သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ႓ာအႏွံ႔ ကိုဗစ္ကူးစက္ ဓါတ္ခဲြအတည္ျပဳသူစုစုေပါင္း ၅၄ သန္းေက်ာ္ၿပီ


{{Zawgyi/Unicode}}

ကမာၻအႏွံ႔က COVID-19 ကပ္ေရာဂါဆိုင္ရာ စာရင္းေတြကိုျပဳစု မွတ္တမ္းတင္ေနတဲ့ Johns Hopkins တကၠသိုလ္ရဲ႕စာရင္းအရ ကမာၻမွာ ကိုဗစ္အတည္ျပဳလူနာ တနဂၤေႏြေန႔က ၅၄ သန္းေက်ာ္သြားပါၿပီ။ အတည္ျပဳလူနာအမ်ားဆံုးက အေမရိကန္၊ India နဲ႔ Brazil ႏိုင္ငံေတြျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ အတည္ျပဳလူနာ ၁၁ သန္း၊ India မွာ ၈.၈ သန္းနဲ႔ Brazil မွာ ၅.၈ သန္း ႐ွိေနပါတယ္။ အေမရိကန္ရဲ႕ အိမ္နီးခ်င္း Mexico ႏိုင္ငံမွာလည္း ကိုဗစ္အတည္ျပဳလူနာ စေနေန႔က ၁ သန္းေက်ာ္သြားပါၿပီ။


ဥေရာပမွာလည္း ကိုဗစ္အတည္ျပဳလူနာေတြ ေနာက္တႀကိမ္ ထပ္တုိးေနတာေၾကာင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရာဂါထိန္းခ်ဳပ္ေရးကန္႔သတ္ခ်က္ေတြကို ထုတ္ျပန္ထားၾကပါတယ္။ ၿဗိတိန္မွာ ကိုဗစ္ positive ျဖစ္ေၾကာင္း စစ္ေဆးသိရတဲ့ လႊတ္ေတာ္အမတ္တေယာက္နဲ႔ ထိေတ႔ြခဲ့တဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ဟာ ေလာေလာဆယ္ သီးျခားခဲြေနေနပါတယ္။ ျပည္သူေတြအေနနဲ႔ ကပ္ေရာဂါ ကာကြယ္ေရးလုပ္သင့္တာေတြကို လုပ္ၾကဖို႔ကိုလည္း ဝန္ႀကီးခ်ဳပ္က လူမႈကြန္ယက္ေပၚကေန ထပ္ၿပီး တိုက္တြန္းခဲ့ပါတယ္။


အားလံုးအတူေဆာင္႐ြက္ၾကရင္ ဒီကပ္ေရာဂါႀကီးကို ႏွိမ္ႏွင္းႏိုင္လိမ့္မယ္လို႔ အခိုင္အမာယံုၾကည္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္က သူ႔ရဲ႕ Twitter ေပၚကေန ဒီေန႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ Johnson ဟာ ဧၿပီလတုန္းကလည္း ကိုဗစ္ကပ္ေရာဂါ ေနထိုင္မေကာင္းျဖစ္လို႔ ေဆး႐ံုတက္ခဲ့ရပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ ေရာဂါကို ကိုယ္ခံစြမ္းအားနဲ႔ တံု႔ျပန္ႏိုင္မယ့္ ပဋိဇီဝေဆးဝါးေတြ ေသာက္သံုးေနတယ္လို႔ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံမွာလည္း ကိုဗစ္အတည္ျပဳလူနာ ၁.၉ သန္းေက်ာ္သြားၿပီး မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Lockdown အမိန္႔ကို ဒုတိယအႀကိမ္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................................

ကမ္ဘာတဝန်းက COVID-19 ကပ်ရောဂါဆိုင်ရာ စာရင်းတွေကိုပြုစု မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့စာရင်းအရ ကမ္ဘာမှာ ကိုဗစ်အတည်ပြုလူနာ တနင်္ဂနွေနေ့က ၅၄ သန်းကျော်သွားပါပြီ။ အတည်ပြုလူနာအများဆုံးက အမေရိကန်၊ India နဲ့ Brazil နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အတည်ပြုလူနာ ၁၁ သန်း၊ India မှာ ၈.၈ သန်းနဲ့ Brazil မှာ ၅.၈ သန်း ရှိနေပါတယ်။ အမေရိကန်ရဲ့ အိမ်နီးချင်း Mexico နိုင်ငံမှာလည်း ကိုဗစ်အတည်ပြုလူနာ စနေနေ့က ၁ သန်းကျော်သွားပါပြီ။


ဥရောပမှာလည်း ကိုဗစ်အတည်ပြုလူနာတွေ နောက်တကြိမ် ထပ်တိုးနေတာကြောင့် နိုင်ငံတော်တော်များများမှာ ရောဂါထိန်းချုပ်ရေးကန့်သတ်ချက်တွေကို ထုတ်ပြန်ထားကြပါတယ်။ ဗြိတိန်မှာ ကိုဗစ် positive ဖြစ်ကြောင်း စစ်ဆေးသိရတဲ့ လွှတ်တော်အမတ်တယောက်နဲ့ ထိတေ့ွခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဟာ လောလောဆယ် သီးခြားခွဲနေနေပါတယ်။ ပြည်သူတွေအနေနဲ့ ကပ်ရောဂါ ကာကွယ်ရေးလုပ်သင့်တာတွေကို လုပ်ကြဖို့ကိုလည်း ဝန်ကြီးချုပ်က လူမှုကွန်ယက်ပေါ်ကနေ ထပ်ပြီး တိုက်တွန်းခဲ့ပါတယ်။


အားလုံးအတူဆောင်ရွက်ကြရင် ဒီကပ်ရောဂါကြီးကို နှိမ်နှင်းနိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က သူ့ရဲ့ Twitter ပေါ်ကနေ ဒီနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Johnson ဟာ ဧပြီလတုန်းကလည်း ကိုဗစ်ကပ်ရောဂါ နေထိုင်မကောင်းဖြစ်လို့ ဆေးရုံတက်ခဲ့ရပါသေးတယ်။ လောလောဆယ်မှာတော့ ရောဂါကို ကိုယ်ခံစွမ်းအားနဲ့ တုံ့ပြန်နိုင်မယ့် ပဋိဇီဝဆေးဝါးတွေ သောက်သုံးနေတယ်လို့ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ကိုဗစ်အတည်ပြုလူနာ ၁.၉ သန်းကျော်သွားပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Lockdown အမိန့်ကို ဒုတိယအကြိမ် ထုတ်ပြန်ထားပါတယ်။


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG