သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီး အြန္လိုင္းစည္းေဝးပြဲ ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္


အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီး ေဆြးေႏြးပြဲ။ (ႏိုဝင္ဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (ASEAN) ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီး ေဆြးေႏြးပြဲကို ၾကာသပေတးေန႔က က်င္းပခဲ့ရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ဗီြဒီယိုဆက္သြယ္ေရးကေန တဆင့္ ပါဝင္ တက္ေရာက္ခဲ့ပါတယ္။

ဒါဟာျဖင့္ ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပြဲ က်င္းပၿပီးေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ ပထမဆံုးတက္ေရာက္တဲ့ ႏုိင္ငံတကာအစည္းအေဝး တခုလည္းျဖစ္ပါတယ္။

ထိပ္သီး အစည္းအေဝးမွာ အာဆီယံ အလွည့္က် ဥကၠ႒ ျဖစ္သူ ဗီယက္နမ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ အေၾကာင္းကို အခုလို ထည့္သြင္း ေဆြးေႏြးသြားပါတယ္။

"COVID-19 က က်ေနာ္တို႔ ျပည္သူေတြရဲ႕ ဘဝေတြကို အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ေနတဲ့အတြက္ ခက္ခဲတဲ့ အခ်ိန္ကို က်ေနာ္တို႔ ျဖတ္သန္းေနၾကရပါတယ္။ စီးပြားေရးနဲ႔ လူမႈေရး အေျခအေနေတြ ပ်က္ယြင္းေနရခ်ိန္မွာပဲ မိုးေခါင္မႈ၊ ေရႀကီးမႈနဲ႔ ဆက္တိုက္ဆိုသလို က်ေရာက္တဲ့ မုန္တိုင္းေတြလို သဘာဝ ေဘးအႏၲရာယ္ေတြက အေျခအေနကို ပိုၿပီး ဆိုး႐ြားေနေစပါတယ္။ ဆယ္စုႏွစ္ေတြၾကာ တည္ေဆာက္ယူခဲ့ရတဲ့ လူမႈ စီးပြားဘဝ တိုးတက္မႈေတြလည္း ဖ်က္ဆီးခံရသလို လာမယ့္ ႏွစ္ေတြမွာလည္း ဆုံးရႈံးမႈေတြ ထပ္မံ ႀကဳံေတြ႕ရဖို႔ ရွိေနပါတယ္။" လို႔ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္ NGUYEN XUAN PHUC က ေျပာပါတယ္။

အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲ က်င္းပေနစဥ္အတြင္း အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ တ႐ုတ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Ki Keqiang တို႔ အၾကား တ႐ုတ္၊ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲကိုလည္း ဆက္လက္ က်င္းပခဲ့ၿပီး အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးေက်ာ္တင္ တက္ေရာက္ခဲ့ပါတယ္။

ေတာင္တ႐ုတ္ ပင္လယ္ထဲ တ႐ုတ္ႏိုင္ငံက နယ္ေျမပိုင္ဆိုင္မႈဆိုင္ရာ တစိုက္မတ္မတ္ တိုးျမႇင့္ ျပဳလုပ္ေနလို႔ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ အခုလို တ႐ုတ္၊ အာဆီယံ ထိပ္သီး အစည္းအေဝးကို က်င္းပတာ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ ပင္လယ္ျပင္ထဲ တ႐ုတ္ သေဘၤာေတြနဲ႔ ဗီယက္နမ္၊ မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံက သေဘၤာေတြအၾကား မၾကာခဏ ဆိုသလို ထိပ္တိုင္ ရင္ဆိုင္မႈေတြ ျဖစ္ပြားေနတာပါ။

အဲဒီ တ႐ုတ္၊ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲမွာ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ Li Keqiang က တ႐ုတ္နဲ႔ အာဆီယံႏိုင္ငံေတြ ကို႐ိုနာဗိုင္းရပ္စ္ကို အတူတကြ တိုက္ဖ်က္ေနၿပီး စီးပြားေရး ျပန္လည္ ပြင့္လာေရး ႀကိဳးပမ္းေနၾကတယ္လို႔ ေျပာၾကားေၾကာင္း တ႐ုတ္ အစိုးရရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

က်င္းပဆဲ ထိပ္သီးေဆြးေႏြးပြဲအတြင္း အာဆီယံ ေခါင္းေဆာင္ေတြဟာ အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားေခါင္းေဆာင္ေတြနဲ႔လည္း သီးျခားစီ ဆက္လက္ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဆီယံထိပ်သီး အွန်လိုင်းစည်းဝေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ကြာသပတေးနေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် ပါဝင် တက်ရောက်ခဲ့ပါတယ်။

ဒါဟာဖြင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတက်ရောက်တဲ့ နိုင်ငံတကာအစည်းအဝေး တခုလည်းဖြစ်ပါတယ်။

ထိပ်သီး အစည်းအဝေးမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်းကို အခုလို ထည့်သွင်း ဆွေးနွေးသွားပါတယ်။

"COVID-19 က ကျနော်တို့ ပြည်သူတွေရဲ့ ဘဝတွေကို အန္တရာယ်ပြု ခြိမ်းခြောက်နေတဲ့အတွက် ခက်ခဲတဲ့ အချိန်ကို ကျနော်တို့ ဖြတ်သန်းနေကြရပါတယ်။ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ ပျက်ယွင်းနေရချိန်မှာပဲ မိုးခေါင်မှု၊ ရေကြီးမှုနဲ့ ဆက်တိုက်ဆိုသလို ကျရောက်တဲ့ မုန်တိုင်းတွေလို သဘာဝ ဘေးအန္တရာယ်တွေက အခြေအနေကို ပိုပြီး ဆိုးရွားနေစေပါတယ်။ ဆယ်စုနှစ်တွေကြာ တည်ဆောက်ယူခဲ့ရတဲ့ လူမှု စီးပွားဘဝ တိုးတက်မှုတွေလည်း ဖျက်ဆီးခံရသလို လာမယ့် နှစ်တွေမှာလည်း ဆုံးရှုံးမှုတွေ ထပ်မံ ကြုံတွေ့ရဖို့ ရှိနေပါတယ်။" လို့ ဗီယက်နမ် ဝန်ကြီးချုပ် NGUYEN XUAN PHUC က ပြောပါတယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Ki Keqiang တို့ အကြား တရုတ်၊ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း ဆက်လက် ကျင်းပခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲ တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တစိုက်မတ်မတ် တိုးမြှင့် ပြုလုပ်နေလို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို တရုတ်၊ အာဆီယံ ထိပ်သီး အစည်းအဝေးကို ကျင်းပတာ ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်ထဲ တရုတ် သင်္ဘောတွေနဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက သင်္ဘောတွေအကြား မကြာခဏ ဆိုသလို ထိပ်တိုင် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေတာပါ။

အဲဒီ တရုတ်၊ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ တရုတ် ဝန်ကြီးချုပ် Li Keqiang က တရုတ်နဲ့ အာဆီယံနိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ်ကို အတူတကွ တိုက်ဖျက်နေပြီး စီးပွားရေး ပြန်လည် ပွင့်လာရေး ကြိုးပမ်းနေကြတယ်လို့ ပြောကြားကြောင်း တရုတ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကျင်းပဆဲ ထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ ခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေနဲ့လည်း သီးခြားစီ ဆက်လက် ဆွေးနွေးသွားဖို့ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG