သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Moderna ရဲ႕ COVID-19 ကာကြယ္ေဆး ထိေရာက္မႈ ၉၄% ေက်ာ္ထိရွိ


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ အတြက္ ကာကြယ္ေဆးရဖို႔ ကမာၻတလႊား ႀကိဳးစားေနၾကခ်ိန္မွာပဲ အေမရိကန္အေျခစိုက္ Moderna ေဆးကုမၸဏီက သူတုိ႔စမ္းသပ္ေနတဲ့ ကာကြယ္ေဆးဟာ ၉၄.၅ % ထိေရာက္မႈ ရွိတာ ေတြ႔ရတယ္လို႔ တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။

အေမရိကန္အစိုးရ က်န္းမာေရးဌာန NIH ရဲ႕ ကူးစက္ေရာဂါဆိုင္ရာ NIAID ဌာန နဲ႔ လက္တြဲၿပီး ကာကြယ္ေဆးထုတ္လုပ္ေနတဲ့ Massachusetts ျပည္နယ္အေျခစိုက္ Moderna ေဆးကုမၸဏီက COVID-19 ကာကြယ္ေဆး ကို လူေတြနဲ႔စမ္းသပ္ေနတဲ့ ေနာက္ဆံုးအဆင့္ Phase 3 အတြက္ လူေပါင္း ၃ ေသာင္းနဲ႔ စမ္းသပ္ေနတာ ျဖစ္ပါတယ္။

ေနာက္ဆံုး စမ္းသပ္မႈအဆင့္ Phase 3 မွာ ေရာက္ေနၿပီျဖစ္တဲ့ ဒီေဆးဟာ COVID-19 ေရာဂါ အတြက္ ကာကြယ္ႏိုင္စြမ္းရွိတာ ေတြ႔ရေၾကာင္း Moderna အမႈေဆာင္အရာရွိခ်ဳပ္ Stéphane Bancel က သတင္းထုတ္ျပန္ခဲ့တာပါ။

Moderna စမ္းသပ္ေနတဲ့ ကာကြယ္ေဆးဟာ အလားအလာရွိတဲ့ ဒုတိယေျမာက္ ကာကြယ္ေဆး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း အေမရိကန္အေျခစိုက္ Pfizer နဲ႔ ဂ်ာမဏီက BioNTech တို႔ ပူးတြဲ စမ္းသပ္ေနတဲ့ COVID-19 ကာကြယ္ေဆးဟာ ရာခိုင္ႏႈန္း ၉ ၀ ေက်ာ္ ထိေရာက္မႈ ရွိတယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္

သမၼတေဒၚနယ္ထရမ့္ကလည္း Moderna ကာကြယ္ေဆး အလာအလာေကာင္းတဲ့ သတင္းအတြက္ တြစ္တာကေန ေရးပါတယ္။

ေနာက္ထပ္ကာကြယ္ေဆး တမ်ိဳး ရၿပီျဖစ္ေၾကာင္းနဲ႔ ဒီတခါ ရတဲ့ Moderna ကာကြယ္ေဆးက ၉၅ % ထိေရာက္မႈရွိတာ ျဖစ္ၿပီး သူ႔လက္ထက္မွာပဲ တရုတ္ကလာတဲ့ ကပ္ေရာဂါ အဆံုးသတ္သြားေစမယ့္ ထူးျခားတဲ့ ေတြ႔ရွိခ်က္ေတြျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။

ေရြးေကာက္ပြဲမွာ အႏိုင္ရတယ္လို႔ ေၾကညာထားတဲ့ ဂ်ိဳးဘိုင္ဒန္ကလည္း ဒုတိယေျမာက္ အလားအလာေကာင္းတဲ့ ကာကြယ္ေဆးရၿပီ ဆိုတဲ့ သတင္းေၾကာင့္ ေမ ွ်ာ္လင့္ခ်က္ေတြ ထားလာႏိုင္ၿပီျဖစ္ေပမယ့္ လနဲ႔ခ်ီေစာင့္ရအံုးမွာ ျဖစ္တဲ့အတြက္ ဒီေရာဂါပိုးမကူးစက္ေအာင္ ႏွာေခါင္းစည္းတပ္တာနဲ႔ လူခ်င္းခပ္ခြါခြါ ေနတာေတြဆက္ၿပီး လုပ္ေဆာင္ၾကဖုိ႔ ပန္ၾကားခဲ့ပါတယ္။

ေနာက္ အေမရိကန္ေဆးကုမၸဏီႀကီးတခု ျဖစ္တဲ့ Johnson & Johnson ကလည္း တနလၤာေန႔မွာပဲ ဒီကာကြယ္ေဆးအတြက္ လူနဲ႔စမ္းသပ္တဲ့ ေနာက္ဆံုးအဆင့္ကို စတင္ေနၿပီျဖစ္ပါတယ္။

တနလၤာေန႔မွာ ကမာၻတလႊား COVID-19 အကူးစက္ခံရသူ ၅၄.၄ သန္းေက်ာ္ရွိၿပီး ေသဆံုးရသူက ၁.၃ သန္းေက်ာ္ရွိပါတယ္။

Moderna ရဲ႕ COVID-19 ကာကြယ္ေဆး ထိေရာက္မႈ ၉၄% ေက်ာ္ထိရွိ
please wait

No media source currently available

0:00 0:01:39 0:00
တိုက္႐ိုက္ လင့္ခ္


...............

Moderna ရဲ့ COVID-19 ကာကွယ်ဆေး ထိရောက်မှု ၉၄% ကျော်ထိရှိ
(Unicode)

COVID-19 ကပ်ရောဂါ အတွက် ကာကွယ်ဆေးရဖို့ ကမ္ဘာတလွှား ကြိုးစားနေကြချိန်မှာပဲ အမေရိကန်အခြေစိုက် Moderna ဆေးကုမ္ပဏီက သူတို့စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ၉၄.၅ % ထိရောက်မှု ရှိတာ တွေ့ရတယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်အစိုးရ ကျန်းမာရေးဌာန NIH ရဲ့ ကူးစက်ရောဂါဆိုင်ရာ NIAID ဌာန နဲ့ လက်တွဲပြီး ကာကွယ်ဆေးထုတ်လုပ်နေတဲ့ Massachusetts ပြည်နယ်အခြေစိုက် Moderna ဆေးကုမ္ပဏီက COVID-19 ကာကွယ်ဆေး ကို လူတွေနဲ့စမ်းသပ်နေတဲ့ နောက်ဆုံးအဆင့် Phase 3 အတွက် လူပေါင်း ၃ သောင်းနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံး စမ်းသပ်မှုအဆင့် Phase 3 မှာ ရောက်နေပြီဖြစ်တဲ့ ဒီဆေးဟာ COVID-19 ရောဂါ အတွက် ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရကြောင်း Moderna အမှုဆောင်အရာရှိချုပ် Stéphane Bancel က သတင်းထုတ်ပြန်ခဲ့တာပါ။

Moderna စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ အလားအလာရှိတဲ့ ဒုတိယမြောက် ကာကွယ်ဆေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အမေရိကန်အခြေစိုက် Pfizer နဲ့ ဂျာမဏီက BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှု ရှိတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်

သမ္မတဒေါ်နယ်ထရမ့်ကလည်း Moderna ကာကွယ်ဆေး အလာအလာကောင်းတဲ့ သတင်းအတွက် တွစ်တာကနေ ရေးပါတယ်။

နောက်ထပ်ကာကွယ်ဆေး တမျိုး ရပြီဖြစ်ကြောင်းနဲ့ ဒီတခါ ရတဲ့ Moderna ကာကွယ်ဆေးက ၉၅ % ထိရောက်မှုရှိတာ ဖြစ်ပြီး သူ့လက်ထက်မှာပဲ တရုတ်ကလာတဲ့ ကပ်ရောဂါ အဆုံးသတ်သွားစေမယ့် ထူးခြားတဲ့ တွေ့ရှိချက်တွေဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ကလည်း ဒုတိယမြောက် အလားအလာကောင်းတဲ့ ကာကွယ်ဆေးရပြီ ဆိုတဲ့ သတင်းကြောင့် မေ ျှာ်လင့်ချက်တွေ ထားလာနိုင်ပြီဖြစ်ပေမယ့် လနဲ့ချီစောင့်ရအုံးမှာ ဖြစ်တဲ့အတွက် ဒီရောဂါပိုးမကူးစက်အောင် နှာခေါင်းစည်းတပ်တာနဲ့ လူချင်းခပ်ခွါခွါ နေတာတွေဆက်ပြီး လုပ်ဆောင်ကြဖို့ ပန်ကြားခဲ့ပါတယ်။

နောက် အမေရိကန်ဆေးကုမ္ပဏီကြီးတခု ဖြစ်တဲ့ Johnson & Johnson ကလည်း တနင်္လာနေ့မှာပဲ ဒီကာကွယ်ဆေးအတွက် လူနဲ့စမ်းသပ်တဲ့ နောက်ဆုံးအဆင့်ကို စတင်နေပြီဖြစ်ပါတယ်။

တနင်္လာနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၅၄.၄ သန်းကျော်ရှိပြီး သေဆုံးရသူက ၁.၃ သန်းကျော်ရှိပါတယ်။

XS
SM
MD
LG