သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္လူနာေတြနဲ႔ သြားလာမႈ ကန္႔သတ္ခံထားရသူေတြ ႀကိဳတင္မဲေပးခြင့္ရမည္


ေအာက္တိုဘာ ၂၉ ရက္ေန႔က ႀကိဳတင္မဲေပးေနၾကသည့္ ေစတနာ့၀န္ထမ္းမ်ား ။

[Zawgyi/Unicode]

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးခြင့္ရွိသူေတြထဲက ကိုဗစ္အတည္ျပဳလူနာေတြနဲ႔ အသြားအလာ ကန႔္သတ္ခံရသူေတြ စတင္မဲေပးႏုိင္ေတာ့မယ့္အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

ေရြးေကာက္ပဲြ က်င္းပဖုိ႔ ရက္ပုိင္းအလုိမွာပဲ ကုိဗစ္ကပ္ေရာဂါ ကူးစက္ခံရသူေတြ၊ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ ခံေနရသူေတြ မဲေပးခြင့္ရေအာင္ ေရြးေကာက္ပဲြ တာ၀န္ရွိသူေတြ စီစဥ္ေနၾကပါတယ္။ ကပ္ေရာဂါကူးစက္မႈ တတိယအမ်ားဆုံးျဖစ္ေနတဲ့ ပဲခူးတိုင္းမွာေတာ့ ကုိဗစ္ေရာဂါကူးစက္ခံရတာေၾကာင့္ ေဆး႐ုံတက္ေနရတဲ့ လူနာေတြနဲ႔ အသြားအလာကန္႔သတ္ၿပီး သီးသန္႔ေစာင့္ၾကည့္ စစ္ေဆးခံရသူေတြကုိ လာမယ့္ ႏုိ၀င္ဘာလ ၈ ရက္ ေရြးေကာက္ပဲြေန႔ မတိုင္ခင္ ၂ ရက္အလိုမွာ ႀကိဳတင္မဲေကာက္ခံသြားမယ္လို႔ ပဲခူးတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုးက VOA ကိုေျပာပါတယ္။

“Quarantine Center နဲ႔ ေဆး႐ုံကလူေတြက်ေတာ့ ေ႐ြးေကာ္ကေနၿပီးေတာ့ မဲလက္မွတ္သြားေပး႐ုံပဲ။ အဲဒီမွာ အဖြဲ႕ရွိတယ္၊ အဲဒီအဖြဲ႕ကို အပ္လိုက္ရင္ သူတို႔က ယူေပးမယ္။ အဲဒီလူက သူ႔ကို ဘယ္သူ႔မဲေပးခ်င္လဲဆိုတာကို အကာအရံၾကားထဲကျပမယ္၊ တံဆိပ္တုံးထုမယ္၊ ထုၿပီးရင္ ကာယကံရွင္လူနာကို ျပန္ျပၿပီးရင္ အဲဒါကိုစာအိတ္ထဲထည့္ၿပီးေတာ့ လာေကာက္တဲ့သူဆီ ျပန္ေပးလိုက္႐ုံပဲ။”

ကိုဗစ္ပိုးေတြ႕သူ ထပ္တိုးလာတဲ့ မႏၲေလးတိုင္းအတြင္းမွာလည္း အသက္အ႐ြယ္ႀကီးသူ မဲဆႏၵရွင္ေတြကို အိမ္တိုင္ရာေရာက္ ႀကိဳတင္မဲေကာက္ယူေနသလို၊ ကိုဗစ္ေၾကာင့္ သတ္မွတ္ေနရာေတြမွာ အသြားအလာကန႔္သတ္ခံရသူေတြနဲ႔ ေဆး႐ုံတက္လူနာေတြကိုပါ ေ႐ြးေကာက္ပြဲရက္မတိုင္ခင္ ဆႏၵမဲေကာက္ယူေနတယ္လို႔ မႏၲေလးတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးေက်ာ္ေက်ာ္စိုးက ေျပာပါတယ္။

“ဦးေရရွိတိုင္းလည္း သူတို႔ကေပးတာေတာ့ မဟုတ္ဘူး။ သူတို႔ (Quarantine Center) ေပးတဲ့စာရင္းကိုပဲ က်ေနာ္တို႔က ႀကိဳတင္မဲလုပ္ေနတာ။ (အိမ္အေရာက္ႀကိဳတင္မဲက) သူတို႔ကမေခၚပဲနဲ႔ က်ေနာ္တို႔က သြားရတဲ့အတြက္ အိမ္ေရာက္ရင္ မဲေပးခ်င္လား၊ က်ေနာ္တို႔ကို မဲေပးလို႔ေတာ့ ရပါတယ္။ ၆၀ ေက်ာ္တဲ့အတြက္ အိမ္တိုင္ရာေရာက္ လာေကာက္ပါတယ္၊ ေပးခ်င္လည္းရတယ္။ မေပးခ်င္လည္းရတယ္ေပါ့၊ ရွင္းျပၿပီးမွ သူတို႔ကေပးခ်င္တယ္ဆိုမွ အဲဒါစစ္ေဆးၿပီး မဲလက္မွတ္ထုတ္ေပးတာပါ။”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ကပ္ေရာဂါကာလမွာ မဲေပးခြင့္ရွိသူတိုင္း အခြင့္အေရးမဆုံးရႈံးေစဖို႔ ႀကိဳတင္မဲေပးႏိုင္ဖို႔ကို စီစဥ္ေဆာင္႐ြက္ေပးေနတယ္လို႔ အြန္လိုင္းကေနတဆင့္ ေျပာထားပါတယ္။

“ႀကိဳတင္မဲေတြနဲ႔ပတ္သက္လို႔ က်မတို႔ ေဆး႐ုံေတြမွာ၊ Quarantine Center ေတြမွာလည္း ျပည္သူေတြရဲ႕အခြင့္အေရး မဆုံးရႈံးရေအာင္လို႔ ႀကိဳတင္မဲေတြေပးႏိုင္ဖို႔အတြက္ စီစဥ္ထားတာေတြ ရွိပါတယ္။ ဒါေၾကာင့္ ဒီအစီအစဥ္ေတြကို အေဟာသိကံ မျဖစ္ရေအာင္ က်မတို႔ျပည္သူ ျပည္သားေတြအားလုံး၊ မဲေပးခြင့္ရွိတဲ့ ျပည္သူမ်ားအားလုံးက ဒီအစီအစဥ္ေတြအရ မဲေပးေစခ်င္ပါတယ္။”

ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြလည္း ရွိေနၿပီး မဲေပးခြင့္ရွိသူကေတာ့ ၃၇ သန္းေက်ာ္ရွိေနပါတယ္။ ေ႐ြးေကာက္ပြဲရက္မတိုင္ခင္ ႀကိဳတင္မဲေပးသူေတြအေနနဲ႔ အဆင္ေျပမႈရွိၾကသလို၊ တခ်ိဳ႕နယ္ေျမေတြမွာလည္း မဲစာအိတ္ေတြ ေပါက္ၿပဲတာနဲ႔ မဲေပးရာမွာသုံးတဲ့ တံဆိပ္တုံးေတြ အတုနဲ႔ လဲလွယ္ထားတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနၿပီး ေလ့လာသူေတြကေတာ့ ဒီအေပၚမွာ စိုးရိမ္မႈေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိသူတွေထဲက ကိုဗစ်အတည်ပြုလူနာတွေနဲ့ အသွားအလာ ကန့်သတ်ခံရသူတွေ စတင်မဲပေးနိုင်တော့မယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေ၊ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေရသူတွေ မဲပေးခွင့်ရအောင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေ စီစဉ်နေကြပါတယ်။ ကပ်ရောဂါကူးစက်မှု တတိယအများဆုံးဖြစ်နေတဲ့ ပဲခူးတိုင်းမှာတော့ ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် ဆေးရုံတက်နေရတဲ့ လူနာတွေနဲ့ အသွားအလာကန့်သတ်ပြီး သီးသန့်စောင့်ကြည့် စစ်ဆေးခံရသူတွေကို လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့ မတိုင်ခင် ၂ ရက်အလိုမှာ ကြိုတင်မဲကောက်ခံသွားမယ်လို့ ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက VOA ကိုပြောပါတယ်။

“Quarantine Center နဲ့ ဆေးရုံကလူတွေကျတော့ ရွေးကော်ကနေပြီးတော့ မဲလက်မှတ်သွားပေးရုံပဲ။ အဲဒီမှာ အဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့ကို အပ်လိုက်ရင် သူတို့က ယူပေးမယ်။ အဲဒီလူက သူ့ကို ဘယ်သူ့မဲပေးချင်လဲဆိုတာကို အကာအရံကြားထဲကပြမယ်၊ တံဆိပ်တုံးထုမယ်၊ ထုပြီးရင် ကာယကံရှင်လူနာကို ပြန်ပြပြီးရင် အဲဒါကိုစာအိတ်ထဲထည့်ပြီးတော့ လာကောက်တဲ့သူဆီ ပြန်ပေးလိုက်ရုံပဲ။”

ကိုဗစ်ပိုးတွေ့သူ ထပ်တိုးလာတဲ့ မန္တလေးတိုင်းအတွင်းမှာလည်း အသက်အရွယ်ကြီးသူ မဲဆန္ဒရှင်တွေကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူနေသလို၊ ကိုဗစ်ကြောင့် သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ခံရသူတွေနဲ့ ဆေးရုံတက်လူနာတွေကိုပါ ရွေးကောက်ပွဲရက်မတိုင်ခင် ဆန္ဒမဲကောက်ယူနေတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

“ဦးရေရှိတိုင်းလည်း သူတို့ကပေးတာတော့ မဟုတ်ဘူး။ သူတို့ (Quarantine Center) ပေးတဲ့စာရင်းကိုပဲ ကျနော်တို့က ကြိုတင်မဲလုပ်နေတာ။ (အိမ်အရောက်ကြိုတင်မဲက) သူတို့ကမခေါ်ပဲနဲ့ ကျနော်တို့က သွားရတဲ့အတွက် အိမ်ရောက်ရင် မဲပေးချင်လား၊ ကျနော်တို့ကို မဲပေးလို့တော့ ရပါတယ်။ ၆၀ ကျော်တဲ့အတွက် အိမ်တိုင်ရာရောက် လာကောက်ပါတယ်၊ ပေးချင်လည်းရတယ်။ မပေးချင်လည်းရတယ်ပေါ့၊ ရှင်းပြပြီးမှ သူတို့ကပေးချင်တယ်ဆိုမှ အဲဒါစစ်ဆေးပြီး မဲလက်မှတ်ထုတ်ပေးတာပါ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကပ်ရောဂါကာလမှာ မဲပေးခွင့်ရှိသူတိုင်း အခွင့်အရေးမဆုံးရှုံးစေဖို့ ကြိုတင်မဲပေးနိုင်ဖို့ကို စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ အွန်လိုင်းကနေတဆင့် ပြောထားပါတယ်။

“ကြိုတင်မဲတွေနဲ့ပတ်သက်လို့ ကျမတို့ ဆေးရုံတွေမှာ၊ Quarantine Center တွေမှာလည်း ပြည်သူတွေရဲ့အခွင့်အရေး မဆုံးရှုံးရအောင်လို့ ကြိုတင်မဲတွေပေးနိုင်ဖို့အတွက် စီစဉ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီအစီအစဉ်တွေကို အဟောသိကံ မဖြစ်ရအောင် ကျမတို့ပြည်သူ ပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိတဲ့ ပြည်သူများအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။”

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူတွေလည်း ရှိနေပြီး မဲပေးခွင့်ရှိသူကတော့ ၃၇ သန်းကျော်ရှိနေပါတယ်။ ရွေးကောက်ပွဲရက်မတိုင်ခင် ကြိုတင်မဲပေးသူတွေအနေနဲ့ အဆင်ပြေမှုရှိကြသလို၊ တချို့နယ်မြေတွေမှာလည်း မဲစာအိတ်တွေ ပေါက်ပြဲတာနဲ့ မဲပေးရာမှာသုံးတဲ့ တံဆိပ်တုံးတွေ အတုနဲ့ လဲလှယ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး လေ့လာသူတွေကတော့ ဒီအပေါ်မှာ စိုးရိမ်မှုတွေရှိနေပါတယ်။

XS
SM
MD
LG