပြန်လည်မဲပေးခွင့်ပြုဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိသူတွေ ကြိုတင်မဲပေးခွင့် စပေးခဲ့တဲ့ နေ့မှာပဲ အငြင်းပွားစရာတွေ ကြုံခဲ့ရတာကြောင့် လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ မဲပြန်ပေးခွင့်ရအောင် ကော်မရှင်က ပြင်ဆင်နေတာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေ အပါအဝင် ကြိုတင်မဲပေးရာမှာ ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာက ရပ်ကွက်နဲ့ ကျေးရွာကော်မရှင်ဥက္ကဋ္ဌက မဲဆန္ဒရှင်တွေကိုယ်စား မဲပြားတွေမှာ တံဆိပ်တုံးထုပေးခဲ့တယ်ဆိုပြီး မကျေနပ်ကြရာက လူစုလူဝေးဖြစ်ပွားခဲ့တာပါ။ အငြင်းပွားမှု ဖြစ်ခဲ့တဲ့ ဆန္ဒမဲတွေကို ပယ်မဲအဖြစ် သတ်မှတ်လိုက်ပြီး နောက်တကြိမ် မဲပေးခွင့်ပြုဖို့ မကွေးတိုင်း ကော်မရှင်ကို တင်ပြထားတယ်လို့လည်း ပခုက္ကူခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောပါတယ်။

“မဲပေးဖြစ်မှာပါဗျ၊ ဒီနေ့ကတော့ ၃ ရက်နေ့လို့ ကျနော်တို့က တင်ပြချက်ထဲမှာပါတယ်။ ဒီနေ့ကတော့ နေ့ခင်းပိုင်းထိရောက်တဲ့အတွက် ဖြစ်နိုင်အောင် လုပ်ပြီးတော့ မနက်ဖြန် မြို့နယ်ကို ကျနော်တို့ အကြောင်းကြားလိုက်မယ် ပြီးရင် မဲပေးခွင့်ပေးလိုက်မယ်။ ဟုတ်ကဲ့.. ပယ်မဲအဖြစ်သတ်မှတ်လိုက်မှာပါဗျ။ အသစ်တဖန် အဲ့ ၄၀ ဦးလုံးက မဲဆန္ဒရှင်က ပြန်လည်ပေးခွင့်မဆုံးရှုံးအောင် ပြန်ပေးခွင့်ပြုလိုက်မှာပါ။”

ရေစကြိုမြို့နယ်မှာ ကြိုတင်မဲပေးရာမှာလည်း မဲလက်မှတ်စာအုပ်မှာ မြို့နယ်နှစ်ခုရဲ့ မဲလက်မှတ်တွေ ရောနှောပါဝင်နေတာကြောင့် အမှားအယွင်းတွေ ကြုံခဲ့ရတဲ့အတွက် မဲပြန်ပေးဖို့ စီစဉ်ခဲ့တယ်လို့လည်း ပခုက္ကူခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောပါတယ်။

လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်မြေ တော်တော်များများ ပယ်ဖျက်ထားတဲ့ ရခိုင်ပြည်နယ်က မဲပေးခွင့်ရတဲ့ သံတွဲမြို့နယ်မှာလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာ ကြိုတင်မဲလက်မှတ်တွေ မှားယွင်းမှုတွေ ကြုံခဲ့ရတာပါ။ တခြားမြို့နယ်က မဲလက်မှတ်တွေနဲ့ ရောထွေးပြီး အမှားအယွင်းတွေ ဖြစ်ခဲ့တဲ့အတွက် ပြန်မဲပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း သံတွဲခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်သိန်းက ပြောပါတယ်။

ဒါပေမဲ့လည်း ကော်မရှင်ရဲ့ အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း ပြောပါတယ်။

“NLD က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းဆိုတာ သူကနေပြီးတော့ ဒီဟာကို ကန့်ကွက်လွှာတင်တယ်။ တင်တဲ့အတွက် ပြည်နယ်ကလည်ပဲ အဲ့ဒီဟာကို uec ပေါ့ ပြည်ထောင်စုကော်မရှင်ကို တင်ထားတယ်။ ပြည်ထောင်စု ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဟာကို နဂိုပေးတဲ့အတိုင်းပဲ ရေတွက်လိုက်မလာ ဒါမှမဟုတ် အရင်အမျိုးသားလွှတ်တော်မှားသွားတဲ့ဟာကို ပယ်ဖျက်ပြီးတော့အခါမှ အသစ်လုပ်ခိုင်းမလားဆိုတာ ညွှန်ကြားချက်မလာသေးဘူးခင်ဗျာ။”

ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပမယ့် ရွေးကောက်ပွဲမှာ သက်ကြီးပိုင်းတွေ၊ မဲဆန္ဒနယ်မြေပြင်ပ ရောက်နေသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အပါအဝင် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိသူတွေကို ကြာသပတေးနေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုထားတာပါ။ ဒါပေမဲ့လည်း ကြိုတင်မဲပေးရာမှာ ရွေးကောက်ပွဲ ကော်မရှင် တံဆိပ်တုံးအတု အသုံးပြုတာ၊ မဲစာအိတ်တွေ ပေါက်ပြဲတာ၊ မဲဆန္ဒရှင်ကိုယ်စား မဲပေးတာတွေ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီတဲ့ လုပ်ရပ်တွေ ရှိနေတယ်ဆိုပြီး တိုင်ကြားမှုတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG