သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ေရာဂါ ကူးစက္ ေသဆံုးမႈ ဆက္ၿပီး ျမင့္တက္ေနဆဲ


Florida ျပည္နယ္ Miami ၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (စက္တင္ဘာ. ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ မေန႔ၾကာသပေတးေန႔က ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္သူ အေရအတြက္နဲ႔ ေဆး႐ုံတက္ရသူအေရအတြက္ဟာ စံခ်ိန္တင္ျမင့္တက္ခဲ့ပါတယ္။ ကိုဗစ္ေရာဂါကူးစက္မႈ ေစာင့္ၾကည့္တဲ့စီမံကိန္းရဲ႕ စာရင္းေတြအရေတာ့ အေမရိကန္မွာ မေန႔က ေရာဂါကူးစက္သူ ၁၅၀,၀၀၀ ေက်ာ္ရွိၿပီး ၿပီးခဲ့တဲ့ရက္က ၁၄၄,၀၀၀ နဲ႔ စံခ်ိန္တင္ထားတာထက္ ပိုမ်ားခဲ့ပါတယ္။

ဒါ့အျပင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေဆး႐ုံတက္ရသူအေရအတြက္ဟာ ၆၇,၀၀၀ ေက်ာ္ရွိၿပီး ဗုဒၶဟူးေန႔ကထက္ ၁,၇၀၀ ေက်ာ္ပိုမ်ားတယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ ေသဆုံးသူ ၁,၁၀၄ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။ အခုလို ကူးစက္မႈအသစ္ေတြထပ္တုိးလာတာေၾကာင့္ အေမရိကန္မွာ ဗုိ္င္းရပ္စ္ကူးစက္သူဦးေရဟာ ၁၀ သန္းခဲြေက်ာ္၊ ေသဆုံးသူ ၂၄၂,၄၀၀ ေက်ာ္ နဲ႔ ကမာၻေပၚမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆံုးႏုိင္ငံျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။ ဒီထဲမွာ လူဦးေရအမ်ားဆုံးျဖစ္တဲ့ ကယ္လီဖုိးနီးယားျပည္နယ္က ၁,၀၀၀,၀၀၀ နီးပါးနဲ႔ ကူးစက္မႈအမ်ားဆုံးျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ တကၠဆက္စ္ျပည္နယ္က ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

အေမရိကန္ၿပီးတဲ့ေနာက္ အိႏၵိယႏုိင္ငံက ကူးစက္သူ ၈.၇ သန္းေက်ာ္နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ဘရာဇီးလ္ႏိုင္ငံက ၅.၇ သန္းနဲ႔ တတိယအမ်ားဆုံးျဖစ္ပါတယ္။ ဘရာဇီးလ္ႏိုင္ငံမွာ တ႐ုတ္ေဆးကုမၸဏီ Sinovac က စမ္းသပ္ထုတ္လုပ္ေနတဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆးစမ္းသပ္မႈေတြကို ဘရာဇီးလ္က်န္းမာေရးအာဏာပိုင္ေတြက ျပန္ၿပီးေတာ့ ခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။ Sinovac ကုမၸဏီက စမ္းသပ္ေနတဲ့ Coronavac ဆုိတဲ့ ကာကြယ္ေဆးစမ္းသပ္မႈအတြင္း ပါ၀င္တဲ့သူတခ်ိဳ႕မွာ က်န္းမာေရးအရ စိုးရိမ္စရာ ေဘးထြက္ဆုိးက်ိဳးေတြျဖစ္လာခဲ့တဲ့အတြက္ က်န္းမာေရး အာဏာပိုင္ေတြဘက္က အေစာပိုင္းမွာ ရပ္ဆုိင္းခဲ့တာျဖစ္ပါတယ္။

အီတလီႏုိင္ငံမွာေတာ့ ေရာဂါကူးစက္ခံရသူ ၁,၀၀၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး အီတလီဟာ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္သူ ၁,၀၀၀,၀၀၀ ေက်ာ္ရွိတဲ့ ၁၀ ခုေျမာက္ႏုိင္ငံျဖစ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ ကိုဗစ်ရောဂါ ကူးစက် သေဆုံးမှု ဆက်ပြီး မြင့်တက်နေဆဲ

အမေရိကန်ပြည်ထောင်စုမှာ မနေ့ကြာသပတေးနေ့က နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်နဲ့ ဆေးရုံတက်ရသူအရေအတွက်ဟာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု စောင့်ကြည့်တဲ့စီမံကိန်းရဲ့ စာရင်းတွေအရတော့ အမေရိကန်မှာ မနေ့က ရောဂါကူးစက်သူ ၁၅၀,၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ရက်က ၁၄၄,၀၀၀ နဲ့ စံချိန်တင်ထားတာထက် ပိုများခဲ့ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရသူအရေအတွက်ဟာ ၆၇,၀၀၀ ကျော်ရှိပြီး ဗုဒ္ဓဟူးနေ့ကထက် ၁,၇၀၀ ကျော်ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူ ၁,၁၀၄ ယောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ကူးစက်မှုအသစ်တွေထပ်တိုးလာတာကြောင့် အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူဦးရေဟာ ၁၀ သန်းခွဲကျော်၊ သေဆုံးသူ ၂၄၂,၄၀၀ ကျော် နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။ ဒီထဲမှာ လူဦးရေအများဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ၁,၀၀၀,၀၀၀ နီးပါးနဲ့ ကူးစက်မှုအများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ တက္ကဆက်စ်ပြည်နယ်က ဒုတိယအများဆုံးဖြစ်ပါတယ်။

အမေရိကန်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံက ကူးစက်သူ ၈.၇ သန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက ၅.၇ သန်းနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ တရုတ်ဆေးကုမ္ပဏီ Sinovac က စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုတွေကို ဘရာဇီးလ်ကျန်းမာရေးအာဏာပိုင်တွေက ပြန်ပြီးတော့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ Sinovac ကုမ္ပဏီက စမ်းသပ်နေတဲ့ Coronavac ဆိုတဲ့ ကာကွယ်ဆေးစမ်းသပ်မှုအတွင်း ပါဝင်တဲ့သူတချို့မှာ ကျန်းမာရေးအရ စိုးရိမ်စရာ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာခဲ့တဲ့အတွက် ကျန်းမာရေး အာဏာပိုင်တွေဘက်က အစောပိုင်းမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အီတလီနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး အီတလီဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်ရှိတဲ့ ၁၀ ခုမြောက်နိုင်ငံဖြစ်လာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG