သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆာခါရော့ဗ်ဆု အဝန်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံ့ခံရ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ -Myanmar State Counsellor Office)

[Zawgyi/Unicode]

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ်ဆု (Sakharov Prize) အဝန်းအဝိုင်းထဲကနေ ဆိုင်းငံ့ထားလိုက်ပြီလို့ ဥရောပလွှတ်တော်က စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

Conferenece of Presidents လို့ခေါ်တဲ့ ဥရောပလွှတ်တော်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ ဥက္ကဋ္ဌတွေ ပါဝင်တဲ့အဖွဲ့က အခုလို ဆုံးဖြတ်လိုက်တာဖြစ်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ဆက်ပြီး ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် တုံ့ပြန် ဖြေရှင်းဖို့နဲ့ အဲဒီလို ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတာကို လက်ခံဖို့ ပျက်ကွက်တာကြောင့် အခုလို ဆိုင်းငံ့ထားလိုက်တာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဆာခါရော့ဗ်ဆု အဝန်းအဝိုင်းထဲမှာ ဥရောပလွှတ်တော်က လွှတ်တော်အမတ်တွေ၊ ဆုရှင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေပါဝင်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံနဲ့ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေအပေါ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို ပူးတွဲဖြေရှင်းဖို့အတွက် ဆုရှင်တွေနဲ့ ဥရောပလွှတ်တော်ကြား ချိတ်ဆက်ပေးတဲ့ ဆက်သွယ်ရေးလမ်းကြောင်းလည်းဖြစ်တယ်လို့ ဥရောပလွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လုပ်ဆောင်ချက်တွေအတွက် လွတ်လပ်စွာ တွေးခေါ်မြော်မြင်ခြင်းဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဥရောပပါလီမန်က ၁၉၉၀ ပြည့်နှစ်မှာ ချီးမြှင့်ခဲ့တာပါ။

အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတာကြောင့် ဆုကို လက်ခံရယူနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၃ ခုနှစ်မှာမှ ကိုယ်တိုင်သွားပြီး လက်ခံရယူခဲ့ပါတယ်။

[Unicode Version]



Conferenece of Presidents လို့ခေါျတဲ့ ဥရောပလှှတျတောျဥက်ကဋ်ဌနဲ့ နိုငျငံရေးအစုအဖှဲ့တှရေဲ့ ဥက်ကဋ်ဌတှေ ပါဝငျတဲ့အဖှဲ့က အခုလို ဆုံးဖွတျလိုကျတာဖွဈတဲ့အကွောငျး ထုတျပွနျခကြျမှာ ဖောျပွထားပါတယျ။






XS
SM
MD
LG