သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ေက်းဇူးေတာ္ေန႔အားလပ္ရက္ မိသားစုေတြ ဆံုေတြ႔ဖို႔ခက္


Florida ျပည္နယ္ Miami Beach နားက ေစ်းဝယ္စင္တာတခုအနီး ေတြ႔ရတဲ့ ႏွာေခါင္းစည္းတပ္ မိသားစု တစု။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကပ္ေရာဂါအေျခအေန ဆိုးေနတာေၾကာင့္ အဓိက အားလပ္ရပ္ႀကီးတခုျဖစ္တဲ့ Thanksgiving ေက်းဇူးေတာ္ေန႔မွာ ႏိုင္ငံတ၀န္းက မိသားစုေတြေတြ႔ဆုံေရး မေရမရာျဖစ္လာပါတယ္။ ဒီေရာဂါနဲ႔ ေသဆုံးသူေတြလည္း ေန႔စဥ္တိုးလာၿပီး ေလာေလာဆယ္ ၂၄၀,၀၀၀ ေက်ာ္ရွိတယ္လို႔ John Hopkins စစ္တမ္းကေဖာ္ျပပါတယ္။ ဒါေၾကာင့္လည္း ေက်းဇူးေတာ္ေန႔မွာ အစဥ္အလာအတုိင္း မိသားစုေတြ႔ဆုံစားေသာက္မယ့္ အစိီအစဥ္ကို အေသအခ်ာျပန္စဥ္းစားဖို႔ အေမရိကန္ကူးစက္ေရာဂါ ကာကြယ္ေရးဌာန ထိပ္တန္းပညာရွင္ Dr Anthony Fauci က သတိေပးေနပါတယ္။

အေမရိကန္ကူးစက္ေရာဂါ ကာကြယ္ေရးဌာန ထိပ္တန္းပညာရွင္ Dr Anthony Fauci
အေမရိကန္ကူးစက္ေရာဂါ ကာကြယ္ေရးဌာန ထိပ္တန္းပညာရွင္ Dr Anthony Fauci

မိသားစုထဲမွာ အသက္ႀကီးသူေတြရွိရင္ ဒါမွမဟုတ္ ဆီးခ်ိဳ၊ အ၀လြန္ေရာဂါ၊ ကင္ဆာနဲ႔ ႏွလုံးေရာဂါလို က်န္းမာေရးမေကာင္းသူေတြရွိမယ္ဆိုရင္ ပိုစဥ္းစားသင့္တယ္လို႔လည္း အႀကံေပးထားပါတယ္။ မိသားစု၀င္ထဲက ဘယ္သူ႔ဆီမွာ ကို႐ိုနာဗုိင္းရပ္စ္ပိုး ရွိေနသလဲဆိုတာ မသိႏုိင္ဘဲ ပိုးကူးႏုိင္ေျခရွိတဲ့ အတြက္ ဒီလို ေတြ႔ဆုံစားေသာက္ဖို႔ ထိုက္တန္ရဲ ႔လားဆိုတာ ျပန္စဥ္းစားၾကဖို႔ ေဒါက္တာ Fauci က သတိေပးေနတာပါ။

အသက္ ၇၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေဒါက္တာ Fauci ကိုယ္တုိင္လည္း ႏုိဝင္ဘာလ ၂၆ ရက္ေန႔က်ေရာက္မယ့္ ေက်းဇူးေတာ္ေန႔မွာ မိသားစုေတြနဲ႔ အြန္လိုင္းကေနပဲ ေတြ႔ဆုံဖို႔ စီစဥ္ထားတယ္လို႔ NBC သတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ AAA ေမာ္ေတာ္ယာဥ္နဲ႔ ခရီးသြားလာေရးအဖြဲ႔ရဲ ႔အဆိုအရ ေက်းဇူးေတာ္ေန႔ဟာ အေမရိကန္မွာ ခရီးသြားလာမႈအမ်ားဆုံးအခ်ိန္ျဖစ္ၿပိီး လူသန္း ၅၀ ေလာက္ မုိင္ ၅၀ ေက်ာ္ထိခရီးသြားၿပီး မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ေတြ႔ဆုံစားေသာက္ေလ့ရွိၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန် ကျေးဇူးတော်နေ့အားလပ်ရက် မိသားစုတွေ ဆုံတွေ့ဖို့ခက်

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါအခြေအနေ ဆိုးနေတာကြောင့် အဓိက အားလပ်ရပ်ကြီးတခုဖြစ်တဲ့ Thanksgiving ကျေးဇူးတော်နေ့မှာ နိုင်ငံတဝန်းက မိသားစုတွေတွေ့ဆုံရေး မရေမရာဖြစ်လာပါတယ်။ ဒီရောဂါနဲ့ သေဆုံးသူတွေလည်း နေ့စဉ်တိုးလာပြီး လောလောဆယ် ၂၄၀,၀၀၀ ကျော်ရှိတယ်လို့ John Hopkins စစ်တမ်းကဖော်ပြပါတယ်။ ဒါကြောင့်လည်း ကျေးဇူးတော်နေ့မှာ အစဉ်အလာအတိုင်း မိသားစုတွေ့ဆုံစားသောက်မယ့် အစီအစဉ်ကို အသေအချာပြန်စဉ်းစားဖို့ အမေရိကန်ကူးစက်ရောဂါ ကာကွယ်ရေးဌာန ထိပ်တန်းပညာရှင် Dr Anthony Fauci က သတိပေးနေပါတယ်။

မိသားစုထဲမှာ အသက်ကြီးသူတွေရှိရင် ဒါမှမဟုတ် ဆီးချို၊ အဝလွန်ရောဂါ၊ ကင်ဆာနဲ့ နှလုံးရောဂါလို ကျန်းမာရေးမကောင်းသူတွေရှိမယ်ဆိုရင် ပိုစဉ်းစားသင့်တယ်လို့လည်း အကြံပေးထားပါတယ်။ မိသားစုဝင်ထဲက ဘယ်သူ့ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေသလဲဆိုတာ မသိနိုင်ဘဲ ပိုးကူးနိုင်ခြေရှိတဲ့ အတွက် ဒီလို တွေ့ဆုံစားသောက်ဖို့ ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားကြဖို့ ဒေါက်တာ Fauci က သတိပေးနေတာပါ။

အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ Fauci ကိုယ်တိုင်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့ကျရောက်မယ့် ကျေးဇူးတော်နေ့မှာ မိသားစုတွေနဲ့ အွန်လိုင်းကနေပဲ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ NBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ AAA မော်တော်ယာဉ်နဲ့ ခရီးသွားလာရေးအဖွဲ့ရဲ့အဆိုအရ ကျေးဇူးတော်နေ့ဟာ အမေရိကန်မှာ ခရီးသွားလာမှုအများဆုံးအချိန်ဖြစ်ပြီး လူသန်း ၅၀ လောက် မိုင် ၅၀ ကျော်ထိခရီးသွားပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်လေ့ရှိကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG