သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ ဒီပါဝလီပဲြေတာ္ကာလ ကိုဗစ္ကူးစက္မႈ တိုးလာဖြယ္ စုိးရိမ္


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕မွာ ဒီပါဝလီပြဲ ဆင္ႏႊဲဖို႔ ေဈးဝယ္ေနၾကသူမ်ား။ (ႏုိဝင္ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယႏုိင္ငံမွာ ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္မႈႏႈန္းက ဒီေန႔မွာ ပုံမွန္အတုိင္း ရွိေနေပမယ့္ ဟိႏၵဘာသာဝင္ေတြရဲ႕ ဒီပါဝလီ မီးထြန္းပဲြေတာ္ကာလ ျဖစ္ေနတာေၾကာင့္ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ဗုိင္းရပ္္စ္ကူးစက္မႈေတြ ျမင့္တက္လာေနတာ အိႏၵိယအာဏာပိုင္ေတြ ေစာင့္ၾကည့္ေနၾကပါတယ္။

အိႏၵိယမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္သူ ၄၄,၆၈၄ ေယာက္ရွိၿပီး ေသဆုံးသူ ၅၂၀ ရွိတယ္လို႔ အိႏၵိယ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အဲဒီထဲက နယူးေဒလီၿမိဳ႕မွာ ကူးစက္သူ ၇,၈၀၂ ေယာက္နဲ႔ ေသဆုံးသူ ၉၁ ေယာက္ ပါဝင္တယ္လို႔ ေျပာပါတယ္။ အိႏၵိယႏုိ္င္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၈.၇ သန္းနဲ႔ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈ ဒုတိယအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

သီရိလကၤာႏုိင္ငံမွာေတာ့ ၿမိဳ႕ေတာ္ကိုလံဘုိၿမိဳ႕ရဲ႕ ဆိပ္ကမ္းက ဝန္ထမ္း ၆၀ ဗုိင္းရပ္စ္ကူးစက္ခံထားရၿပီး ေနာက္ထပ္ ဝန္ထမ္း ၂၀၀ သီးသန္႔ခဲြၿပီး အသြားအလာ ကန္႔သတ္ခံေနရတဲ့အတြက္ ဆိပ္ကမ္းလုပ္ငန္းစဥ္ေတြမွာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ဆိပ္ကမ္းလုပ္ငန္းစဥ္ေတြ ေႏွာင့္ေႏွးကုန္ၿပီး သေဘၤာ တဒါဇင္နီးပါးေလာက္ ဆိပ္ကမ္းကို ဝင္ခြင့္ရဖို႔အတြက္ ေစာင့္ဆုိင္းေနတယ္လို႔ သီရိလကၤာ ဆိပ္ကမ္းအာဏာပိုင္ေတြက ေျပာပါတယ္။ သီရိလကၤာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဗုိင္းရပ္္စ္ကူးစက္သူ ၄၆၈ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံဘက္မွာေတာ့ ေတာင္ကိုရီးယား လက္ေရြးစင္ ေဘာလုံးသမား ၄ ေယာက္နဲ႔ အသင္းတာဝန္ရွိသူ တေယာက္ဟာ မကၠဆီကိုအသင္းနဲ႔ ခ်စ္ၾကည္ေရးပဲြ ကစားဖို႔အတြက္ ၾသစႀတီးယားႏုိင္ငံကို ေရာက္ရွိိၿပီးတဲ့ေနာက္ ဗုိင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ေတာင္ကိုရီးယား ေဘာလုံးအဖဲြ႔ခ်ဳပ္က ေျပာပါတယ္။ က်န္တဲ့ကစားသမားေတြ ဗုိင္းရပ္စ္ရွိမရွိ ထပ္စစ္သြားမွာျဖစ္ၿပီး အဲဒီေနာက္မွ ပဲြကို ကစားမယ္ မကစားဘူး ဆုိတာကို ဆုံးျဖတ္မယ္လို႔ ေတာင္ကုိရီးယား ေဘာလုံးအဖဲြ႔ခ်ဳပ္ ေျပာခြင့္ရက ေျပာပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ တဝန္းမွာေတာ့ ဒီေန႔ ဗုိင္းရပ္စ္ကူးစက္သူ ၂၀၃ ေယာက္ရွိၿပီး ဒါဟာ ၇၃ ရက္အတြင္း အမ်ားဆုံးကူးစက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အိန္ဒိယ ဒီပါဝလီပွဲတော်ကာလ ကိုဗစ်ကူးစက်မှု တိုးလာဖွယ် စိုးရိမ်

အိန္ဒိယနိုင်ငံမှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းက ဒီနေ့မှာ ပုံမှန်အတိုင်း ရှိနေပေမယ့် ဟိန္ဒဘာသာဝင်တွေရဲ့ ဒီပါဝလီ မီးထွန်းပွဲတော်ကာလ ဖြစ်နေတာကြောင့် မြို့တော် နယူးဒေလီမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာနေတာ အိန္ဒိယအာဏာပိုင်တွေ စောင့်ကြည့်နေကြပါတယ်။

အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၄,၆၈၄ ယောက်ရှိပြီး သေဆုံးသူ ၅၂၀ ရှိတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီထဲက နယူးဒေလီမြို့မှာ ကူးစက်သူ ၇,၈၀၂ ယောက်နဲ့ သေဆုံးသူ ၉၁ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈.၇ သန်းနဲ့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ မြို့တော်ကိုလံဘိုမြို့ရဲ့ ဆိပ်ကမ်းက ဝန်ထမ်း ၆၀ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး နောက်ထပ် ဝန်ထမ်း ၂၀၀ သီးသန့်ခွဲပြီး အသွားအလာ ကန့်သတ်ခံနေရတဲ့အတွက် ဆိပ်ကမ်းလုပ်ငန်းစဉ်တွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆိပ်ကမ်းလုပ်ငန်းစဉ်တွေ နှောင့်နှေးကုန်ပြီး သင်္ဘော တဒါဇင်နီးပါးလောက် ဆိပ်ကမ်းကို ဝင်ခွင့်ရဖို့အတွက် စောင့်ဆိုင်းနေတယ်လို့ သီရိလင်္ကာ ဆိပ်ကမ်းအာဏာပိုင်တွေက ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်သူ ၄၆၈ ယောက်ရှိတယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဘက်မှာတော့ တောင်ကိုရီးယား လက်ရွေးစင် ဘောလုံးသမား ၄ ယောက်နဲ့ အသင်းတာဝန်ရှိသူ တယောက်ဟာ မက္ကဆီကိုအသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားဖို့အတွက် သြစတြီးယားနိုင်ငံကို ရောက်ရှိပြီးတဲ့နောက် ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ကျန်တဲ့ကစားသမားတွေ ဗိုင်းရပ်စ်ရှိမရှိ ထပ်စစ်သွားမှာဖြစ်ပြီး အဲဒီနောက်မှ ပွဲကို ကစားမယ် မကစားဘူး ဆိုတာကို ဆုံးဖြတ်မယ်လို့ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံ တဝန်းမှာတော့ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၂၀၃ ယောက်ရှိပြီး ဒါဟာ ၇၃ ရက်အတွင်း အများဆုံးကူးစက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG