သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲလြန္ကာလ ကိုဗစ္ကူးစက္မႈ တိုးႏုိင္ေျခ ႀကိဳတင္ျပင္ဆင္ေန


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုသို႔ မဲေပးဖို႔လာတဲ့ မဲဆႏၵရွင္မ်ားကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလမွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲေနာက္ပုိင္း ကူးစက္မႈေတြ တုိးလာႏုိင္တဲ့အတြက္ က်န္းမာေရးတာ၀န္ရွိသူေတြ ႀကိဳတင္ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စည္းကမ္းေတြနဲ႔အညီ က်င္းပခဲ့တယ္ ဆုိေပမဲ့လည္း ေရြးေကာက္ပဲြကာလမွာ လူစုလူေ၀းနဲ႔ လူအမ်ားအျပား ထိေတြ႔ဆက္ဆံမႈေတြ ရွိခဲ့တာေၾကာင့္ ကူးစက္မႈေတြ တုိးလာႏုိင္တယ္လုိ႔ က်န္းမာေရးပညာရွင္ေတြ ခန္႔မွန္းထားပါတယ္။ တနဂၤေႏြေန႔ ေရြးေကာက္ပဲြအၿပီးေနာက္ပုိင္း အႏုိင္ရပါတီအတြက္ ေအာင္ပဲြခံစုေ၀းတဲ့ လုပ္ရပ္ေတြဟာလည္း စုိးရိမ္စရာ ျဖစ္ခဲ့ရတာေၾကာင့္ ႀကိဳတင္ျပင္ဆင္ေနတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

"အခုလက္ရွိကေတာ့ တန႔္ေနတဲ့ အေနအထားမွာ ျပည္သူေတြ စုေဝးမယ္၊ တေယာက္နဲ႔ တေယာက္ ၆ ေပမျခား၊ Mask မတပ္ဘူး၊ အုပ္စုလိုက္ ဟစ္ေႂကြးသီဆို ေအာ္ဟစ္မယ္၊ သီခ်င္းဆိုမယ္ စသျဖင့္ ဒီလိုလႈပ္ရွားမႈေတြ လုပ္တဲ့အခါမွာဆိုရင္ ေရာဂါပိုးကူးစက္ႏိုင္တဲ့အခြင့္အေရးက တေယာက္ကိုတေယာက္ အရမ္းမ်ားပါတယ္။ ဒီလိုအေျခအေနမ်ိဳးကလည္း ရွိထားေတာ့ ေရာဂါျဖစ္ပြားမႈအေရအတြက္က ၉ ရက္ေန႔ကစၿပီးေတာ့ ေနာက္တပတ္ေလာက္မွာဆိုရင္ ေရာဂါျဖစ္ပြားမႈေတြမ်ား မ်ားလာမလား။ ဒါကေတာ့ ႀကိဳတင္ေမွ်ာ္ေတြးၿပီးေတာ့ ႀကိဳတင္ျပင္ဆင္မႈေတြေတာ့ လုပ္ေနပါတယ္။"

ကိုဗစ္ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးတဲ့ ပမာဏနဲ႔ ပိုးေတြ႕သူ အေရအတြက္ဟာ ၇ ရာခိုင္ႏႈန္းဝန္းက်င္မွာသာ ရွိေနၿပီး အခုလက္ရွိအေနအထားနဲ႔ဆို ေကာင္းတဲ့အေျခအေနမွာ ရွိေနေပမဲ့ ျပည္သူေတြ မေပါ့ဆဖို႔ကို သတိေပးထားပါတယ္။ အတည္ျပဳလူနာေတြထဲမွာ တခ်ိဳ႕က ေရာဂါလကၡဏာမျပဘဲ အေရးေပၚခြဲစိတ္ဖို႔ လိုအပ္လာခ်ိန္မွာ ကူးစက္ေနတာကုိ စစ္ေဆးေတြ႔ရွိသူေတြ ပါ၀င္ေနသလုိ၊ မေတာ္တဆမႈ အပါအ၀င္ တျခားအေၾကာင္းေတြနဲ႔ ေသဆုံးသူေတြကုိ စစ္ေဆးရာမွာလည္း ေရာဂါပုိးကူးစက္ေနတာေတြကုိ ေတြ႔ရွိထားပါတယ္။

ေ႐ြးေကာက္ပြဲကာလမွာ ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ကေန ေက်ာ္လြန္ၿပီး မဲလာေပးသူေတြကို ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးေပးခဲ့ၿပီး အဲဒီထဲက ၅ ရာခိုင္ႏႈန္းေလာက္မွာ ကူးစက္ေနတာေတြ႔ရွိထားတာေၾကာင့္ ေရာဂါအႏၲရာယ္ကို သတိျပဳဖို႔ကိုလည္း ေဒါက္တာခင္ခင္ႀကီးက တုိက္တြန္းပါတယ္။

"တခ်ိဳ႕ေတြက နားလည္မႈလြဲၿပီးေတာ့ Election မွာ ေန႔ခ်င္းျပန္ခရီးေတြ သြားၿပီးေတာ့ ဥပမာ- ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ မြန္ျပည္နယ္၊ ဧရာဝတီတိုင္း စသျဖင့္ အဲဒီေနရာေတြကေန မဲလာေပးၾကတယ္။ သူတို႔ရဲ႕မဲေပးပိုင္ခြင့္ ျပည္သူတေယာက္ရဲ႕ အခြင့္အေရး မဆုံးရႈံးေစဖို႔အတြက္ သူတို႔ေတြကို Rapid Test Kit ေတြနဲ႔ စစ္ေဆးေပးတာရွိပါတယ္။ ၄,၀၀၀ ေက်ာ္စစ္တာ ၂၀၀ ေက်ာ္ပိုးေတြ႕တယ္။ သူတို႔ေတြမွာ ေရာဂါလကၡဏာမျပဘဲ မဲေပးဖို႔သြားတာကေန စစ္လိုက္လို႔ပိုးေတြ႕တယ္။ ဒါကဘာကိုဆိုလိုတာလဲဆိုရင္ ျပည္သူလူထုထဲမွာ ေရာဂါလကၡဏာမျပပဲနဲ႔ ပိုးေတြ႕တဲ့သူေတြရွိေနတာကို မေပါ့ဆပါနဲ႔လို႔ ေျပာခ်င္တာျဖစ္ပါတယ္။"

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ အတည္ျပဳလူနာေပါင္း ၆၄,၄၅၃ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၁,၄၈၀ ဦးရွိေနပါတယ္။ ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္မ်ားလာရာက လူ ၃၀ ထက္ပိုၿပီး မစုေဝးၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ညႊန္ၾကားခဲ့ေပမဲ့ ေရြးေကာက္ပဲြ ကာလမွာေတာ့ လူ ၅၀ အထိ ခြင့္ျပဳခဲ့ပါတယ္။ ေရြးေကာက္ပဲြအၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာေတာ့ ေရြးေကာက္ပဲြကာလမွာ လူစုလူေ၀း ျဖစ္ခဲ့တာေတြရွိခဲ့ေပမဲ့ သိပ္အံ့အားသင့္စရာ မဟုတ္ေၾကာင္း ေျပာဆုိခဲ့တာပါ။ က်န္းမာေရး ၀န္ႀကီးဌာနကေတာ့ ေရြးေကာက္ပဲြ ေနာက္ပုိင္း လူစုလူေ၀းလုပ္တာေတြကုိ ေရွာင္ဖုိ႔နဲ႔ လုိက္နာဖုိ႔ ပ်က္ကြက္ရင္ ထိထိေရာက္ေရာက္ အေရးယူမယ္လို႔လည္း ဒီတပတ္ထဲမွာပဲ ထပ္မံသတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကပ်ရောဂါကာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း ကူးစက်မှုတွေ တိုးလာနိုင်တဲ့အတွက် ကျန်းမာရေးတာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေနဲ့အညီ ကျင်းပခဲ့တယ် ဆိုပေမဲ့လည်း ရွေးကောက်ပွဲကာလမှာ လူစုလူဝေးနဲ့ လူအများအပြား ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ကူးစက်မှုတွေ တိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းထားပါတယ်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အနိုင်ရပါတီအတွက် အောင်ပွဲခံစုဝေးတဲ့ လုပ်ရပ်တွေဟာလည်း စိုးရိမ်စရာ ဖြစ်ခဲ့ရတာကြောင့် ကြိုတင်ပြင်ဆင်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

"အခုလက်ရှိကတော့ တန့်နေတဲ့ အနေအထားမှာ ပြည်သူတွေစုဝေးမယ်၊ တယောက်နဲ့တယောက် ၆ ပေမခြား၊ Mask မတပ်ဘူး၊ အုပ်စုလိုက် ဟစ်ကြွေးသီဆို အော်ဟစ်မယ်၊ သီချင်းဆိုမယ် စသဖြင့် ဒီလိုလှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာဆိုရင် ရောဂါပိုးကူးစက်နိုင်တဲ့အခွင့်အရေးက တယောက်ကိုတယောက် အရမ်းများပါတယ်။ ဒီလိုအခြေအနေမျိုးကလည်း ရှိထားတော့ ရောဂါဖြစ်ပွားမှုအရေအတွက်က ၉ ရက်နေ့ကစပြီးတော့ နောက်တပတ်လောက်မှာဆိုရင် ရောဂါဖြစ်ပွားမှုတွေများ များလာမလား။ ဒါကတော့ ကြိုတင်မျှော်တွေးပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်နေပါတယ်။"

ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးတဲ့ ပမာဏနဲ့ ပိုးတွေ့သူ အရေအတွက်ဟာ ၇ ရာခိုင်နှုန်းဝန်းကျင်မှာသာ ရှိနေပြီး အခုလက်ရှိအနေအထားနဲ့ဆို ကောင်းတဲ့အခြေအနေမှာ ရှိနေပေမဲ့ ပြည်သူတွေ မပေါ့ဆဖို့ကို သတိပေးထားပါတယ်။ အတည်ပြုလူနာတွေထဲမှာ တချို့က ရောဂါလက္ခဏာမပြဘဲ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်လာချိန်မှာ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိသူတွေ ပါဝင်နေသလို၊ မတော်တဆမှု အပါအဝင် တခြားအကြောင်းတွေနဲ့ သေဆုံးသူတွေကို စစ်ဆေးရာမှာလည်း ရောဂါပိုးကူးစက်နေတာတွေကို တွေ့ရှိထားပါတယ်။

ရွေးကောက်ပွဲကာလမှာ ကိုယ်နေထိုင်ရာမြို့နယ်ကနေ ကျော်လွန်ပြီး မဲလာပေးသူတွေကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးခဲ့ပြီး အဲဒီထဲက ၅ ရာခိုင်နှုန်းလောက်မှာ ကူးစက်နေတာတွေ့ရှိထားတာကြောင့် ရောဂါအန္တရာယ်ကို သတိပြုဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပါတယ်။

"တချို့တွေက နားလည်မှုလွဲပြီးတော့ Election မှာ နေ့ချင်းပြန်ခရီးတွေ သွားပြီးတော့ ဥပမာ- ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း စသဖြင့် အဲဒီနေရာတွေကနေ မဲလာပေးကြတယ်။ သူတို့ရဲ့မဲပေးပိုင်ခွင့် ပြည်သူတယောက်ရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့အတွက် သူတို့တွေကို Rapid Test Kit တွေနဲ့ စစ်ဆေးပေးတာရှိပါတယ်။ ၄,၀၀၀ ကျော်စစ်တာ ၂၀၀ ကျော်ပိုးတွေ့တယ်။ သူတို့တွေမှာ ရောဂါလက္ခဏာမပြဘဲ မဲပေးဖို့သွားတာကနေ စစ်လိုက်လို့ပိုးတွေ့တယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုရင် ပြည်သူလူထုထဲမှာ ရောဂါလက္ခဏာမပြပဲနဲ့ ပိုးတွေ့တဲ့သူတွေရှိနေတာကို မပေါ့ဆပါနဲ့လို့ ပြောချင်တာဖြစ်ပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၆၄,၄၅၃ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၁,၄၈၀ ဦးရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန်များလာရာက လူ ၃၀ ထက်ပိုပြီး မစုဝေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ပေမဲ့ ရွေးကောက်ပွဲ ကာလမှာတော့ လူ ၅၀ အထိ ခွင့်ပြုခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲကာလမှာ လူစုလူဝေး ဖြစ်ခဲ့တာတွေရှိခဲ့ပေမဲ့ သိပ်အံ့အားသင့်စရာ မဟုတ်ကြောင်း ပြောဆိုခဲ့တာပါ။ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲ နောက်ပိုင်း လူစုလူဝေးလုပ်တာတွေကို ရှောင်ဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ဒီတပတ်ထဲမှာပဲ ထပ်မံသတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG