(Zawgyi/Unicode)
ျမန္မာႏိုင္ငံ အခုေရြးေကာက္ပြဲအၿပီး၊ လူစုလူေဝးဆက္ရွိေနတဲ့အေပၚ ကိုဗစ္ကူးစက္မူအႏၱရာယ္ႀကီးေၾကာင္း၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ၿပီး၊ က်န္းမာေရးဝန္ထမ္းေတြအၾကားမွာလည္း ဒီကူးစက္မူမ်ားလာမွာကို စိုးရိမ္ေနၾကပါတယ္။
လက္ရွိကူးစက္မူအေျခအေန၊ ေနာက္ျဖစ္လာႏိုင္ေျခနဲ႔ ျပင္ဆင္ထားမူေတြကို၊ ရန္ကုန္ေဆးရံုႀကီး အေရးေပၚဌာနမူး ပါေမာကၡ ေဒါက္တာေမာ္ေမာ္ဦးကို ကိုဝင္းမင္းက ေမးထားပါတယ္။
ေဒါက္တာေမာ္ေမာ္ဦး။ ။ က်ေနာ္တို႔ ေလာေလာဆည္ ကိုဗစ္ကူးစက္မႈႏႈန္းသေဘာက ရန္ကုန္ အေနနဲ႔ ၈၀၀ ေက်ာ္အထက္မွာ ျပန္ၿပီးေတာ့ ၂ ရက္ဆက္တိုက္ရွိေနၿပီ ျပန္တက္လာတာကို ေတြ႔ရတယ္။ ဒါေတာင္မွပဲ ဒါက ေရြးေကာက္ပြဲ မတိုင္မီက ကူးစက္ၿပီးသား လူလို႔ သတ္မွတ္လို႔ရတယ္။ ေရြးေကာက္ပြဲ ျပဳလုပ္ေနတဲ့အခ်ိန္မွာလည္း ေလ့လာရသေလာက္က မဲရံုေတြအားလံုးကလည္း စနစ္တက် ျပင္ဆင္ထားတာ မွန္တယ္။ ျပည္သူလူထုရဲ႕ လိုက္နာမႈအားနည္းတယ္။ မဲရံု ကိုေရာက္ရင္ေတာ့ စနစ္တက်ရွိတယ္။ အျပင္မွာ တန္းစီၿပီးေစာင့္ေနရတဲ့လူေတြ မီဒီယာေတြမွာ ေတြ႔ရတဲ့ ပံုေတြ ၾကည့္ရသေလာက္နဲ႔ ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရတာ ၂ ခုေပါင္းၿပီး ေျပာမယ္ဆိုရင္ မဲရံုျပင္ပမွာ ရွိတဲ့ လူအုပ္ကေတာ့ စနစ္တက် မရွိဘူးလို႔ ေျပာခ်င္တယ္။ အဲဒီအတြက္ေၾကာင့္ ေရြးေကာက္ပြဲၿပီး တပတ္ေလာက္ေက်ာ္တဲ့အခ်ိန္မွာ ကူးစက္မႈေတြျဖစ္ခဲ့တယ္ဆိုရင္ ေထာင္ေက်ာ္ျပန္တက္လာမယ္ဆိုရင္ အဲဒါရဲ႕ အက်ိဳးဆက္လို႔ပဲ သတ္မွတ္လို႔ရမယ္။ ဒါေပမယ့္ အဲဒါကို စိုးရိမ္တဲ့အတြက္ေၾကာင့္ ေဆးရံု ၊ ေဆးခန္းေတြကလည္း ျပင္ဆင္ထားတယ္ ေအာက္ဆီဂ်င္ေတြတိုးထားတာတို႔ ေနရာေတြကို ထပ္ၿပီးေတာ့ ခ်ဲ႕ရတာတို႔။
ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာ အခုလို လူနာေတြအတြက္ ေဆးရံုေတြမွာ ႀကိဳျပင္ထားႏိုင္ဖို႔ လက္ရွိမွာေရာ ေဆးရံုတက္ရတဲ့ လူနာအေနအထား
ေဒါက္တာေမာ္ေမာ္ဦး။ ။လက္ရွိ လူနာအေရအတြက္ကေတာ့ ဒီအတိုင္းပဲ ဘယ္ေလာက္စစ္လဲဆိုတာမွာ မူတည္ၿပီးေတာ့ သြားတာေပါ့ေနာ္။ ဒါေပမယ့္ အခုရက္ပိုင္းအတြင္းေလးမွာေတာ့ တအားကို ဆိုးတဲ့လူနာေတြ နည္းနည္း နည္းတယ္။ ဒါေပမယ့္ ICU ေတြကေတာ့ ေလာေလာဆယ္ ျပည့္ေနတဲ့ အေျခအေနမွာရွိတာေပါ့။ က်ေနာ္တို႔ကေတာ့ ဘယ္ေတာ့မွေတာ့ သတိလက္လြတ္နဲ႔ ေနလို႔ မျဖစ္ဘူး။ အျမဲတမ္း ျပင္ဆင္ေနရမယ့္အေျခအေနမွာ ရွိတယ္။
ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ ဒီေနရာမွာ ျပည္သူလူထုကို သတိမေလ်ာ့ေအာင္ ဘာအႀကံေပးခ်င္ပါသလဲ။
ေဒါက္တာေမာ္ေမာ္ဦး။ ။ ျပည္သူလူထုလည္း သတိလက္လြတ္နဲ႔ ေနလို႔မျဖစ္ဘူးလို႔ ေျပာခ်င္တယ္။ ေရြးေကာက္ပြဲၿပီးသြားတာ ကိုဗစ္ၿပီးသြားတာမဟုတ္ပါဘူးလို႔။ က်န္မာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေၾကညာထားတဲ့ Stay Home ကာလက ႏို၀င္ဘာ လကုန္အထိ ရွိတယ္ဆိုတာကို အားလံုး သတိထားေစခ်င္တယ္။ လူေတြကေလ ေအာင္ပြဲခံေနတဲ့ လူေတြလည္း အမ်ားႀကီးရွိတယ္။ တကယ္ေတာ့ က်န္မာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ေၾကညာခ်က္ကို ေသခ်ာၾကည့္ရင္ အဲဒီေရြးေကာက္ပြဲ ျပဳလုပ္တဲ့ေန႔သာလ်င္ ျခြင္းခ်က္အေနနဲ႔ ခြင့္ျပဳတယ္ဆိုတာ ပါပါတယ္ တကယ္ဆိုရင္ေတာ့ေနာ္။ အဲဒီဥစၥာကို ေမ့ေလ်ာ့တာလည္း ရွိႏိုင္သလို မသိက်ိဳးကၽြန္ျပဳတာလည္း ျဖစ္ႏိုင္တယ္။ မသိတဲ့လူေတြအတြက္ေတာ့ သတိေပးလို႔ ရေပမယ့္ မသိက်ိဳးကၽြန္ျပဳတဲ့လူေတြအတြက္က တားဆီးအေရးယူရမယ့္ အေျခအေနမ်ိဳးလို႔ေတာင္ ႀကံဳလာမွာကို ေၾကာက္တယ္။ အဲလိုမ်ိဳးလည္း မၾကံဳခ်င္ဘူး ကူးစက္မႈေတြလည္း မတက္ေစခ်င္ဘူး ဒါေၾကာင့္မို႔လို႔ ဒီလို မသိက်ိဳးကၽြန္ျပဳေသာ သူမ်ားရွိခဲ့ရင္ က်န္မာေရးဘက္ကေနၿပီးေတာ့ ေနာင္တခ်ိန္မွာ ၀န္ပိလာမယ့္ ကိစၥအတြက္ႀကိဳတင္ၿပီးေတာ့ ေရွာင္ရွားေပး ၾကဖို႔လည္း ေျပာလိုပါတယ္။ တကယ္လို႔ သူတို႔ေၾကာင့္ျဖစ္ခဲ့ရင္ သူူတို႔မွာ တာ၀န္အျပည့္အ၀ ရွိပါတယ္။ ဒါေၾကာင့္မို႔ လူစုလူေ၀း ျပဳလုပ္ျခင္းကို တားဆီးဖို႔အတြက္ တာ၀န္ခံရမယ့္ လူေတြမွာလည္း တာ၀န္ရွိတယ္။ COVID ကာကြယ္ေရး လုပ္ငန္းေတြကို ျပည္သူလူထုကေန ျပန္ၿပီးေတာ့ လုိက္နာေစခ်င္တယ္။ တကယ္လို႔မ်ား ေနာက္တပတ္အေက်ာ္မွာ အမ်ားႀကီး ျပန္တက္လာမယ္ဆိုရင္ ဒီထက္တင္းက်ပ္တာေတြ လုပ္ဖို႔ လိုအပ္လာလိမ့္မယ္။
ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာ အခုကေတာ့ အျဖစ္မ်ားေနတဲ့ ရန္ကုန္အတြက္ အဓိက စိုးရိမ္ရတဲ့ သေဘာေပါ့ေနာ္ဆရာ၊ ၿမိဳ.ႀကီးေတြပါ
ေဒါက္တာေမာ္ေမာ္ဦး။ ။ၿမိဳ႕ႀကီးေတြအတြက္ကို စိုးရိမ္တယ္ ။ ရန္ကုန္ကေန ဒုတိယတဆင့္ လူဦးေရမ်ားတဲ့ မႏၱေလးလိုမ်ိဳးကို စိုးရိမ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လူဦးေရမ်ားတဲ့ေနရာေတြမွာ ကုးစက္မႈက ပိုမ်ားလာရင္ Positive ထြက္တဲ့ လူနာအေရအတြက္ကလည္း ရုတ္တရက္ဆိုသလို အမ်ားႀကီး တက္လာမွာကို ေၾကာက္တယ္။ အဲလိုမ်ိဳး မျဖစ္ေအာင္ေတာ့ ဘာကိုမွ ငဲ့ညႇာစရာမရွိေတာ့တဲ့အခ်ိန္မွာ လုပ္သင့္တဲ့အခ်ိန္ေရာက္ေနပါၿပီလို႔ အၾကံေပးခ်င္ပါတယ္။
ကိုဝင္းမင္း။ ။ ဒီေနရာမွာ စစ္ႏႈန္းအေနအထားေရာ တိုးျမွင့္လုပ္ေဆာင္ဖို႔ ရွိလား အရင္ရက္ေတြကေရာ ဒီစစ္ႏႈန္းက။
ေဒါက္တာေမာ္ေမာ္ဦး။ ။ စစ္ႏႈန္းကို တိုးျမွင့္လုပ္ေဆာင္ဖို႔အတြက္ က်ေနာ္တို႔ က်န္မာေရးနဲ႔ အားကစား၀န္ႀကီးဌာနက တာ၀န္ရွိတယ္ ။ စီစဥ္ေနတာေတြရွိတယ္ အဲဒီအစီအစဥ္ေတြနဲ႔ ဒီဘက္က ကုသေပးႏိုင္တဲ့ Isolation လုပ္ေပးႏိုင္တဲ့ အစီအစဥ္နဲ႔ Tally (အေရအတြက္ကိုက္တာ) ျဖစ္ေအာင္ ေလာေလာဆည္ စီစဥ္ေနတယ္။ ဟိုဘက္နဲ႔ ဒီဘက္နဲ႔ သဟဇာတျဖစ္တယ္ဆိုတဲ့အေျခအေနမ်ိဳးဆိုရင္ေတာ့ က်ေနာ္တို႕ Community Testing လုပ္ၿပီးေတာ့ အားလံုးကို အျမန္ဆံုး ခြဲထားႏိုင္ဖို႔နဲ႔ ကုသေပးႏိုင္ဖို႔ ေလာေလာဆယ္ လူဦးေရထူထပ္တဲ့ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြ အားလံုး စီစဥ္ေနတယ္။
ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာ အခုေရြးေကာက္ပြဲ အျပီး လူနာေတြလည္းအမ်ားႀကီး တဟုန္ထိုး တက္မလာပဲနဲ႔ ေဆးရံုေတြမွာလည္း ႏိုင္ႏိုင္နင္းနင္း ကုႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
...............
ရွေးကောက်ပွဲနောက်ဆက်တွဲ ကိုဗစ်ကူးစက်မူများမယ့်အရေး ကျန်းမာရေးပညာရှင်တွေ စိုးရိမ်
(Unicode)
မြန်မာနိုင်ငံ အခုရွေးကောက်ပွဲအပြီး၊ လူစုလူဝေးဆက်ရှိနေတဲ့အပေါ် ကိုဗစ်ကူးစက်မူအန္တရာယ်ကြီးကြောင်း၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ ကျန်းမာရေးဝန်ထမ်းတွေအကြားမှာလည်း ဒီကူးစက်မူများလာမှာကို စိုးရိမ်နေကြပါတယ်။
လက်ရှိကူးစက်မူအခြေအနေ၊ နောက်ဖြစ်လာနိုင်ခြေနဲ့ ပြင်ဆင်ထားမူတွေကို၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမူး ပါမောက္ခ ဒေါက်တာမော်မော်ဦးကို ကိုဝင်းမင်းက မေးထားပါတယ်။
ဒေါက်တာမော်မော်ဦး။ ။ ကျနော်တို့ လောလောဆည် ကိုဗစ်ကူးစက်မှုနှုန်းသဘောက ရန်ကုန် အနေနဲ့ ၈၀၀ ကျော်အထက်မှာ ပြန်ပြီးတော့ ၂ ရက်ဆက်တိုက်ရှိနေပြီ ပြန်တက်လာတာကို တွေ့ရတယ်။ ဒါတောင်မှပဲ ဒါက ရွေးကောက်ပွဲ မတိုင်မီက ကူးစက်ပြီးသား လူလို့ သတ်မှတ်လို့ရတယ်။ ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာလည်း လေ့လာရသလောက်က မဲရုံတွေအားလုံးကလည်း စနစ်တကျ ပြင်ဆင်ထားတာ မှန်တယ်။ ပြည်သူလူထုရဲ့ လိုက်နာမှုအားနည်းတယ်။ မဲရုံ ကိုရောက်ရင်တော့ စနစ်တကျရှိတယ်။ အပြင်မှာ တန်းစီပြီးစောင့်နေရတဲ့လူတွေ မီဒီယာတွေမှာ တွေ့ရတဲ့ ပုံတွေ ကြည့်ရသလောက်နဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာ ၂ ခုပေါင်းပြီး ပြောမယ်ဆိုရင် မဲရုံပြင်ပမှာ ရှိတဲ့ လူအုပ်ကတော့ စနစ်တကျ မရှိဘူးလို့ ပြောချင်တယ်။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲပြီး တပတ်လောက်ကျော်တဲ့အချိန်မှာ ကူးစက်မှုတွေဖြစ်ခဲ့တယ်ဆိုရင် ထောင်ကျော်ပြန်တက်လာမယ်ဆိုရင် အဲဒါရဲ့ အကျိုးဆက်လို့ပဲ သတ်မှတ်လို့ရမယ်။ ဒါပေမယ့် အဲဒါကို စိုးရိမ်တဲ့အတွက်ကြောင့် ဆေးရုံ ၊ ဆေးခန်းတွေကလည်း ပြင်ဆင်ထားတယ် အောက်ဆီဂျင်တွေတိုးထားတာတို့ နေရာတွေကို ထပ်ပြီးတော့ ချဲ့ရတာတို့။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ အခုလို လူနာတွေအတွက် ဆေးရုံတွေမှာ ကြိုပြင်ထားနိုင်ဖို့ လက်ရှိမှာရော ဆေးရုံတက်ရတဲ့ လူနာအနေအထား
ဒေါက်တာမော်မော်ဦး။ ။လက်ရှိ လူနာအရေအတွက်ကတော့ ဒီအတိုင်းပဲ ဘယ်လောက်စစ်လဲဆိုတာမှာ မူတည်ပြီးတော့ သွားတာပေါ့နော်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းလေးမှာတော့ တအားကို ဆိုးတဲ့လူနာတွေ နည်းနည်း နည်းတယ်။ ဒါပေမယ့် ICU တွေကတော့ လောလောဆယ် ပြည့်နေတဲ့ အခြေအနေမှာရှိတာပေါ့။ ကျနော်တို့ကတော့ ဘယ်တော့မှတော့ သတိလက်လွတ်နဲ့ နေလို့ မဖြစ်ဘူး။ အမြဲတမ်း ပြင်ဆင်နေရမယ့်အခြေအနေမှာ ရှိတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ ဒီနေရာမှာ ပြည်သူလူထုကို သတိမလျော့အောင် ဘာအကြံပေးချင်ပါသလဲ။
ဒေါက်တာမော်မော်ဦး။ ။ ပြည်သူလူထုလည်း သတိလက်လွတ်နဲ့ နေလို့မဖြစ်ဘူးလို့ ပြောချင်တယ်။ ရွေးကောက်ပွဲပြီးသွားတာ ကိုဗစ်ပြီးသွားတာမဟုတ်ပါဘူးလို့။ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားတဲ့ Stay Home ကာလက နိုဝင်ဘာ လကုန်အထိ ရှိတယ်ဆိုတာကို အားလုံး သတိထားစေချင်တယ်။ လူတွေကလေ အောင်ပွဲခံနေတဲ့ လူတွေလည်း အများကြီးရှိတယ်။ တကယ်တော့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်ကို သေချာကြည့်ရင် အဲဒီရွေးကောက်ပွဲ ပြုလုပ်တဲ့နေ့သာလျင် ခြွင်းချက်အနေနဲ့ ခွင့်ပြုတယ်ဆိုတာ ပါပါတယ် တကယ်ဆိုရင်တော့နော်။ အဲဒီဥစ္စာကို မေ့လျော့တာလည်း ရှိနိုင်သလို မသိကျိုးကျွန်ပြုတာလည်း ဖြစ်နိုင်တယ်။ မသိတဲ့လူတွေအတွက်တော့ သတိပေးလို့ ရပေမယ့် မသိကျိုးကျွန်ပြုတဲ့လူတွေအတွက်က တားဆီးအရေးယူရမယ့် အခြေအနေမျိုးလို့တောင် ကြုံလာမှာကို ကြောက်တယ်။ အဲလိုမျိုးလည်း မကြုံချင်ဘူး ကူးစက်မှုတွေလည်း မတက်စေချင်ဘူး ဒါကြောင့်မို့လို့ ဒီလို မသိကျိုးကျွန်ပြုသော သူများရှိခဲ့ရင် ကျန်မာရေးဘက်ကနေပြီးတော့ နောင်တချိန်မှာ ဝန်ပိလာမယ့် ကိစ္စအတွက်ကြိုတင်ပြီးတော့ ရှောင်ရှားပေး ကြဖို့လည်း ပြောလိုပါတယ်။ တကယ်လို့ သူတို့ကြောင့်ဖြစ်ခဲ့ရင် သူူတို့မှာ တာဝန်အပြည့်အ၀ ရှိပါတယ်။ ဒါကြောင့်မို့ လူစုလူဝေး ပြုလုပ်ခြင်းကို တားဆီးဖို့အတွက် တာဝန်ခံရမယ့် လူတွေမှာလည်း တာဝန်ရှိတယ်။ COVID ကာကွယ်ရေး လုပ်ငန်းတွေကို ပြည်သူလူထုကနေ ပြန်ပြီးတော့ လိုက်နာစေချင်တယ်။ တကယ်လို့များ နောက်တပတ်အကျော်မှာ အများကြီး ပြန်တက်လာမယ်ဆိုရင် ဒီထက်တင်းကျပ်တာတွေ လုပ်ဖို့ လိုအပ်လာလိမ့်မယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ အခုကတော့ အဖြစ်များနေတဲ့ ရန်ကုန်အတွက် အဓိက စိုးရိမ်ရတဲ့ သဘောပေါ့နော်ဆရာ၊ မြို.ကြီးတွေပါ
ဒေါက်တာမော်မော်ဦး။ ။မြို့ကြီးတွေအတွက်ကို စိုးရိမ်တယ် ။ ရန်ကုန်ကနေ ဒုတိယတဆင့် လူဦးရေများတဲ့ မန္တလေးလိုမျိုးကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဦးရေများတဲ့နေရာတွေမှာ ကုးစက်မှုက ပိုများလာရင် Positive ထွက်တဲ့ လူနာအရေအတွက်ကလည်း ရုတ်တရက်ဆိုသလို အများကြီး တက်လာမှာကို ကြောက်တယ်။ အဲလိုမျိုး မဖြစ်အောင်တော့ ဘာကိုမှ ငဲ့ညှာစရာမရှိတော့တဲ့အချိန်မှာ လုပ်သင့်တဲ့အချိန်ရောက်နေပါပြီလို့ အကြံပေးချင်ပါတယ်။
ကိုဝင်းမင်း။ ။ ဒီနေရာမှာ စစ်နှုန်းအနေအထားရော တိုးမြှင့်လုပ်ဆောင်ဖို့ ရှိလား အရင်ရက်တွေကရော ဒီစစ်နှုန်းက။
ဒေါက်တာမော်မော်ဦး။ ။ စစ်နှုန်းကို တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ကျနော်တို့ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ရှိတယ် ။ စီစဉ်နေတာတွေရှိတယ် အဲဒီအစီအစဉ်တွေနဲ့ ဒီဘက်က ကုသပေးနိုင်တဲ့ Isolation လုပ်ပေးနိုင်တဲ့ အစီအစဉ်နဲ့ Tally (အရေအတွက်ကိုက်တာ) ဖြစ်အောင် လောလောဆည် စီစဉ်နေတယ်။ ဟိုဘက်နဲ့ ဒီဘက်နဲ့ သဟဇာတဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဆိုရင်တော့ ကျနော်တို့ Community Testing လုပ်ပြီးတော့ အားလုံးကို အမြန်ဆုံး ခွဲထားနိုင်ဖို့နဲ့ ကုသပေးနိုင်ဖို့ လောလောဆယ် လူဦးရေထူထပ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အားလုံး စီစဉ်နေတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ အခုရွေးကောက်ပွဲ အပြီး လူနာတွေလည်းအများကြီး တဟုန်ထိုး တက်မလာပဲနဲ့ ဆေးရုံတွေမှာလည်း နိုင်နိုင်နင်းနင်း ကုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။