သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ကာလ အေရးေပၚေထာက္ပံ့ေၾကး ထပ္ေပးေန


ရန္ကုန္ၿမိဳ႕ရွိ လိႈင္သာယာၿမိဳ႕မွာ ေတြ႔ရတဲ့ လမ္းသြားလမ္းလာလူတခ်ိဳ႕။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ စား၀တ္ေနေရး အခက္အခဲ ႀကံဳေနရတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ေနာက္တႀကိမ္ ေထာက္ပံ့ေၾကးေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြ စားဝတ္ေနေရးအတြက္ အစိုးရက စတုတၳအႀကိမ္ ေငြေၾကးေထာက္ပံ့တဲ့ အစီအစဥ္ကုိ ဒီတပတ္ထဲမွာပဲ စတင္လုိက္တာပါ။ အေျခခံလူတန္းစားေတြကုိ ပထမတႀကိမ္မွာ ရိကၡာေထာက္ပံ့ေပးခဲ့ၿပီး ေနာက္ထပ္လည္း တစ္အိမ္ေထာင္ကို ေငြက်ပ္ ၂၀,၀၀၀ စီ ၃ ႀကိမ္ေထာက္ပံ့ေပးခဲ့ၿပီးေနာက္ အခုေနာက္ဆုံး အစီအစဥ္မွာေတာ့ ကပ္ေရာဂါကာလ အိမ္ျပန္မထြက္ဖုိ႔ သတ္မွတ္ထားတဲ့ ေနရာေတြမွာ အိမ္ေထာင္စုတစ္ခုကုိ က်ပ္ေငြ ၄၀,၀၀၀ က်န္ေဒသေတြမွာေတာ့ က်ပ္ေငြ ၂၀,၀၀၀ ေထာက္ပံ့ေပးေနပါတယ္။

ဆင္းရဲႏြမ္းပါးသူေတြနဲ႔ ေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားအျပားေနထုိင္တဲ့ ရန္ကုန္တုိင္း လႈိင္သာယာၿမိဳ႕နယ္မွာေတာ့ အခုေနာက္ဆုံးအႀကိမ္ ေထာက္ပံ့ေၾကးေပးရမယ့္ လူဦးေရစာရင္းက ပိုမ်ားလာတယ္လို႔လည္း ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ အေနာက္ပိုင္း အုပ္ခ်ဳပ္ေရးမႈး ဦးေနမင္းထြန္းက ေျပာပါတယ္။

“မေန႔ညကေနစၿပီးေတာ့ ရပ္ကြက္ေတြကေတာ့ ျဖန္႔ထားၿပီးပါၿပီခင္ဗ်။ ရပ္ကြက္အလိုက္မွာ ဌာနဆိုင္ရာေတြလည္းပါဝင္ၿပီးေတာ့ ရပ္မိရပ္ဖေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဝတာေပါ့ေနာ္။ ေဝတဲ့အခါေတာ့ အေျခခံမိသားစု၊ အေျခခံမိသားစုဆိုတာက ၿပီးခဲ့တဲ့ အေခါက္တုန္းက မိသားစုေတြအျပင္ ထပ္ၿပီးေတာ့ က်န္တဲ့ မိသားစုေတြကိုပါ က်ေနာ္တို႔က ေထာက္ပံ့ေပးတာပါဗ်။ အိမ္ေထာင္စု ၁၀၀,၀၀၀ စြန္းစြန္းေက်ာ္တယ္၊ ၁၀၁,၀၈၅ ေပါ့။”

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနဆဲ ျမန္မာႏုိင္ငံမွာ အေထာက္အပံ့ေပးတဲ့ အစီအစဥ္ေတြကုိလည္း ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လမ္းညႊန္ခ်က္ေတြအတုိင္း ေဆာင္ရြက္ေနရတယ္လုိ႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းထဲက လူဦးေရထူထပ္တဲ့ လႈိင္သာယာၿမိဳ႕နယ္မွာ ဆုိရင္လည္း လူစုလူေဝး မျဖစ္ေစဖို႔အတြက္ ေထာက္ပံ့ေငြေပးတာကို ပုံစံ ၃ မ်ိဳးနဲ႔ ေဆာင္႐ြက္ေနတယ္လို႔ ဦးေနမင္းထြန္းက ေျပာပါတယ္။

“ပုံစံကေတာ့ ၃ မ်ိဳးဗ်။ ပထမဦးဆုံးကေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွာ အပိုင္လိုက္ကို အလွည့္က် ေခၚၿပီးေတာ့ ေပးတာရွိတယ္။ ေနာက္တစ္ခုက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး မဟုတ္ေသာ အမ်ားနဲ႔ သက္ဆိုင္တဲ့ ဓမၼ႐ုံတို႔၊ ဘာတို႔မွာ ခြဲၿပီးေတာ့ ေပးတာလည္း ရွိပါတယ္။ ေနာက္တစ္ခုက အိမ္တိုင္ယာေရာက္ေပးတာလည္း ရွိတယ္။ အဲ့ဒီ ၃ ခုနဲ႔ ေပးေနတာေပါ့။”

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာလည္း အိမ္ျပင္မထြက္ဖုိ႔ အမိန္႔ထုတ္ထားတာေၾကာင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လမ္းညႊန္ခ်က္ေတြနဲ႔အညီ အေထာက္အပံ့ေပးႏုိင္ေအာင္ စီစဥ္ေနတယ္လုိ႔လည္း ေက်ာက္ျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

“စနစ္တက်ျဖစ္ေအာင္ဆိုၿပီးေတာ့ က်ေနာ္တို႔ အဖြဲ႕ဖြဲ႕ေနတယ္ခင္ဗ်။ အဖြဲ႕ဖြဲ႕ၿပီးေတာ့မွပဲ က်ေနာ္တို႔ ေထာက္ပံ့ပါမယ္ခင္ဗ်။ သူ႔ဌာနဆိုင္ရာအလိုက္ ေက်း႐ြာအုပ္စုအလိုက္ အဖြဲ႕ဖြဲ႕မယ္ ဖြဲ႕ၿပီးသြားေတာ့ က်ေနာ္တို႔ တတ္ႏိုင္သမွ်ေတာ့ လူစုလူေဝးမျဖစ္ေအာင္နဲ႔ အိမ္တိုင္ယာေရာက္ နီးပါးေပါ့ေလ၊ အိမ္တိုင္ယာေရာက္ နီးပါး နာမည္စာရင္းပါတဲ့ သူတို႔ဆီကို စနစ္တက်ျဖစ္ေအာင္ဆိုၿပီးေတာ့ ေဆာင္႐ြက္ဖို႔ေတာ့ စီမံေနပါတယ္။”

အိမ္ျပင္မထြက္ရအမိန္႔ ထုတ္ျပန္မထားတဲ့ ေနရာေတြမွာလည္း ေထာက္ပံ့ေၾကးေပးတဲ့ အစီအစဥ္ေတြကုိ ကပ္ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းေတြနဲ႔အညီ ေဆာင္ရြက္ေနတယ္လုိ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ေထာက္ပံ့ေၾကးေပးတဲ့ အစီအစဥ္ေတြမွာတုန္းက အကူအညီလုိေနသူေတြ မရခဲ့တာေတြ ရွိခဲ့တယ္ဆုိတဲ့ သတင္းေတြနဲ႔ တုိင္ၾကားမႈေတြလည္း ထြက္ေပၚခဲ့တာပါ။ ဒါေၾကာင့္လည္း ဒီတႀကိမ္မွာ တတ္ႏုိင္သမွ် လုိအပ္တဲ့လူေတြထံ အကူအညီေပးႏုိင္ဖုိ႔ စီစဥ္ထားတဲ့အေၾကာင္း စစ္ကုိင္းတုိင္း မုံရြာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္စိုးက ေျပာပါတယ္။

“က်ေနာ္တို႔ေတြက အေျခခံလူတန္းစားကိုပဲ ေပးတဲ့ခါက်ေတာ့ တခ်ိဳ႕က်ေတာ့လည္းပဲ ႏိုင္ငံေတာ္ကေပးတယ္ဆိုၿပီးေတာ့ ပိုက္ဆံရွိတဲ့သူ၊ စားႏိုင္ေသာက္ႏိုင္တဲ့သူေတြကလည္း အဲ့ဒီလို လိုခ်င္တဲ့သူေတြကလည္း ရွိတာေပါ့ေနာ္။ အဲ့လိုလူေတြရွိေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားက ျပန္ၿပီးေတာ့ ဒါက ခင္ဗ်ားကေတာ့ တိုက္ေတြလည္း ရွိတယ္၊ ကားေတြလည္း ရွိတယ္၊ ေန႔စဥ္စားဖို႔ကလည္းပဲ ေငြတိုးေပးၿပီးေတာ့ ေခ်းစားေနတဲ့သူျဖစ္တယ္။ ဒါေၾကာင့္ ခင္ဗ်ားကေတာ့ အဆင္ေျပေနတဲ့သူ က်ေနာ္တို႔ ေပးတာက ဒီဘက္မွာ အေျခခံစားဖို႔ လိုအပ္ေနတဲ့သူေတြကိုေပးတယ္။ အဲ့ဒီလိုမ်ိဳးေလး ရွင္းျပလိုက္တဲ့ခါက်ေတာ့ နားလည္တဲ့သူကလည္း နားလည္သြားပါတယ္။”

စတုတၳအႀကိမ္ ေထာက္ပံ့မယ့္ အစီအစဥ္မွာေတာ့ အိမ္ေထာင္စုေပါင္း ၆,၀၀၀,၀၀၀ ေက်ာ္အတြက္ က်ပ္ေငြ ဘီလီယံ ၁၆၀ ေက်ာ္ သုံးစဲြဖုိ႔ ရည္ရြယ္ထားေၾကာင္းလည္း တာ၀န္ရွိသူေတြ သတင္းထုတ္ျပန္ထားပါတယ္။

ကပ္ေရာဂါကာလမွာ ပုံမွန္ဝင္ေငြ မရွိတာေၾကာင့္ စားဝတ္ေနေရး အခက္ႀကဳံေနၾကတဲ့ ပ်ံက်ေဈးသည္၊ အငွားယာဥ္ေမာင္း၊ က်ပန္းလုပ္သား၊ ေရလုပ္သား၊ အလုပ္ၾကမ္းသမား၊ ၿခံလုပ္သား၊ ပုဂၢလိက လုပ္ငန္းေတြမွာ လုပ္ကိုင္ေနတဲ့ ေန႔စား ဒါမွမဟုတ္ ယာယီဝန္ထမ္း၊ အျခားပုံမွန္ ဝင္ေငြမရွိတဲ့ အလုပ္သမားေတြနဲ႔ အလုပ္လက္မဲ့ ျဖစ္ေနသူေတြကို အေျခခံလူတန္းစားေတြအျဖစ္ သတ္မွတ္ၿပီး အစိုးရက ေထာက္ပံ့ေနတာပါ။ တခ်ိန္တည္းမွာပဲ ကပ္ေရာဂါနဲ႔ ႀကဳံရခ်ိန္မွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန႔္ခြာေျပးေနၾကရသူေတြ၊ အသက္ ၂ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြႏွင့္ သက္ႀကီး႐ြယ္အိုေတြကိုလည္း အစိုးရနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက ေထာက္ပံ့ကူညီတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်ကာလ အရေးပေါ်ထောက်ပံ့ကြေး ထပ်ပေးနေ

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက နောက်တကြိမ် ထောက်ပံ့ကြေးပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက် အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကို ဒီတပတ်ထဲမှာပဲ စတင်လိုက်တာပါ။ အခြေခံလူတန်းစားတွေကို ပထမတကြိမ်မှာ ရိက္ခာထောက်ပံ့ပေးခဲ့ပြီး နောက်ထပ်လည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ စီ ၃ ကြိမ်ထောက်ပံ့ပေးခဲ့ပြီးနောက် အခုနောက်ဆုံး အစီအစဉ်မှာတော့ ကပ်ရောဂါကာလ အိမ်ပြန်မထွက်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အိမ်ထောင်စုတစ်ခုကို ကျပ်ငွေ ၄၀,၀၀၀ ကျန်ဒေသတွေမှာတော့ ကျပ်ငွေ ၂၀,၀၀၀ ထောက်ပံ့ပေးနေပါတယ်။

ဆင်းရဲနွမ်းပါးသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားနေထိုင်တဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာတော့ အခုနောက်ဆုံးအကြိမ် ထောက်ပံ့ကြေးပေးရမယ့် လူဦးရေစာရင်းက ပိုများလာတယ်လို့လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ပြောပါတယ်။

“မနေ့ညကနေစပြီးတော့ ရပ်ကွက်တွေကတော့ ဖြန့်ထားပြီးပါပြီခင်ဗျ။ ရပ်ကွက်အလိုက်မှာ ဌာနဆိုင်ရာတွေလည်းပါဝင်ပြီးတော့ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီးတော့ ဝေတာပေါ့နော်။ ဝေတဲ့အခါတော့ အခြေခံမိသားစု၊ အခြေခံမိသားစုဆိုတာက ပြီးခဲ့တဲ့ အခေါက်တုန်းက မိသားစုတွေအပြင် ထပ်ပြီးတော့ ကျန်တဲ့ မိသားစုတွေကိုပါ ကျနော်တို့က ထောက်ပံ့ပေးတာပါဗျ။ အိမ်ထောင်စု ၁၀၀,၀၀၀ စွန်းစွန်းကျော်တယ်၊ ၁၀၁,၀၈၅ ပေါ့။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေဆဲ မြန်မာနိုင်ငံမှာ အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာ ဆိုရင်လည်း လူစုလူဝေး မဖြစ်စေဖို့အတွက် ထောက်ပံ့ငွေပေးတာကို ပုံစံ ၃ မျိုးနဲ့ ဆောင်ရွက်နေတယ်လို့ ဦးနေမင်းထွန်းက ပြောပါတယ်။

“ပုံစံကတော့ ၃ မျိုးဗျ။ ပထမဦးဆုံးကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အပိုင်လိုက်ကို အလှည့်ကျ ခေါ်ပြီးတော့ ပေးတာရှိတယ်။ နောက်တစ်ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူး မဟုတ်သော အများနဲ့ သက်ဆိုင်တဲ့ ဓမ္မရုံတို့၊ ဘာတို့မှာ ခွဲပြီးတော့ ပေးတာလည်း ရှိပါတယ်။ နောက်တစ်ခုက အိမ်တိုင်ယာရောက်ပေးတာလည်း ရှိတယ်။ အဲ့ဒီ ၃ ခုနဲ့ ပေးနေတာပေါ့။”

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ အထောက်အပံ့ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

“စနစ်တကျဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့ အဖွဲ့ဖွဲ့နေတယ်ခင်ဗျ။ အဖွဲ့ဖွဲ့ပြီးတော့မှပဲ ကျနော်တို့ ထောက်ပံ့ပါမယ်ခင်ဗျ။ သူ့ဌာနဆိုင်ရာအလိုက် ကျေးရွာအုပ်စုအလိုက် အဖွဲ့ဖွဲ့မယ် ဖွဲ့ပြီးသွားတော့ ကျနော်တို့ တတ်နိုင်သမျှတော့ လူစုလူဝေးမဖြစ်အောင်နဲ့ အိမ်တိုင်ယာရောက် နီးပါးပေါ့လေ၊ အိမ်တိုင်ယာရောက် နီးပါး နာမည်စာရင်းပါတဲ့ သူတို့ဆီကို စနစ်တကျဖြစ်အောင်ဆိုပြီးတော့ ဆောင်ရွက်ဖို့တော့ စီမံနေပါတယ်။”

အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်မထားတဲ့ နေရာတွေမှာလည်း ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေကို ကပ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေမှာတုန်းက အကူအညီလိုနေသူတွေ မရခဲ့တာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ တိုင်ကြားမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့်လည်း ဒီတကြိမ်မှာ တတ်နိုင်သမျှ လိုအပ်တဲ့လူတွေထံ အကူအညီပေးနိုင်ဖို့ စီစဉ်ထားတဲ့အကြောင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

“ကျနော်တို့တွေက အခြေခံလူတန်းစားကိုပဲ ပေးတဲ့ခါကျတော့ တချို့ကျတော့လည်းပဲ နိုင်ငံတော်ကပေးတယ်ဆိုပြီးတော့ ပိုက်ဆံရှိတဲ့သူ၊ စားနိုင်သောက်နိုင်တဲ့သူတွေကလည်း အဲ့ဒီလို လိုချင်တဲ့သူတွေကလည်း ရှိတာပေါ့နော်။ အဲ့လိုလူတွေရှိတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြန်ပြီးတော့ ဒါက ခင်ဗျားကတော့ တိုက်တွေလည်း ရှိတယ်၊ ကားတွေလည်း ရှိတယ်၊ နေ့စဉ်စားဖို့ကလည်းပဲ ငွေတိုးပေးပြီးတော့ ချေးစားနေတဲ့သူဖြစ်တယ်။ ဒါကြောင့် ခင်ဗျားကတော့ အဆင်ပြေနေတဲ့သူ ကျနော်တို့ ပေးတာက ဒီဘက်မှာ အခြေခံစားဖို့ လိုအပ်နေတဲ့သူတွေကိုပေးတယ်။ အဲ့ဒီလိုမျိုးလေး ရှင်းပြလိုက်တဲ့ခါကျတော့ နားလည်တဲ့သူကလည်း နားလည်သွားပါတယ်။”

စတုတ္ထအကြိမ် ထောက်ပံ့မယ့် အစီအစဉ်မှာတော့ အိမ်ထောင်စုပေါင်း ၆,၀၀၀,၀၀၀ ကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားကြောင်းလည်း တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေ မရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီတာတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG