သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အေရး ႏုိင္ငံစံုညီလာခံတခု ကုလသမဂၢက်င္းပမယ္


ကိုဗစ္ေရာဂါရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦးကို အိႏၵိယႏိုင္ငံ New Delhi ၿမိဳ႕မွာ ေတြ႕ရ။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ႏုိင္ငံေပါင္းစုံက ထိပ္တန္းတာ၀န္ရွိသူေတြ တက္ေရာက္မယ့္ COVID-19 ေရာဂါအေရး ကုလသမဂၢညီလာခံတရပ္ကို ေရွ႕လမွာ က်င္းပသြားဖို႔ ကုလသမဂၢအဖဲြ႔၀င္ ႏုိင္ငံေတြ မဲခဲြဆုံးျဖတ္လိုက္ပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈေတြနဲ႔ ဗုိင္းရပ္စ္ေၾကာင့္ လူမႈအသိုင္းအ၀ိုင္းေတြ၊ စီးပြားေရလုပ္ငန္းေတြ နဲ႔ ကုန္သြယ္ေရးေတြအေပၚမွာ ဘယ္တုန္းက မႀကဳံဖူးေလာက္ေအာင္ျဖစ္လာေနတဲ့ ဂယက္႐ုိက္ခတ္မႈေတြကို တုံ႔ျပန္ဖို႔ လာမယ့္ ဒီဇင္ဘာ ၃ ရက္ နဲ႔ ၄ ရက္ေန႔ေတြမွာ ညီလာခံ တရပ္က်င္းပဖို႔ ကုလသမဂၢမွာ မဲေပးဆံုးျဖတ္ခဲ့ၾကတာပါ။

ဒီညီလာခံကို က်င္းပဖို႔ ေထာက္ခံမဲ ၁၅၀ နဲ႔ ကန္႔ကြက္မဲမရွိ ဆုံးျဖတ္ခ်က္တရပ္ ခ်မွတ္ႏိုင္ခဲ့ၿပီး အေမရိကန္၊ အစၥေရးလ္နဲ႔ အာေမးနီးယားႏုိင္ငံေတြကေတာ့ မဲမေပးခဲ့ၾကပါဘူး။

အဲဒီအစည္းအေ၀းအတြင္းမွာေတာ့ ဗီဒီယိုေတြနဲ႔ ႀကိဳတင္႐ုိက္ကူးထားတဲ့ မိန္႔ခြန္းေတြ နဲ႔ ကမာ႔ၻက်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အႀကီးအကဲ ဦးေဆာင္တဲ့ တင္ျပေဆြးေႏြးမႈေတြ ပါ၀င္မွာျဖစ္ပါတယ္။

ဒီညီလာခံဟာ ႏုိင္ငံေပါင္းစုံက ထိပ္တန္းတာ၀န္ရွိသူေတြ ပါ၀င္တက္ေရာက္မယ့္ ညီလာခံျဖစ္ၿပီး သမုိုင္း၀င္အခ်ိန္ျဖစ္သလို ႏုိင္ငံစုံ၀ါဒအတြက္ စမ္းသပ္မႈျဖစ္တယ္လို႔ ကုလသမဂၢအေထြေထြညီလာခံ သဘာပတိ Volkan Bozkir က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အရေး နိုင်ငံစုံညီလာခံတခု ကုလသမဂ္ဂကျင်းပမယ်

နိုင်ငံပေါင်းစုံက ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်မယ့် COVID-19 ရောဂါအရေး ကုလသမဂ္ဂညီလာခံတရပ်ကို ရှေ့လမှာ ကျင်းပသွားဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေနဲ့ ဗိုင်းရပ်စ်ကြောင့် လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေလုပ်ငန်းတွေ နဲ့ ကုန်သွယ်ရေးတွေအပေါ်မှာ ဘယ်တုန်းက မကြုံဖူးလောက်အောင်ဖြစ်လာနေတဲ့ ဂယက်ရိုက်ခတ်မှုတွေကို တုံ့ပြန်ဖို့ လာမယ့် ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ညီလာခံ တရပ်ကျင်းပဖို့ ကုလသမဂ္ဂမှာ မဲပေးဆုံးဖြတ်ခဲ့ကြတာပါ။

ဒီညီလာခံကို ကျင်းပဖို့ ထောက်ခံမဲ ၁၅၀ နဲ့ ကန့်ကွက်မဲမရှိ ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ခဲ့ပြီး အမေရိကန်၊ အစ္စရေးလ်နဲ့ အာမေးနီးယားနိုင်ငံတွေကတော့ မဲမပေးခဲ့ကြပါဘူး။

အဲဒီအစည်းအဝေးအတွင်းမှာတော့ ဗီဒီယိုတွေနဲ့ ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းတွေ နဲ့ ကမာ့္ဘကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ ဦးဆောင်တဲ့ တင်ပြဆွေးနွေးမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီညီလာခံဟာ နိုင်ငံပေါင်းစုံက ထိပ်တန်းတာဝန်ရှိသူတွေ ပါဝင်တက်ရောက်မယ့် ညီလာခံဖြစ်ပြီး သမိုင်းဝင်အချိန်ဖြစ်သလို နိုင်ငံစုံဝါဒအတွက် စမ်းသပ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ Volkan Bozkir က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG