သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံ ၈ ႏုိင္ငံကလူေတြ တ႐ုတ္ ျပည္ဝင္ခြင့္ ယာယီပိတ္ပင္


တရုတ္ႏိုင္ငံ Beijing ၿမိဳ႕ရွိ ေလယာဥ္ကြင္း တခုမွာ က်န္းမာေရးဝန္ထမ္းမ်ား ေစာင့္ၾကပ္ေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ဥေရာပနဲ႔ ကမာၻတ၀န္းက တျခားေနရာေတြမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ ဗုိင္းရပ္စ္ ကူးစက္မႈ စတင္ခဲ့တဲ့ တ႐ုတ္နုိင္ငံကေတာ့ အနည္းဆုံးႏုိင္ငံ ၈ ႏုိင္ငံကလူေတြကို သူ႔ႏုိင္ငံကို ၀င္ေရာက္ခြင့္ ယာယီပိတ္ပင္လိုက္ပါတယ္။ ႐ုရွား၊ ျပင္သစ္၊ အီတလီ၊ ၿဗိတိန္၊ ဘယ္လ္ဂ်ီယမ္၊ ဖိလစ္ပိုင္၊ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြက တ႐ုတ္ႏုိင္ငံသား မဟုတ္တဲ့သူေတြအေနနဲ႔ တ႐ုတ္ႏုိင္ငံထဲကို ၀င္ခြင့္ရေတာ့မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ အဲဒီလူေတြအေနနဲ႔ သူတုိ႔မွာ တရား၀င္ျပည္၀င္ခြင့္ဗီဇာ ဒါမွမဟုတ္ ေနထုိင္ခြင့္ပါမစ္ရွိရင္လည္း ၀င္ခြင့္ရမွာမဟုတ္ဘဲ ျပည္၀င္ခြင့္ ယာယီပိတ္ပင္ထားမွာျဖစ္တယ္လို႔ အဲဒီႏုိင္ငံေတြမွာ ရွိတဲ့ သံ႐ုံးေတြက ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း အင္တာနက္ကေန ေၾကျငာထားပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ျပည္ပကေန ကူးစက္မႈအသစ္ေတြ မျဖစ္ေအာင္ တင္းၾကပ္တဲ့ ကန္႔သတ္မႈေတြ ခ်မွတ္လာေနၿပီး လြန္ခဲ့တဲ့ ၂၄ နာရီ အတြင္း ျပည္ပကေန ျပန္လာသူေတြထဲမွာ ဗုိင္းရပ္စ္ကူးစက္သူ ၃၀ ရွိတယ္လို႔ တ႐ုတ္က်န္းမာေရး အာဏာပိုင္ေတြက ေျပာပါတယ္။

အိႏၵိယႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္သူ ၄၇,၆၃၈ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ကူးစက္သူ ၈.၄ သန္းရွိသြားၿပီျဖစ္ပါတယ္။ ဒါအ့ျပင္ ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ၆၇၀ ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူစုစုေပါင္း ၁၂၄,၉၈၅ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ အိႏၵိယႏုိင္ငံဟာ အေမရိကန္ၿပီးရင္ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာ ကပ္ေရာဂါေၾကာင့္ ျပည္နယ္နယ္စပ္ေတြကို ပိတ္ထားတဲ့ ဆုံးျဖတ္ခ်က္ကို ၾသစေၾတးလ်တရား႐ုံးခ်ဳပ္က အတည္ျပဳလိုက္ပါတယ္။ ကပ္ေရာဂါေၾကာင့္ ခ်မွတ္ထားတဲ့ ကန္႔သတ္မႈေတြဟာ ဖဲြ႔စည္းပုံနဲ႔မညီဘူးလို႔ ဘီလီယံနာသူေဌးႀကီး Clive Palmer ဘက္က ေလွ်ာက္လဲခ်က္ကို တရား႐ုံးခ်ဳပ္က လက္မခံဘဲ ဒီေန႔မွာ ပယ္ခ်လိုက္တာျဖစ္ပါတယ္။ ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ျပည္နယ္နဲ႔ နယ္ေျမေတြအားလုံးဟာ နယ္စပ္ေတြကို ျဖတ္ေက်ာ္ခြင့္မေပးဘဲ ပိတ္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံ ၈ နိုင်ငံက လူတွေ တရုတ် ပြည်ဝင်ခွင့် ယာယီပိတ်ပင်

ဥရောပနဲ့ ကမ္ဘာတဝန်းက တခြားနေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာပဲ ဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ အနည်းဆုံးနိုင်ငံ ၈ နိုင်ငံကလူတွေကို သူ့နိုင်ငံကို ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။ ရုရှား၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက တရုတ်နိုင်ငံသား မဟုတ်တဲ့သူတွေအနေနဲ့ တရုတ်နိုင်ငံထဲကို ဝင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီလူတွေအနေနဲ့ သူတို့မှာ တရားဝင်ပြည်ဝင်ခွင့်ဗီဇာ ဒါမှမဟုတ် နေထိုင်ခွင့်ပါမစ်ရှိရင်လည်း ဝင်ခွင့်ရမှာမဟုတ်ဘဲ ပြည်ဝင်ခွင့် ယာယီပိတ်ပင်ထားမှာဖြစ်တယ်လို့ အဲဒီနိုင်ငံတွေမှာ ရှိတဲ့ သံရုံးတွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အင်တာနက်ကနေ ကြေငြာထားပါတယ်။

တရုတ်နိုင်ငံဟာ ပြည်ပကနေ ကူးစက်မှုအသစ်တွေ မဖြစ်အောင် တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်လာနေပြီး လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ပြည်ပကနေ ပြန်လာသူတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်သူ ၃၀ ရှိတယ်လို့ တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့မှာ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူ ၄၇,၆၃၈ ယောက်ရှိတာကြောင့် စုစုပေါင်း ကူးစက်သူ ၈.၄ သန်းရှိသွားပြီဖြစ်ပါတယ်။ ဒါအ့ပြင် ဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၆၇၀ သေဆုံးခဲ့တာကြောင့် သေဆုံးသူစုစုပေါင်း ၁၂၄,၉၈၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကပ်ရောဂါကြောင့် ပြည်နယ်နယ်စပ်တွေကို ပိတ်ထားတဲ့ ဆုံးဖြတ်ချက်ကို သြစတြေးလျတရားရုံးချုပ်က အတည်ပြုလိုက်ပါတယ်။ ကပ်ရောဂါကြောင့် ချမှတ်ထားတဲ့ ကန့်သတ်မှုတွေဟာ ဖွဲ့စည်းပုံနဲ့မညီဘူးလို့ ဘီလီယံနာသူဌေးကြီး Clive Palmer ဘက်က လျှောက်လဲချက်ကို တရားရုံးချုပ်က လက်မခံဘဲ ဒီနေ့မှာ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်နဲ့ နယ်မြေတွေအားလုံးဟာ နယ်စပ်တွေကို ဖြတ်ကျော်ခွင့်မပေးဘဲ ပိတ်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG