သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္စစ္ၿပီးမွ စကၤာပူသြားတဲ့ ျမန္မာ ၁၀ ဦး ထပ္စစ္တာမွာ ကိုဗစ္ကူးထားေၾကာင္းေတြ႔


စကၤာပူႏိုင္ငံမွာ ကိုဗစ္စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

စကၤာပူႏိုင္ငံကုိ မၾကာေသးခင္က ေရာက္လာသူေတြထဲက ျမန္မာႏုိင္ငံသား ၁၀ ေယာက္မွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈ ေတြ႔ရွိေၾကာင္း စကၤာပူက်န္းမာေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္ေတြ ေလ်ာ့က်လာေနၿပီး ျပည္တြင္းမွာ ကူးစက္မႈ မရွိေတာ့တဲ့ စကၤာပူႏုိင္ငံမွာ ဒီရက္ပုိင္းအတြင္း ျမန္မာႏုိင္ငံသားတခ်ဳိ႕ အပါအ၀င္ ျပည္ပက ေရာက္လာသူေတြမွာ ေရာဂါပုိးကူးစက္ေနတာ ေတြ႔ရွိခဲ့တာပါ။ စကၤာပူ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ျပည္ပက ေရာက္လာသူေတြထဲက ေရာဂါကူးစက္သူအျဖစ္ အတည္ျပဳစစ္ေဆးေတြ႔ရွိသူ ၁၈ ေယာက္မွာ ျမန္မာႏုိင္ငံသား ၁၀ ေယာက္ ပါ၀င္ေနပါတယ္။ အိမ္အကူ အလုပ္သမား အမ်ားစု ပါ၀င္တဲ့ ျမန္မာႏုိင္ငံသားေတြဟာ စကၤာပူႏုိင္ငံ မလာခင္မွာ ကုိဗစ္ေရာဂါပုိး ကင္းရွင္းေၾကာင္း အတည္ျပဳခ်က္ ရထားသူေတြ ျဖစ္ေပမဲ့ စကၤာပူႏုိင္ငံမွာ ထပ္မံစစ္ေဆးရာမွာ ကူးစက္ခံထားရတာကုိ ေတြ႔ရွိခဲ့ရတာလုိ႔လည္း စကၤာပူႏုိင္ငံ ကမ္းလြန္ေရနံလုပ္ငန္း Sembcorp Marine မွာ လုပ္ငန္းခြင္ေဘးကင္း လံုျခံဳေရးနဲ႔ က်န္းမာေရးဌာနမွဴး တာ၀န္ယူထားတဲ့ ဦးတင္မင္းက ေျပာပါတယ္။

"ျမန္မာက်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက swab test စစ္ေပးတယ္။ ၇၂ နာ၇ီအတြင္း စစ္ေပးတယ္။ အဲ့ဒါ တဦးမွ မရွိဘူး။ အခုေရာက္ေနတဲ့သူေတြက အားလံုးစစ္ျပီးသားလူေတြ... ျမန္မာျပည္မွာ အားလံုး Negative သမားေတြ ျပထားျပီးသားလူေတြ ဒီေရာက္မွ positive ျပလဲ မသိဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပါ့... ဒီကေလးေတြ အားလံုးကေတာ့ ဟုိးတပတ္ေသာၾကာက ေရာက္လာတဲ့သူေတြ ဒီထဲမွာပဲ ၁၀ ေယာက္က ျမန္မာေတြလို႔ ေျပာတယ္ မေန႔က ရလဒ္အရ ၁၈ ေယာက္ ကူးစက္တာ၊ ၁၀ေယာက္က ျမန္မာေတြ ျဖစ္တယ္။ ၂ ေယာက္က အလုပ္လုပ္ခြင္ရထားတဲ့ ပါမစ္သမားေတြ ၈ ေယာက္က အိမ္အကူေတြလို႔ သိရပါတယ္။"

မေန႔တုန္းက ေရာဂါကူးစက္သူေတြအျဖစ္ အတည္ျပဳခဲ့သူ ၁၈ ေယာက္မွာေတာ့ ျမန္မာႏုိင္ငံအျပင္၊ ကပ္ေရာဂါ ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ အိႏၵိယ၊ ႐ုရွား၊ အင္ဒုိနီးရွားႏုိင္ငံတုိ႔နဲ႔ နီေပါ၊ နယ္သာလန္၊ ဆြစ္ဇာလန္ႏုိင္ငံေတြက ေရာက္လာသူေတြ ပါ၀င္ေၾကာင္းလည္း စကၤာပူက်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ စကၤာပူႏုိင္ငံမွာ ျပည္ပက ေရာက္လာတဲ့ ကပ္ေရာဂါကူးစက္သူေတြထဲမွာ ျမန္မာႏုိင္ငံသား အမ်ားစုပါ၀င္ေနတာ ေတြ႔ရတဲ့အတြက္ စုိးရိမ္မႈေတြ ထြက္ေပၚေနတယ္လုိ႔လည္း စကၤာပူႏုိင္ငံမွာ အလုပ္လုပ္ေနတဲ့ ဦးတင္မင္းက ေျပာပါတယ္။

"ေအာက္တုိဘာလထဲမွာ အမ်ားဆံုးက ၁၅ ေယာက္ပဲရွိတယ္။ မေန႔က တေန႔တည္းမွာပဲ ပုိးေတြ႔တာ ၁၈ ေယာက္အမ်ားဆံုးျဖစ္သြားတယ္။ ဒီထဲမွာမွ ၁၀ ေယာက္ကျမန္မာေတြဆုိေတာ့ ပုိးေတြ ့ဆိုေတာ့ က်ေနာ္တို႔က နည္းနည္းစိုးရိမ္သြားတယ္၊ စိတ္ပူသြားတယ္။ ျမန္မာေတြ ေနာက္ထပ္လာမယ့္အထဲမွာ positive ေတြ ပုိမ်ားလာမလားေပါ့။"

ကုိဗစ္ကပ္ေရာဂါပုိး ကူးစက္ခံရသူအျဖစ္ အတည္ျပဳလူနာေတြကုိေတာ့ စကၤာပူအစုိးရက အခမဲ့ကုသေပးၿပီး သက္သာေပ်ာက္ကင္းတဲ့အခါ အလုပ္လုပ္ခြင့္ ရွိတယ္လုိ႔လည္း ဦးတင္မင္းက ေျပာပါတယ္။ စကၤာပူႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၈ ေယာက္နဲ႔ ကူးစက္သူ ၅,၈၀၀ ေက်ာ္ ရွိခဲ့ေပမဲ့ မၾကာေသးခင္ကစလုိ႔ ကူးစက္မႈေတြ ေလ်ာ့က်လာၿပီး၊ ျပည္တြင္းကူးစက္မႈေတြလည္း မရွိေတာ့ပါဘူး။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံမွာကေတာ့ မၾကာေသးခင္လေတြကစလုိ႔ ကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာရာက အခုဆုိရင္ ေသဆုံးသူ ၁,၅၀၀ ေလာက္နဲ႔ ကူးစက္သူ ၆၅,၀၀၀ ေလာက္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်စစ်ပြီးမှ စင်္ကာပူသွားတဲ့ မြန်မာ ၁၀ ဦး ထပ်စစ်တာမှာ ကိုဗစ်ကူးထားကြောင်းတွေ့

စင်္ကာပူနိုင်ငံကို မကြာသေးခင်က ရောက်လာသူတွေထဲက မြန်မာနိုင်ငံသား ၁၀ ယောက်မှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တွေ့ရှိကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်တွေ လျော့ကျလာနေပြီး ပြည်တွင်းမှာ ကူးစက်မှု မရှိတော့တဲ့ စင်္ကာပူနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတချို့ အပါအဝင် ပြည်ပက ရောက်လာသူတွေမှာ ရောဂါပိုးကူးစက်နေတာ တွေ့ရှိခဲ့တာပါ။ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြည်ပက ရောက်လာသူတွေထဲက ရောဂါကူးစက်သူအဖြစ် အတည်ပြုစစ်ဆေးတွေ့ရှိသူ ၁၈ ယောက်မှာ မြန်မာနိုင်ငံသား ၁၀ ယောက် ပါဝင်နေပါတယ်။ အိမ်အကူ အလုပ်သမား အများစု ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေဟာ စင်္ကာပူနိုင်ငံ မလာခင်မှာ ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း အတည်ပြုချက် ရထားသူတွေ ဖြစ်ပေမဲ့ စင်္ကာပူနိုင်ငံမှာ ထပ်မံစစ်ဆေးရာမှာ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာလို့လည်း စင်္ကာပူနိုင်ငံ ကမ်းလွန်ရေနံလုပ်ငန်း Sembcorp Marine မှာ လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးနဲ့ ကျန်းမာရေးဌာနမှူး တာဝန်ယူထားတဲ့ ဦးတင်မင်းက ပြောပါတယ်။

"မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက swab test covid စစ်ပေးတယ်။ ၇၂ နာရီအတွင်း စစ်ပေးတယ်။ အဲ့ဒါ တဦးမှ မရှိဘူး။ အခုရောက်နေတဲ့သူတွေက အားလုံးစစ်ပြီးသားလူတွေ... မြန်မာပြည်မှာ အားလုံး Negative သမားတွေ ပြထားပြီးသားလူတွေ ဒီရောက်မှ positive ပြလဲ မသိဘူး။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့... ဒီကလေးတွေ အားလုံးကတော့ ဟိုးတပတ်သောကြာက ရောက်လာတဲ့သူတွေ ဒီထဲမှာပဲ ၁၀ ယောက်က မြန်မာတွေလို့ ပြောတယ် မနေ့က ရလဒ်အရ ၁၈ ယောက် ကူးစက်တာ၊ ၁၀ယောက်က မြန်မာတွေ ဖြစ်တယ်။ ၂ ယောက်က အလုပ်လုပ်ခွင်ရထားတဲ့ ပါမစ်သမားတွေ ၈ ယောက်က အိမ်အကူတွေလို့ သိရပါတယ်။"

မနေ့တုန်းက ရောဂါကူးစက်သူတွေအဖြစ် အတည်ပြုခဲ့သူ ၁၈ ယောက်မှာတော့ မြန်မာနိုင်ငံအပြင်၊ ကပ်ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယ၊ ရုရှား၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ နီပေါ၊ နယ်သာလန်၊ ဆွစ်ဇာလန်နိုင်ငံတွေက ရောက်လာသူတွေ ပါဝင်ကြောင်းလည်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စင်္ကာပူနိုင်ငံမှာ ပြည်ပက ရောက်လာတဲ့ ကပ်ရောဂါကူးစက်သူတွေထဲမှာ မြန်မာနိုင်ငံသား အများစုပါဝင်နေတာ တွေ့ရတဲ့အတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့လည်း စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဦးတင်မင်းက ပြောပါတယ်။

"အောက်တိုဘာလထဲမှာ အများဆုံးက ၁၅ ယောက်ပဲရှိတယ်။ မနေ့က တနေ့တည်းမှာပဲ ပိုးတွေ့တာ ၁၈ ယောက်အများဆုံးဖြစ်သွားတယ်။ ဒီထဲမှာမှ ၁၀ ယောက်ကမြန်မာတွေဆိုတော့ ပိုးတွေ့ဆိုတော့ ကျနော်တို့က နည်းနည်းစိုးရိမ်သွားတယ်၊ စိတ်ပူသွားတယ်။ မြန်မာတွေ နောက်ထပ်လာမယ့်အထဲမှာ positive တွေ ပိုများလာမလားပေါ့။"

ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရသူအဖြစ် အတည်ပြုလူနာတွေကိုတော့ စင်္ကာပူအစိုးရက အခမဲ့ကုသပေးပြီး သက်သာပျောက်ကင်းတဲ့အခါ အလုပ်လုပ်ခွင့် ရှိတယ်လို့လည်း ဦးတင်မင်းက ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂၈ ယောက်နဲ့ ကူးစက်သူ ၅,၈၀၀ ကျော် ရှိခဲ့ပေမဲ့ မကြာသေးခင်ကစလို့ ကူးစက်မှုတွေ လျော့ကျလာပြီး၊ ပြည်တွင်းကူးစက်မှုတွေလည်း မရှိတော့ပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာကတော့ မကြာသေးခင်လတွေကစလို့ ကူးစက်မှုတွေ တကျော့ပြန်များလာရာက အခုဆိုရင် သေဆုံးသူ ၁,၅၀၀ လောက်နဲ့ ကူးစက်သူ ၆၅,၀၀၀ လောက် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG