သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒလီမွာ COVID 19 တတိယကူးစက္မႈလႈိင္း အဆိုးဆံုး အေျခအေန ေက်ာ္လြန္ခဲ့ၿပီ (အိႏၵိယ က်န္းမာေရး၀န္ႀကီး)


(Zawgyi/Unicode)
အိႏၵိယႏုိင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီမွာ အခု ေနာက္ဆံုး တေက်ာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈရဲ႕ အဆိုးဆံုး အေျခအေနကို ေက်ာ္လြန္သြားၿပီလို႔ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရး အာဏာပိုင္ အဖြဲ႔ရဲ႕ က်န္းမာေရး ၀န္ႀကီး Satyendar Jain က တနလာၤေန႔မွာ ေျပာဆိုလိုက္ပါတယ္။

"အဆိုးဆံုး အေျခအေန ေက်ာ္လြန္သြားၿပီ ဆိုတာကို အတိအက် ေျပာႏုိင္ပါတယ္တဲ႔။ အခု ကူးစက္မႈက ျဖည္းျဖည္းခ်င္း က်ဆင္းလာေနပါၿပီ"လို႔ ၀န္ႀကီး Satyendar Jain က ရိုက္တာ သတင္းေအဂ်င္စီရဲ႕ မိတ္ဖက္ ANI သတင္းဌာနကို ေျဖၾကားခဲ႔တာပါ။ ၿမိဳ႕ေတာ္မွာ ဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း က်ဆင္းလာတာကို ရည္ညႊန္းေျပာဆိုသြားတာပါ။

ဒီေျပာဆိုခ်က္ဟာဆိုရင္ အသြားအလာ ကန္႔သတ္ ပိတ္ပင္မႈ ထပ္လုပ္မယ့္ အေရး စိုးရိ္မ္ခ်က္ေတြကို ပယ္ခ်လိုက္တာလည္း ျဖစ္ပါတယ္။ ၿမိဳ႕ေတာ္ နယူးေဒလီမွာ အခု ေနာက္ဆံုး တေက်ာ့ ျဖစ္တဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈေၾကာင့္ အထူးၾကပ္မတ္ ကုသေဆာင္ေတြမွာ လူနာေတြ အျပည့္နဲ႔ ျဖစ္ခဲ႔ၿပီး လူေပါင္း ရာနဲ႔ခ်ီ ေသဆံုးခဲ႔ရတာပါ။ ႏုိင္ငံတြင္း တျခား ေဒသေတြမွာ ဗိုင္းရပ္စ္ ကူးစက္မႈ က်လာေပမယ္လို႔လည္း ၿမိဳ႕ေတာ္ နယူးေဒလီမွာ ဒီလ အတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ မ်ားလာတာကို ေတြ႔ခဲ႔ရတာပါ။

အာဏာပိုင္ေတြကေတာ့ ဒါဟာ တတိယလိႈင္း ကူးစက္မႈလို႔ သံုးႏႈန္းသလိုဘဲ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း လူေပါင္း ၆၀၀ ေက်ာ္ ေသဆံုးခဲ႔ရပါတယ္။ အိႏၵိယ ႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳထားသူ ၈ ဒသမ ၈ သန္းရွိၿပီး ဒီအေရအတြက္ဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စု ၿပီးရင္ ကမၻာမွာ ဒုတိယေျမာက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ အမ်ားဆံုး ႏုိင္ငံ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိႏၵိယမွာ စက္တင္ဘာ လလယ္ပိုင္းက အဆိုးဆံုး ကူးစက္ခံရမႈေနာက္ပိုင္းမွာ ေန႔စဥ္ ကူးစက္ခံရမႈႏႈန္း က်ဆင္းလာခဲ႔တာပါ။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိႏၵိယမွာ လူေပါင္း ၁၂၉,၆၃၅ ဦး စံခ်ိန္တင္ ေသဆံုးခဲ႔ရပါတယ္။ တနလာၤေန႔မွာေတာ့ အိႏၵိယမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၃၀,၅၄၈ ဦး ရွိတယ္လို႔လည္း က်န္းမာေရး ၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဒေလီမှာ COVID 19 တတိယကူးစက်မှုလှိုင်း အဆိုးဆုံး အခြေအနေ ကျော်လွန်ခဲ့ပြီ (အိန္ဒိယ ကျန်းမာရေးဝန်ကြီး)

(Unicode)
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အခု နောက်ဆုံး တကျော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရဲ့ အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီလို့ မြို့တော် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီး Satyendar Jain က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

"အဆိုးဆုံး အခြေအနေ ကျော်လွန်သွားပြီ ဆိုတာကို အတိအကျ ပြောနိုင်ပါတယ်တဲ့။ အခု ကူးစက်မှုက ဖြည်းဖြည်းချင်း ကျဆင်းလာနေပါပြီ"လို့ ဝန်ကြီး Satyendar Jain က ရိုက်တာ သတင်းအေဂျင်စီရဲ့ မိတ်ဖက် ANI သတင်းဌာနကို ဖြေကြားခဲ့တာပါ။ မြို့တော်မှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာတာကို ရည်ညွှန်းပြောဆိုသွားတာပါ။

ဒီပြောဆိုချက်ဟာဆိုရင် အသွားအလာ ကန့်သတ် ပိတ်ပင်မှု ထပ်လုပ်မယ့် အရေး စိုးရိမ်ချက်တွေကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ မြို့တော် နယူးဒေလီမှာ အခု နောက်ဆုံး တကျော့ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာတွေ အပြည့်နဲ့ ဖြစ်ခဲ့ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတာပါ။ နိုင်ငံတွင်း တခြား ဒေသတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု ကျလာပေမယ်လို့လည်း မြို့တော် နယူးဒေလီမှာ ဒီလ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတာကို တွေ့ခဲ့ရတာပါ။

အာဏာပိုင်တွေကတော့ ဒါဟာ တတိယလှိုင်း ကူးစက်မှုလို့ သုံးနှုန်းသလိုဘဲ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အိန္ဒိယ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုထားသူ ၈ ဒသမ ၈ သန်းရှိပြီး ဒီအရေအတွက်ဟာဆိုရင် အမေရိကန် ပြည်ထောင်စု ပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယမှာ စက်တင်ဘာ လလယ်ပိုင်းက အဆိုးဆုံး ကူးစက်ခံရမှုနောက်ပိုင်းမှာ နေ့စဉ် ကူးစက်ခံရမှုနှုန်း ကျဆင်းလာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ လူပေါင်း ၁၂၉,၆၃၅ ဦး စံချိန်တင် သေဆုံးခဲ့ရပါတယ်။ တနလာၤနေ့မှာတော့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀,၅၄၈ ဦး ရှိတယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG