သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ကုိဗစ္ကူးစက္မႈ တေန႔တည္း ၂၀ ရာခုိင္ႏႈန္းတိုး


တကၠဆက္ျပည္နယ္ ေဆး႐ုံတခုမွာ ကိုဗစ္လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္း။ (ႏုိဝင္ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ Johns Hopkins တကၠသိုလ္ စစ္တမ္းအရ အေမရိကန္ႏိုင္ငံမွာ ေသာၾကာေန႔က တရက္အတြင္း ကူးစက္မႈ ၁၈၄,၅၁၄ နဲ႔ ေနာက္ထပ္ စံခိ်န္သစ္တင္ခဲ့ပါတယ္။

ၾကာသပေတးေန႔က တသိန္းခဲြေက်ာ္ ရွိခဲ့တာေၾကာင့္ ေသာၾကာေန႔မွာ ရာခိိုင္ႏႈန္း ၂၀ တိုးလာတာ ျဖစ္ေၾကာင္းနဲ႔ အခုဆို ကူးစက္သူ ၁၀.၈ သန္းေက်ာ္နဲ႔ ကမာၻမွာ အမ်ားဆံုး ျဖစ္ေနတာပါ။ ေသဆံုးရသူကလည္း ၂ သိန္းခြဲနီးပါး ျဖစ္ေနပါတယ္။

ဒီေရာဂါကူးစက္မႈ ေျခရာခံတဲ့ COVID Tracking Project ကေတာ့ ေသာၾကာေန႔မွာ လူေပါင္း ၇၀,၀၀၀ နီးပါး ဒီေရာဂါနဲ႔ ေဆး႐ုံတင္ခဲ့ရၿပီး ဒါဟာ ၾကာသပေတးေန႔ကထက္ လူ ၂,၀၀၀ ေလာက္ ပိုမ်ားလာတာလို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ အေနာက္ပိုင္းက ကယ္လီဖိုးနီးယားနဲ႔ ေတာင္ပိုင္းက တကၠဆက္ျပည္နယ္ေတြမွာ ဒီေရာဂါ ကူးစက္ခံရသူ တသန္းေက်ာ္ရွိေနၿပီး Ohio, Iowa, Nebraska နဲ႔ Indiana ျပည္နယ္အပါအဝင္ အေနာက္အလယ္ပိုင္း ေဒသေတြမွာ ကူးစက္မႈ တိုးလာေနတာပါ။

အေမရိကန္ျပည္သူေတြ ဒီကပ္ေရာဂါဒဏ္ ခံေနရတာအတြက္ ကယ္ဆယ္ကူညီေရး ရန္ပံုေငြ ခ်ထားေပးေရး ဥပေဒ အတည္ျပဳႏိုင္ေအာင္ လုပ္ေဆာင္ၾကဖုိ႔ သမၼတ Donald Trump က စေနေန႔မွာ တြစ္တာကေန လႊတ္ေတာ္အမတ္ေတြကို တိုက္တြန္းလိုက္ပါတယ္။ ဒီဥပေဒအတြက္ ဒီမိုကရက္တစ္ပါတီဝင္ေတြရဲ႕ ပံ့ပိုးမႈလုိအပ္ၿပီး ဒီေရာဂါအတြက္ ဦးတည္တဲ့ ရန္ပံုေငြခ်ထားေပးေရး လႊတ္ေတာ္က လုပ္ေဆာင္ဖုိ႔ ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကန် ကိုဗစ်ကူးစက်မှု တနေ့တည်း ၂၀ ရာခိုင်နှုန်းတိုး

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ အမေရိကန်နိုင်ငံမှာ သောကြာနေ့က တရက်အတွင်း ကူးစက်မှု ၁၈၄,၅၁၄ နဲ့ နောက်ထပ် စံချိန်သစ်တင်ခဲ့ပါတယ်။

ကြာသပတေးနေ့က တသိန်းခွဲကျော် ရှိခဲ့တာကြောင့် သောကြာနေ့မှာ ရာခိုင်နှုန်း ၂၀ တိုးလာတာ ဖြစ်ကြောင်းနဲ့ အခုဆို ကူးစက်သူ ၁၀.၈ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။ သေဆုံးရသူကလည်း ၂ သိန်းခွဲနီးပါး ဖြစ်နေပါတယ်။

ဒီရောဂါကူးစက်မှု ခြေရာခံတဲ့ COVID Tracking Project ကတော့ သောကြာနေ့မှာ လူပေါင်း ၇၀,၀၀၀ နီးပါး ဒီရောဂါနဲ့ ဆေးရုံတင်ခဲ့ရပြီး ဒါဟာ ကြာသပတေးနေ့ကထက် လူ ၂,၀၀၀ လောက် ပိုများလာတာလို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ အနောက်ပိုင်းက ကယ်လီဖိုးနီးယားနဲ့ တောင်ပိုင်းက တက္ကဆက်ပြည်နယ်တွေမှာ ဒီရောဂါ ကူးစက်ခံရသူ တသန်းကျော်ရှိနေပြီး Ohio, Iowa, Nebraska နဲ့ Indiana ပြည်နယ်အပါအဝင် အနောက်အလယ်ပိုင်း ဒေသတွေမှာ ကူးစက်မှု တိုးလာနေတာပါ။

အမေရိကန်ပြည်သူတွေ ဒီကပ်ရောဂါဒဏ် ခံနေရတာအတွက် ကယ်ဆယ်ကူညီရေး ရန်ပုံငွေ ချထားပေးရေး ဥပဒေ အတည်ပြုနိုင်အောင် လုပ်ဆောင်ကြဖို့ သမ္မတ Donald Trump က စနေနေ့မှာ တွစ်တာကနေ လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဒီဥပဒေအတွက် ဒီမိုကရက်တစ်ပါတီဝင်တွေရဲ့ ပံ့ပိုးမှုလိုအပ်ပြီး ဒီရောဂါအတွက် ဦးတည်တဲ့ ရန်ပုံငွေချထားပေးရေး လွှတ်တော်က လုပ်ဆောင်ဖို့ ပြောကြားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG