သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပႏိုင္ငံမ်ား ေန႔စဥ္ ကုိဗစ္ကူးစက္မႈ စံခ်ိန္တင္လာ


ၿဗိတိန္ႏုိင္ငံမွာ COVID-19 ကူးစက္မႈ ကာကြယ္ႏုိင္ေရး ခပ္ခြာခြာေနဖို႔ သတိေပးဆုိင္းဘုတ္အနီး ျဖတ္သြားသူတဦး။ (ေအာက္တိုဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ဥေရာပႏုိင္ငံေတြဘက္မွာလည္း ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္လာေနၿပီး မေန႔ ေသာၾကာေန႔ကေတာ့ ျပင္သစ္၊ အီတလီနဲ႔ ႐ုရွားႏုိင္ငံမွာေတာ့ ေန႔စဥ္ကူးစက္မႈႏႈန္းေတြ စံခ်ိန္တင္ခဲ့ပါတယ္။

ျပင္သစ္ႏုိင္ငံမွာ ၾကာသပေတးေန႔က ကူးစက္သူ ၅၈,၀၀၀ နဲ႔ ေန႔စဥ္ကူးစက္မႈႏႈန္း အမ်ားဆုံး စံခ်ိန္တင္ခဲ့ၿပီးတဲ့ေနာက္ မေန႔ကေတာ့ ကူးစက္သူ ၆၀,၄၈၆ ေယာက္ရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္းမွာ ထပ္ၿပီးေတာ့ စံခ်ိန္တင္ခဲ့ပါတယ္။ ဒါ့အျပင္ ေသဆုံးသူလည္း ေနာက္ထပ္ ၈၂၈ ေယာက္ ရွိခဲ့ပါတယ္။

အီတလီမွာေတာ့ မေန႔က ကူးစက္သူ ၃၇,၈၀၉ ေယာက္နဲ႔ ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံး စံခ်ိန္တင္ခဲ့ၿပီး ႐ုရွားႏုိင္ငံမွာလည္း ကူးစက္သူ ၂၀,၅၈၂ ေယာက္နဲ႔ အမ်ားဆုံး စံခ်ိန္တင္ခဲ့ပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနတာေၾကာင့္ ၿဗိတိန္ႏုိင္ငံက ၾကာသပေတးေန႔ကစၿပီး သီတင္းပတ္ ၄ ပတ္ၾကာ လူေတြကို အျပင္မထြက္ၾကဘဲ အိမ္ထဲမွာေနၾကဖို႔ ကန္႔သတ္လိုက္သလို ဂရိႏုိင္ငံကလည္း ဒီေန႔ကစၿပီး သီတင္းပတ္ ၃ ပတ္ အျပင္မထြက္ၾကဖို႔ ကန္႔သတ္လိုက္ပါတယ္။

ဒါ့အျပင္ ဒိန္းမတ္ႏုိင္ငံက သားေမြးထုတ္တဲ့ေနရာ ၂ ခုမွာ ဗုိင္းရပ္စ္ကူးစက္မႈ ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္ ဒိန္းမတ္ႏုိင္ငံကေန ၿဗိတိန္ႏိုင္ငံကို လာမယ့္သူေတြအေနနဲ႔ ၁၄ ရက္ၾကာ သီးသန္႔ခဲြေနရမွာျဖစ္တယ္လို႔ ကန္႔သတ္လိုက္ပါတယ္။

ဒိန္းမတ္ႏုိင္ငံက သားေမြးထုတ္တဲ့ Mink အေကာင္ေလးေတြမွာ သေႏၶေျပာင္းေနတဲ့ ကို႐ိုနာဗုိင္းရပ္စ္ ပုံစံမ်ိဳးေတြ ေတြ႔ရၿပီးတဲ့ေနာက္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ Mink ေကာင္ေရ ၁၅ သန္းေက်ာ္ကို သုတ္သင္သြားမွာျဖစ္တယ္လို႔ ဒိန္းမတ္ႏုိင္ငံက ေၾကညာပါတယ္။

အဲဒီသားေမြးထုတ္တဲ့ ေျမာက္ပိုင္းေဒသက လူ ၂ သိန္းခဲြေက်ာ္ကိုလည္း အိမ္ထဲကေန အျပင္မထြက္ၾကဖို႔ အာဏာပိုင္ေတြက အမိန္႔ထုတ္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ဥရောပနိုင်ငံများ နေ့စဉ် ကိုဗစ်ကူးစက်မှု စံချိန်တင်လာ

ဥရောပနိုင်ငံတွေဘက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေပြီး မနေ့ သောကြာနေ့ကတော့ ပြင်သစ်၊ အီတလီနဲ့ ရုရှားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းတွေ စံချိန်တင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြာသပတေးနေ့က ကူးစက်သူ ၅၈,၀၀၀ နဲ့ နေ့စဉ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့ပြီးတဲ့နောက် မနေ့ကတော့ ကူးစက်သူ ၆၀,၄၈၆ ယောက်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ ထပ်ပြီးတော့ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် သေဆုံးသူလည်း နောက်ထပ် ၈၂၈ ယောက် ရှိခဲ့ပါတယ်။

အီတလီမှာတော့ မနေ့က ကူးစက်သူ ၃၇,၈၀၉ ယောက်နဲ့ နေ့စဉ်ကူးစက်မှုမှာ အများဆုံး စံချိန်တင်ခဲ့ပြီး ရုရှားနိုင်ငံမှာလည်း ကူးစက်သူ ၂၀,၅၈၂ ယောက်နဲ့ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ဗြိတိန်နိုင်ငံက ကြာသပတေးနေ့ကစပြီး သီတင်းပတ် ၄ ပတ်ကြာ လူတွေကို အပြင်မထွက်ကြဘဲ အိမ်ထဲမှာနေကြဖို့ ကန့်သတ်လိုက်သလို ဂရိနိုင်ငံကလည်း ဒီနေ့ကစပြီး သီတင်းပတ် ၃ ပတ် အပြင်မထွက်ကြဖို့ ကန့်သတ်လိုက်ပါတယ်။

ဒါ့အပြင် ဒိန်းမတ်နိုင်ငံက သားမွေးထုတ်တဲ့နေရာ ၂ ခုမှာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒိန်းမတ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို လာမယ့်သူတွေအနေနဲ့ ၁၄ ရက်ကြာ သီးသန့်ခွဲနေရမှာဖြစ်တယ်လို့ ကန့်သတ်လိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံက သားမွေးထုတ်တဲ့ Mink အကောင်လေးတွေမှာ သန္ဓေပြောင်းနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပုံစံမျိုးတွေ တွေ့ရပြီးတဲ့နောက် ကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ Mink ကောင်ရေ ၁၅ သန်းကျော်ကို သုတ်သင်သွားမှာဖြစ်တယ်လို့ ဒိန်းမတ်နိုင်ငံက ကြေညာပါတယ်။

အဲဒီသားမွေးထုတ်တဲ့ မြောက်ပိုင်းဒေသက လူ ၂ သိန်းခွဲကျော်ကိုလည်း အိမ်ထဲကနေ အပြင်မထွက်ကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG