(Zawgyi/Unicode)
အေမရိကန္ႏုိင္ငံမွာ ဗုဒၶဟူးေန႔က တရက္အတြင္း COVID-19 အကူးစက္ခံရသူ အေရအတြက္ တသိန္းခြဲနီးပါး (၁၄၄,ဝဝဝ) ျဖစ္လာၿပီး စံခ်ိန္တင္သြားပါတယ္။
ဒီေရာဂါ အကူးစက္ခံရသူ ေျခရာေကာက္တဲ့ COVID Tracking Project က စာရင္းေကာက္ယူခဲ့တာ ျဖစ္ၿပီး အေမရိကန္မွာ အဂၤါေန႔ကလည္း တရက္အတြင္း အကူးစက္ခံရသူကလည္း ၁ သိန္း ၃ ေသာင္းေက်ာ္ (၁၃၆,ဝဝဝ) ရွိခဲ့တာ ျဖစ္ပါတယ္။
ဒီေရာဂါနဲ႔ ေဆးရံုတင္ခဲ့ရသူေပါင္းက ဗုဒၶဟူးေန႔မွာ ၆ ေသာင္းခြဲေက်ာ္ ရွိၿပီး အဂၤါေန႔ကေတာ့ ၆ ေသာင္း ေ က်ာ္ရွိေနသလို ေသဆံုးရသူကလည္း ဗုဒၶဟူးေန႔မွာ ေထာင့္ငါးရာနီးပါး ရွိေနတာပါ။ ၇ ရက္အတြင္း ပ်မ္းမ ွ် ေသဆံုးသူ အေရအတြက္က တေထာင္ေက်ာ္ ျဖစ္ေနပါတယ္။
Johns Hopkins တကၠသိုလ္ ကေကာက္ယူတဲ စစ္တမ္းမွာေတာ့ ၾကာသပေတးေန႔မွာ ဒီေရာဂါအကူစက္ခံရသူဟာ ကမာၻတလႊားမွာ ၅၂ သန္းခြဲေက်ာ္ရွိၿပီး အေမရိကန္ကေတာ့ ဆယ္သန္းခြဲ ေက်ာ္ေနၿပီျဖစ္ပါတယ္။ ေသဆံုးရသူကလည္း ကမာၻတလႊား ၁.၂ သန္းေက်ာ္နဲ႔. အေမရိကန္မွာက ၂ သိန္းခြဲနီးပါးနဲ႔ အမ်ားဆံုးျဖစ္ပါတယ္။
ဒါေၾကာင့္ အခုအခ်ိန္မွာ COVID-19 နဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ အေနထားဟာ ေသေရးရွင္ေရးတမ ွ် အေရးႀကီးတဲ့ အထားကို ေရာက္ေနၿပီလို႕ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က ၾကာသပေတးေန႔မွာ သတိေပးလိုက္ပါတယ္။
“ဒါဟာ အနီေရာင္အဆင့္ သတိေပးခ်က္ျဖစ္ၿပီး သိပ္ကို အေရးႀကီးတဲ့ အေနထားကို ေရာက္ေနတဲ့ အတြက္ အားလံုး လက္တြဲလုပ္ေဆာင္ၾကဖုိ႔ ေျပာၾကားလိုက္တာပါ။ ဒါေပမယ့္ ဒါဟာ အခ်ိန္အေတာ္ၾကာကတည္းက လုပ္ဖုိ႔ သင့္တဲ့ အလုပ္ျဖစ္ေၾကာင္း” လည္း ေျပာပါတယ္။ ဒီေရာဂါေၾကာင့္ ေသဆံုးမႈေတြ ဒီေလာက္ျဖစ္ေနတာကို သမၼတ နဲ႔ လႊတ္ေတာ္ထဲက ရီပတ္ဘလစ္ကင္ေတြက လ ွ်စ္လ်ဴရႈထားၾကတယ္လို႔လည္း ေဝဖန္လိုက္ပါတယ္
အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္းက Texas ျပည္နယ္မွာ ဗုဒၶဟူးေန႔က ဒီေရာဂါ အကူးစက္ခံရ သူ အေရအတြက္ တသန္းေက်ာ္သြားခဲ့တဲ့ေနာက္ အခု ကယ္လီဖိုးနီးယား ျပည္နယ္မွာပါ ကူးစက္သူ တသန္းေလာက္ ျဖစ္လာခဲ့တာပါ။
............
ကန် COVID ကူးစက်မှု တရက်အတွင်း ၁ သိန်းခွဲ နီးပါးရှိ
(Unicode)
အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တရက်အတွင်း COVID-19 အကူးစက်ခံရသူ အရေအတွက် တသိန်းခွဲနီးပါး (၁၄၄ဝဝဝ) ဖြစ်လာပြီး စံချိန်တင်သွားပါတယ်။
ဒီရောဂါ အကူးစက်ခံရသူ ခြေရာကောက်တဲ့ COVID Tracking Project က စာရင်းကောက်ယူခဲ့တာ ဖြစ်ပြီး အမေရိကန်မှာ အင်္ဂါနေ့ကလည်း တရက်အတွင်း အကူးစက်ခံရသူကလည်း ၁ သိန်း ၃ သောင်းကျော် (၁၃၆ဝဝဝ) ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါနဲ့ ဆေးရုံတင်ခဲ့ရသူပေါင်းက ဗုဒ္ဓဟူးနေ့မှာ ၆ သောင်းခွဲကျော် ရှိပြီး အင်္ဂါနေ့ကတော့ ၆ သောင်း ေ ကျာ်ရှိနေသလို သေဆုံးရသူကလည်း ဗုဒ္ဓဟူးနေ့မှာ ထောင့်ငါးရာနီးပါး ရှိနေတာပါ။ ၇ ရက်အတွင်း ပျမ်းမ ျှ သေဆုံးသူ အရေအတွက်က တထောင်ကျော် ဖြစ်နေပါတယ်။
Johns Hopkins တက္ကသိုလ် ကကောက်ယူတဲ စစ်တမ်းမှာတော့ ကြာသပတေးနေ့မှာ ဒီရောဂါအကူစက်ခံရသူဟာ ကမ္ဘာတလွှားမှာ ၅၂ သန်းခွဲကျော်ရှိပြီး အမေရိကန်ကတော့ ဆယ်သန်းခွဲ ကျော်နေပြီဖြစ်ပါတယ်။ သေဆုံးရသူကလည်း ကမ္ဘာတလွှား ၁.၂ သန်းကျော်နဲ့. အမေရိကန်မှာက ၂ သိန်းခွဲနီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။
ဒါကြောင့် အခုအချိန်မှာ COVID-19 နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ အနေထားဟာ သေရေးရှင်ရေးတမ ျှ အရေးကြီးတဲ့ အထားကို ရောက်နေပြီလို့ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
“ဒါဟာ အနီရောင်အဆင့် သတိပေးချက်ဖြစ်ပြီး သိပ်ကို အရေးကြီးတဲ့ အနေထားကို ရောက်နေတဲ့ အတွက် အားလုံး လက်တွဲလုပ်ဆောင်ကြဖို့ ပြောကြားလိုက်တာပါ။ ဒါပေမယ့် ဒါဟာ အချိန်အတော်ကြာကတည်းက လုပ်ဖို့ သင့်တဲ့ အလုပ်ဖြစ်ကြောင်း” လည်း ပြောပါတယ်။ ဒီရောဂါကြောင့် သေဆုံးမှုတွေ ဒီလောက်ဖြစ်နေတာကို သမ္မတ နဲ့ လွှတ်တော်ထဲက ရီပတ်ဘလစ်ကင်တွေက လ ျှစ်လျူရှုထားကြတယ်လို့လည်း ဝေဖန်လိုက်ပါတယ်
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Texas ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဒီရောဂါ အကူးစက်ခံရ သူ အရေအတွက် တသန်းကျော်သွားခဲ့တဲ့နောက် အခု ကယ်လီဖိုးနီးယား ပြည်နယ်မှာပါ ကူးစက်သူ တသန်းလောက် ဖြစ်လာခဲ့တာပါ။