သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၆၃,၂၄၁ ဦး၊ ေသဆံုး ၁,၄၆၁ ဦး


ရန္ကုန္ၿမိဳ႕တြင္ ကိုဗစ္ေၾကာင့္ေသဆံုးသူတစ္ဦးကို သၿဂိဳၤဟ္ၿပီး ေတြ႔ရသည့္ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။ (ေအာက္တိုဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID-19 အတည္ျပဳလူနာအေရအတြက္ ၁,၂၆၆ ေယာက္ရွိေၾကာင္း အတည္ျပဳလိုက္တဲ့အတြက္ ေရာဂါကူးစက္သူ စုစုေပါင္း ၆၃,၂၄၁ ေယာက္ရွိၿပီျဖစ္ပါတယ္။ ၂၄ နာရီအတြင္း ေသဆုံးသူ ၂၄ ေယာက္ရွိတဲ့အတြက္ အခုထိေသဆုံးသူေပါင္း ၁,၄၆၁ ေယာက္ရွိပါတယ္။ ဒီေန႔အတြက္ ဓါတ္ခြဲနမူနာေပါင္း ၁၇,၀၀၀ ခုကို စစ္ေဆးခဲ့တာပါ။ အတည္ျပဳလူနာေတြထဲ ေဆး႐ုံကဆင္းခြင့္ရသူကေတာ့ ၄၇,၄၁၁ ေယာက္ရွိပါတယ္။

ကမာၻ႔ႏိုင္ငံအမ်ားအျပားမွာလည္း ေရာဂါကူးစက္ျဖစ္ပြါးမႈနဲ႔ ေသဆုံးမႈႏႈန္းက ဆက္ၿပီးျမင့္တက္ေနတာပါ။ ႏိုဝင္ဘာလ ၉ ရက္ေန႔အထိ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO ကထုတ္ျပန္တဲ့ COVID -19 ေရာဂါျဖစ္ပြါးမႈ အမ်ားဆုံး ႏိုင္ငံ ၉၀ စာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၇၈ မွာ ရွိပါတယ္။ တကမာၻလုံးအတိုင္းအတာနဲ႔ အေမရိကန္က COVID-19 ျဖစ္ပြါးမႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး အိႏၵိယက ဒုတိယနဲ႔ ဘရာဇီးလ္က တတိယေနရာမွာရွိ ပါတယ္။ အင္ဒိုနီးရွားက အေရွ႕ေတာင္အာရွမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း အျမင့္ဆုံးျဖစ္ၿပီး WHO ရဲ႕ COVID-19 ေရာဂါျဖစ္ပြါးမႈ အမ်ားဆုံး ႏိုင္ငံ ၉၀ စာရင္းမွာ အဆင့္ ၂၁ မွာရွိေနပါတယ္။

အားကစားနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနအေနနဲ႔ ျမန္မာႏိုင္ငံ COVID-19 ျဖစ္ပြါးမႈ နဲ႔ ေသဆုံးမႈ အနည္းဆုံးျဖစ္ဖို႔ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းေတြကို အစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္ေနသလို ျပည္သူေတြအေနနဲ႔ လည္း ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၆၃,၂၄၁ ဦး၊ သေဆုံး ၁,၄၆၁ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 အတည်ပြုလူနာအရေအတွက် ၁,၂၆၆ ယောက်ရှိကြောင်း အတည်ပြုလိုက်တဲ့အတွက် ရောဂါကူးစက်သူ စုစုပေါင်း ၆၃,၂၄၁ ယောက်ရှိပြီဖြစ်ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူ ၂၄ ယောက်ရှိတဲ့အတွက် အခုထိသေဆုံးသူပေါင်း ၁,၄၆၁ ယောက်ရှိပါတယ်။ ဒီနေ့အတွက် ဓါတ်ခွဲနမူနာပေါင်း ၁၇,၀၀၀ ခုကို စစ်ဆေးခဲ့တာပါ။ အတည်ပြုလူနာတွေထဲ ဆေးရုံကဆင်းခွင့်ရသူကတော့ ၄၇,၄၁၁ ယောက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားမှာလည်း ရောဂါကူးစက်ဖြစ်ပွါးမှုနဲ့ သေဆုံးမှုနှုန်းက ဆက်ပြီးမြင့်တက်နေတာပါ။ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကထုတ်ပြန်တဲ့ COVID -19 ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇၈ မှာ ရှိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်က COVID-19 ဖြစ်ပွါးမှုနှုန်း အများဆုံးဖြစ်ပြီး အိန္ဒိယက ဒုတိယနဲ့ ဘရာဇီးလ်က တတိယနေရာမှာရှိ ပါတယ်။ အင်ဒိုနီးရှားက အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပြီး WHO ရဲ့ COVID-19 ရောဂါဖြစ်ပွါးမှု အများဆုံး နိုင်ငံ ၉၀ စာရင်းမှာ အဆင့် ၂၁ မှာရှိနေပါတယ်။

အားကစားနဲ့ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ COVID-19 ဖြစ်ပွါးမှု နဲ့ သေဆုံးမှု အနည်းဆုံးဖြစ်ဖို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေသလို ပြည်သူတွေအနေနဲ့ လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG