သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ ဥေရာပမွာ ကိုဗစ္ကူးစက္မႈ ျပင္းထန္ေန


ခ်က္သမၼတႏိုင္ငံ Brno ၿမိဳ႕ရွိ ေဆးရံုတခုမွာ ကိုဗစ္လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ မေန႔ၾကာသပေတးေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရ ၁၁၇,၀၀၀ ေက်ာ္နဲ႔ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္မႈႏႈန္း အမ်ားဆုံး စံခ်ိန္တင္ခဲ့ပါတယ္။ အေမရိကန္မွာ သမၼတေရြးေကာက္ပဲြ ရလဒ္ကုိ ေစာင့္ေနခ်ိန္မွာပဲ ဗုိင္းရပ္စ္ကူးစက္မႈေတြ အလ်င္အျမန္ တိုးလာေနတယ္ဆုိတဲ့ သတင္းေတြ ထြက္လာေနတာပါ။

"ဗုိင္းရပ္စ္က က်ေနာ္တုိ႔ အားလုံးဆီကို လာေနပါတယ္။ က်ေနာ္တုိ႔အေနနဲ႔ ေဒၚနယ္လ္ဒ္ ထရမ့္ပ္အတြက္ မဲေပးတာပဲျဖစ္ျဖစ္၊ ဂ်ိဳး ဘိုင္ဒန္အတြက္ မဲေပးတာပဲျဖစ္ျဖစ္ ဗုိင္းရပ္စ္ကေတာ့ ဂ႐ုမစိုက္ပါဘူး။" လို႔ Ohio ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Mike DeWine က ေျပာပါတယ္။ ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ အထူးသျဖင့္ အေမရိကန္အလယ္ပိုင္းျပည္နယ္ေတြမွာ ပ်ံ႕ႏွံ႔လာေနတာျဖစ္ပါတယ္။ အခုဆုိရင္ အေမရိကန္မွာ ဗုိင္းရပ္စ္ကူးစက္သူ ၉.၆ သန္းနဲ႔ ကမာၻတ၀န္းမွာ ၄၈.၆ သန္း ေက်ာ္ရွိပါတယ္။

ဒါ့အျပင္ ဥေရာပႏုိင္ငံမွာေတြမွာလည္း ဗုိင္းရပ္စ္ကူးစက္မႈေတြ ျပန္ျမင့္တက္လာေနတာေၾကာင့္ အစိုးရေတြအေနနဲ႔ ကန္႔သတ္မႈအသစ္ေတြ ျပန္ခ်မွတ္လာေနပါတယ္။ အဂၤလန္မွာေတာ့ ၁ လၾကာ လူေတြကို အိမ္ထဲကေန အျပင္မထြက္ဖို႔ အမိန္႔ထုတ္ျပန္လိုက္ၿပီး ဂရိနုိင္ငံကလည္း ၿပီးခဲ့တဲ့ စေနေန႔ကစၿပီး သီတင္းပတ္ ၃ ပတ္ အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္လိုက္ပါတယ္။

ျပင္သစ္ႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၅၈,၀၂၄ ေယာက္ရွိတဲ့အတြက္ ေန႔စဥ္ကူးစက္မႈမွာ စံခ်ိန္တင္ခဲ့ၿပီး ကူးစက္သူ ၁.၆ သန္း ေက်ာ္နဲ႔ ဥေရာပမွာ ကူးစက္မႈအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။ တကၠသိုလ္ေတြကို အင္တာနက္အြန္လိုင္းကေန အေ၀းသင္အျဖစ္သင္ၾကဖို႔ မရွိမျဖစ္မလိုအပ္တဲ့ စာၾကည့္တုိက္ေတြ၊ ေကာ္ဖီဆုိင္ေတြ၊ အရက္ဘားေတြ၊ စားေသာက္ဆုိင္ေတြနဲ႔ အားကစားေလ့က်င့္႐ံုေတြကို ပိတ္ဖို႔ ညႊန္ၾကားထားပါတယ္။ စည္းမ်ဥ္းသစ္ေတြအရ အသက္ ၆ ႏွစ္ နဲ႔ အထက္ ေက်ာင္းသားေတြအကုန္လုံး ႏွာေခါင္းစည္းတပ္ရမွာျဖစ္ပါတယ္။

အီတလီမွာလည္း အဂၤါေန႔ကစၿပီး ည ၁၀ နာရီကေန မနက္ ၅ နာရီအထိ ညမထြက္ရအမိန္႔ ထုတ္ျပန္လိုက္ပါတယ္။ စပိန္မွာလည္း လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၉,၆၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၃၆၈ ေယာက္ရွိၿပီး စုစုေပါင္း ကူးစက္သူ ၁.၃ သန္း ေက်ာ္နဲ႔ ေသဆုံးသူ ၃၈,၄၈၆ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်နဲ့ ဥရောပမှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေ

အမေရိကန်ပြည်ထောင်စုမှာ မနေ့ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၁၇,၀၀၀ ကျော်နဲ့ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်မှာ သမ္မတရွေးကောက်ပွဲ ရလဒ်ကို စောင့်နေချိန်မှာပဲ ဗိုင်းရပ်စ်ကူးစက်မှုတွေ အလျင်အမြန် တိုးလာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေတာပါ။

"ဗိုင်းရပ်စ်က ကျနော်တို့ အားလုံးဆီကို လာနေပါတယ်။ ကျနော်တို့အနေနဲ့ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အတွက် မဲပေးတာပဲဖြစ်ဖြစ်၊ ဂျိုး ဘိုင်ဒန်အတွက် မဲပေးတာပဲဖြစ်ဖြစ် ဗိုင်းရပ်စ်ကတော့ ဂရုမစိုက်ပါဘူး။" လို့ Ohio ပြည်နယ်အုပ်ချုပ်ရေးမှူး Mike DeWine က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ အထူးသဖြင့် အမေရိကန်အလယ်ပိုင်းပြည်နယ်တွေမှာ ပျံ့နှံ့လာနေတာဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၉.၆ သန်းနဲ့ ကမ္ဘာတဝန်းမှာ ၄၈.၆ သန်း ကျော်ရှိပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံမှာတွေမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်မြင့်တက်လာနေတာကြောင့် အစိုးရတွေအနေနဲ့ ကန့်သတ်မှုအသစ်တွေ ပြန်ချမှတ်လာနေပါတယ်။ အင်္ဂလန်မှာတော့ ၁ လကြာ လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး ဂရိနိုင်ငံကလည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး သီတင်းပတ် ၃ ပတ် အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၅၈,၀၂၄ ယောက်ရှိတဲ့အတွက် နေ့စဉ်ကူးစက်မှုမှာ စံချိန်တင်ခဲ့ပြီး ကူးစက်သူ ၁.၆ သန်း ကျော်နဲ့ ဥရောပမှာ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ တက္ကသိုလ်တွေကို အင်တာနက်အွန်လိုင်းကနေ အဝေးသင်အဖြစ်သင်ကြဖို့ မရှိမဖြစ်မလိုအပ်တဲ့ စာကြည့်တိုက်တွေ၊ ကော်ဖီဆိုင်တွေ၊ အရက်ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ အားကစားလေ့ကျင့်ရုံတွေကို ပိတ်ဖို့ ညွှန်ကြားထားပါတယ်။ စည်းမျဉ်းသစ်တွေအရ အသက် ၆ နှစ် နဲ့ အထက် ကျောင်းသားတွေအကုန်လုံး နှာခေါင်းစည်းတပ်ရမှာဖြစ်ပါတယ်။

အီတလီမှာလည်း အင်္ဂါနေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ စပိန်မှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၉,၆၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၈ ယောက်ရှိပြီး စုစုပေါင်း ကူးစက်သူ ၁.၃ သန်း ကျော်နဲ့ သေဆုံးသူ ၃၈,၄၈၆ ယောက်ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG