သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 အတည်ပြုလူနာစာရင်းလျော့ကျ


ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ ကိုဗစ် ရောဂါစစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ ကိုဗစ် ရောဂါစစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 အတည်ပြုလူနာအရေအတွက်ဟာ ၅၉၈ ယောက်ဖြစ်တဲ့အတွက် အရင်နေ့တွေကထက် စာရင် သိသိသာသာ လျော့ကျသွားပါတယ်။ သေဆုံးသူကတော့ ၁၇ ယောက်ဖြစ်ပြီး အဲဒီထဲက ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာကတော့ ၉,၂၃၀ ခုဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ဒီနေ့နိုဝင်ဘာ ၉ ရက်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၆၁,၉၇၅ ယောက်နဲ့ သေဆုံးသူ စုစုပေါင်း ၁,၄၃၇ ယောက်ဖြစ်ပါတယ်။ ဆေးရုံကဆင်းခွင့်ရသူကတော့ ၄၆,၆၆၁ ယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာအရေအတွက် ရက်နဲ့ချီကြာအောင် ထောင်ကျော် ရှိနေရာကနေ ဒီနေ့အပါအဝင် တချို့ရက်တွေမှာ ထောင်ဂဏန်းအောက် ကျသွားတာ တွေ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါလို စိန်ခေါ်မှုတွေကြားက ရွေးကောက်ပွဲကို တနင်္ဂနွေနေ့က ငြိမ်းငြိမ်းချမ်းချမ်း အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အပေါ် EU ဥရောပသမဂ္ဂက မြန်မာပြည်သူတွေကို ချီးကျူးကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

[Unicode Version]





XS
SM
MD
LG