သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္လြန္ကာလ ျပန္လည္ထူေထာင္ေရး အေရွ႕အာရွ ထိပ္သီးေတြ ေဆြးေႏြး


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (ေအာက္တိုဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ႀကဳံလာရတဲ့ အက်ပ္အတည္း ဒုကၡေတြ လြန္ေျမာက္ႏုိင္ဖုိ႔နဲ႔ ေဒသတြင္း စီးပြားေရး ျပန္လည္အားေကာင္းလာေစဖို႔ ဘယ္လို ျပန္လည္ကုစားၾကမလဲ ဆိုတာကုိ ႏိုင္ငံေတြအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္။ စေနေန႔ကက်င္းပတဲ့ East Asia Summit - EAS အေရွ႕အာရွထိပ္သီး အြန္လိုင္းစည္းေဝးပဲြမွာ အဲဒီလို ေျပာဆိုလိုက္ေၾကာင္း AFP နဲ႔ Reuters သတင္းေတြကို အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

အာဆီယံရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏိုင္ငံက ကမကထျပဳၿပီး က်င္းပတဲ့ ၁၅ ႀကိမ္ေျမာက္ အေရွ႕အာရွထိပ္သီး အြန္လိုင္းစည္းေဝးပဲြကို ႏိုဝင္ဘာ ၁၄ ရက္ စေနေန႔က အာဆီယံအပါအဝင္ ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres၊ ကမၻာ့ဘဏ္ဥကၠ႒ David Malpass တို႔လည္း ပါဝင္တက္ေရာက္ ေဆြးေႏြးခဲ့တာပါ။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ျမန္မာႏုိင္ငံကုိယ္စားျပဳ ေခါင္းေဆာင္အျဖစ္ အြန္လို္င္းကတဆင့္ တက္ေရာက္ခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္ ေရပိုင္နက္ အျငင္းပြားေနတဲ့ကိစၥနဲ႔ တ႐ုတ္-အေမရိကန္ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ဆက္ရွိေနခ်ိန္မွာ အခုလုိ အေရွ႕အာရွ ထိပ္သီးေဆြးေႏြးပဲြကို က်င္းပေနတာပါ။ ဒါေပမယ့္ စေနေန႔ ေဆြးေႏြးမႈမွာေတာ့ ကိုဗစ္ကပ္ေရာဂါအလြန္ကာလ ဘယ္လိုကုိင္တြယ္ ေျဖရွင္းၾကမလဲဆိုတဲ့ အေၾကာင္းအရာက အဓိက လႊမ္းမိုးခဲ့ပါတယ္။

အခုခ်ိန္ထိဆုိရင္ အာရွေဒသက ျပည္သူေတြၾကား ကိုဗစ္ကူးစက္မႈေပါင္း အနည္းဆုံး ၁၄ သန္းရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂ သိန္းခဲြေက်ာ္ ရွိလာေနၿပီျဖစ္တယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္က ဆိုပါတယ္။

ဒါေၾကာင့္ အာရွေဒသတြင္းက ျပည္သူေတြ ဆင္းရဲတြင္းထဲ ျပန္ေရာက္မသြားရေအာင္ ႀကိဳတင္ျပင္ဆင္ၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းလိုက္ပါတယ္။

“COVID-19 ကပ္ေရာဂါရဲ႕ ဆိုးက်ဳိးေၾကာင့္ အေရွ႕အာရွေဒသႀကီး တခုတည္းမွာတင္ ျပည္သူ ၃၉ သန္းေလာက္ ဆင္းရဲတ့ဲဘဝကို ျပန္ေရာက္မယ့္ အေျခအေန ရွိေနပါတယ္။ ဒါေၾကာင့္ ေရရွည္ ဖြံ႔ၿဖဳိးတိုးတက္ေရးဆိုတဲ့ ပန္းတုိင္ကို အေရာက္လွမ္းႏို္င္ဖုိ႔ ကမၻာ့လူမႈအသိုင္းအဝုိင္းကလည္း ေသြးစည္းညီညြတ္မႈ၊ ကိုယ္ခ်င္းစာစိတ္နဲ႔အတူ နဂုိတိုးတက္တဲ့ အေျခအေနမ်ဳိး ျပန္ရရွိႏိုင္ဖုိ႔ ဒီကပ္ေရာဂါရဲ႕ စိန္ေခၚမႈေတြကို ဝုိင္းဝန္းကိုင္တြယ္ ေျဖရွင္းေပးေစလုိပါတယ္။”

ကုိဗစ္ျပႆနာကို ကိုင္တြယ္ရာမွာ ကုလသမဂၢရဲ႕ ကမၻာလုံးဆုိင္ရာ ေရရွည္ဖြံ႔ၿဖဳိးေရး၊ ပဲရစ္ ရာသီဥတု သေဘာတူညီခ်က္ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ဖုိ႔ လုိတယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ Guterres က ေမတၱာရပ္ခံသြားပါတယ္။

“ေလထုညစ္ညမ္းမႈ လုံးဝမရွိရေအာင္ လုပ္ေဆာင္သြားမယ္ဆိုတဲ့ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏိုင္ငံေတြရဲ႕ မၾကာေသးခင္က ဆုံးျဖတ္ခ်က္ကို ခ်ီးက်ဴးလိုပါတယ္။ ၂၀၅၀ ခုႏွစ္ေရာက္ရင္ ကာဗြန္ဓာတ္ေငြ႔ လုံးဝကင္းစင္ေရးအတြက္ ကမၻာ့ႏိုင္ငံေတြအေနနဲ႔ ေက်ာက္မီးေသြးသုံး ဓာတ္အားေပးစက္႐ုံအသစ္ေတြ ေဆာက္လုပ္တာ၊ အဲဒါမ်ဳိး ေဆာက္လုပ္ႏိုင္ဖို႔ ေငြေၾကးကူညီ ေထာက္ပံ့တာေတြ ရပ္ဆိုင္းၾကဖို႔ တိုက္တြန္းလိုပါတယ္။ ကာဗြန္ထုတ္လႊင့္မႈနဲ႔ ပတ္သက္လို႔ ႏိုင္ငံတိုင္းမွာ ဒဏ္႐ုိက္တဲ့စနစ္တခု ထားသင့္ၿပီး ေလာင္စာဆီ အစားထိုးသုံးစဲြမႈကို အဆုံးသတ္ဖုိ႔ လုိပါတယ္။ COVID-19 အက်ပ္အတည္းကို က်ေနာ္တုိ႔ တုံ႔ျပန္ရာမွာ ေရရွည္ခံမယ့္ ဖြံ႔ၿဖဳိးတိုးတက္ေရးနဲ႔ ရာသီဥတုဆိုင္ရာ ပဲရစ္ သေဘာတူညီခ်က္ေတြနဲ႔ ဟန္ခ်က္ညီညီ ကိုယ္တြယ္ေျဖရွင္းဖုိ႔လည္း လိုပါတယ္။”

ကိုဗစ္ေၾကာင့္ ကမၻာ့ႏိုင္ငံအသီးသီးမွာ အသြားအလာ ကန္႔သတ္မႈနဲ႔ စီးပြားေရး လုပ္ပုံကိုင္ပုံေတြလည္း ေျပာင္းလဲလာတာကို ဒီေဆြးေႏြးပဲြမွာ ေထာက္ျပၾကပါတယ္။ ဒါေၾကာင့္ ကုိဗစ္အလြန္ကာလ ေဒသတြင္း စီးပြားေရး ျပန္အားေကာင္းလာႏိုင္ဖို႔ အရင္နဲ႔မတူတဲ့ စီးပြားေရးပုံစံသစ္ေတြနဲ႔ ခ်ဥ္းကပ္ႏုိင္ေရး ျပင္ဆင္ထားဖို႔လိုတယ္လို႔ ကမၻာ့ဘဏ္ဥကၠ႒ David Malpass ကလည္း အႀကံေပးသြားပါတယ္။

“လက္ရွိ အက်ပ္အတည္းကို ၾကည့္ရင္ အေရွ႕အာရွေဒသဟာ ဒီ ကိုဗစ္ကပ္ေရာဂါကို အရင္ဆုံး ရင္ဆိုင္ခဲ့ရတာျဖစ္ေပမယ့္ ဒီကပ္ေဘးဒုကၡကေန အရင္ဆုံး ျပန္လည္လြတ္ေျမာက္ႏိုင္မယ့္ အေနအထားမွာ ရွိပါတယ္။ ကိုဗစ္အလြန္ကာလမွာ စီးပြားေရးလုပ္ငန္း အသစ္ေတြ၊ က႑အသစ္ေတြကို ေျပာင္းလုပ္ႏိုင္ဖို႔အတြက္ေရာ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အားထုတ္မႈနဲ႔ ကၽြမ္းက်င္မႈေတြကို ဘယ္လိုအသုံးခ်သြားမလဲဆိုတာ ႏိုင္ငံတုိင္းက ျပင္ဆင္ထားဖုိ႔ လုိပါတယ္။”

၁၅ ႀကိမ္ေျမာက္ အေရွ႕အာရွ ထိပ္သီးစည္းေဝးပဲြဟာ ႏိုဝင္ဘာ ၁၂ ရက္ကေန ၁၅ ရက္အထိ က်င္းပေနတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) ၃၇ ႀကိမ္ေျမာက္ ထိပ္သီးေဆြးေႏြးပဲြရဲ႕ ဆက္စပ္ေဆြးေႏြးပဲြတခု ျဖစ္ပါတယ္။

EAS အေရွ႕အာရွထိပ္သီး အြန္လိုင္းစည္းေဝးပဲြမွာ အာဆီယံ ၁၀ ႏိုင္ငံ ေခါင္းေဆာင္ေတြအျပင္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ အိႏၵိယ၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ အေမရိကန္နဲ႔ ႐ုရွားႏုိင္ငံက ေခါင္းေဆာင္ေတြ တက္ေရာက္ၾကပါတယ္။ ဒီေဆြးေႏြးပဲြကို ႐ုရွားသမၼတ ပူတင္ကုိယ္တိုင္ တက္ေရာက္ေပမယ့္ အေမရိကန္ႏုိင္ငံ ကိုယ္စားလွယ္အျဖစ္ အမ်ဳိးသားလုံၿခဳံေရး အႀကံေပး Robert O'Brien သာ တက္ေရာက္ခဲ့တာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်လွန်ကာလ ပြန်လည်ထူထောင်ရေး အရှေ့အာရှ ထိပ်သီးတွေ ဆွေးနွေး

ကိုဗစ်ကပ်ရောဂါကြောင့် ကြုံလာရတဲ့ အကျပ်အတည်း ဒုက္ခတွေ လွန်မြောက်နိုင်ဖို့နဲ့ ဒေသတွင်း စီးပွားရေး ပြန်လည်အားကောင်းလာစေဖို့ ဘယ်လို ပြန်လည်ကုစားကြမလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ စနေနေ့ကကျင်းပတဲ့ East Asia Summit - EAS အရှေ့အာရှထိပ်သီး အွန်လိုင်းစည်းဝေးပွဲမှာ အဲဒီလို ပြောဆိုလိုက်ကြောင်း AFP နဲ့ Reuters သတင်းတွေကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက ကမကထပြုပြီး ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အရှေ့အာရှထိပ်သီး အွန်လိုင်းစည်းဝေးပွဲကို နိုဝင်ဘာ ၁၄ ရက် စနေနေ့က အာဆီယံအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass တို့လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာနိုင်ငံကိုယ်စားပြု ခေါင်းဆောင်အဖြစ် အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားနေတဲ့ကိစ္စနဲ့ တရုတ်-အမေရိကန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်ရှိနေချိန်မှာ အခုလို အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပနေတာပါ။ ဒါပေမယ့် စနေနေ့ ဆွေးနွေးမှုမှာတော့ ကိုဗစ်ကပ်ရောဂါအလွန်ကာလ ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲဆိုတဲ့ အကြောင်းအရာက အဓိက လွှမ်းမိုးခဲ့ပါတယ်။

အခုချိန်ထိဆိုရင် အာရှဒေသက ပြည်သူတွေကြား ကိုဗစ်ကူးစက်မှုပေါင်း အနည်းဆုံး ၁၄ သန်းရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၂ သိန်းခွဲကျော် ရှိလာနေပြီဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ဒါကြောင့် အာရှဒေသတွင်းက ပြည်သူတွေ ဆင်းရဲတွင်းထဲ ပြန်ရောက်မသွားရအောင် ကြိုတင်ပြင်ဆင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။

“COVID-19 ကပ်ရောဂါရဲ့ ဆိုးကျိုးကြောင့် အရှေ့အာရှဒေသကြီး တခုတည်းမှာတင် ပြည်သူ ၃၉ သန်းလောက် ဆင်းရဲတဲ့ဘဝကို ပြန်ရောက်မယ့် အခြေအနေ ရှိနေပါတယ်။ ဒါကြောင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ကမ္ဘာ့လူမှုအသိုင်းအဝိုင်းကလည်း သွေးစည်းညီညွတ်မှု၊ ကိုယ်ချင်းစာစိတ်နဲ့အတူ နဂိုတိုးတက်တဲ့ အခြေအနေမျိုး ပြန်ရရှိနိုင်ဖို့ ဒီကပ်ရောဂါရဲ့ စိန်ခေါ်မှုတွေကို ဝိုင်းဝန်းကိုင်တွယ် ဖြေရှင်းပေးစေလိုပါတယ်။”

ကိုဗစ်ပြဿနာကို ကိုင်တွယ်ရာမှာ ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးရေး၊ ပဲရစ် ရာသီဥတု သဘောတူညီချက်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုတယ်လို့ ကုလအတွင်းရေးမှူးချုပ် Guterres က မေတ္တာရပ်ခံသွားပါတယ်။

“လေထုညစ်ညမ်းမှု လုံးဝမရှိရအောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ကို ချီးကျူးလိုပါတယ်။ ၂၀၅၀ ခုနှစ်ရောက်ရင် ကာဗွန်ဓာတ်ငွေ့ လုံးဝကင်းစင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်တွေ ဆောက်လုပ်တာ၊ အဲဒါမျိုး ဆောက်လုပ်နိုင်ဖို့ ငွေကြေးကူညီ ထောက်ပံ့တာတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုပါတယ်။ ကာဗွန်ထုတ်လွှင့်မှုနဲ့ ပတ်သက်လို့ နိုင်ငံတိုင်းမှာ ဒဏ်ရိုက်တဲ့စနစ်တခု ထားသင့်ပြီး လောင်စာဆီ အစားထိုးသုံးစွဲမှုကို အဆုံးသတ်ဖို့ လိုပါတယ်။ COVID-19 အကျပ်အတည်းကို ကျနော်တို့ တုံ့ပြန်ရာမှာ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရာသီဥတုဆိုင်ရာ ပဲရစ် သဘောတူညီချက်တွေနဲ့ ဟန်ချက်ညီညီ ကိုယ်တွယ်ဖြေရှင်းဖို့လည်း လိုပါတယ်။”

ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသွားအလာ ကန့်သတ်မှုနဲ့ စီးပွားရေး လုပ်ပုံကိုင်ပုံတွေလည်း ပြောင်းလဲလာတာကို ဒီဆွေးနွေးပွဲမှာ ထောက်ပြကြပါတယ်။ ဒါကြောင့် ကိုဗစ်အလွန်ကာလ ဒေသတွင်း စီးပွားရေး ပြန်အားကောင်းလာနိုင်ဖို့ အရင်နဲ့မတူတဲ့ စီးပွားရေးပုံစံသစ်တွေနဲ့ ချဉ်းကပ်နိုင်ရေး ပြင်ဆင်ထားဖို့လိုတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ David Malpass ကလည်း အကြံပေးသွားပါတယ်။

“လက်ရှိ အကျပ်အတည်းကို ကြည့်ရင် အရှေ့အာရှဒေသဟာ ဒီ ကိုဗစ်ကပ်ရောဂါကို အရင်ဆုံး ရင်ဆိုင်ခဲ့ရတာဖြစ်ပေမယ့် ဒီကပ်ဘေးဒုက္ခကနေ အရင်ဆုံး ပြန်လည်လွတ်မြောက်နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ ကိုဗစ်အလွန်ကာလမှာ စီးပွားရေးလုပ်ငန်း အသစ်တွေ၊ ကဏ္ဍအသစ်တွေကို ပြောင်းလုပ်နိုင်ဖို့အတွက်ရော ရင်းနှီးမြှုပ်နှံမှု၊ အားထုတ်မှုနဲ့ ကျွမ်းကျင်မှုတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာ နိုင်ငံတိုင်းက ပြင်ဆင်ထားဖို့ လိုပါတယ်။”

၁၅ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲဟာ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၃၇ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲရဲ့ ဆက်စပ်ဆွေးနွေးပွဲတခု ဖြစ်ပါတယ်။

EAS အရှေ့အာရှထိပ်သီး အွန်လိုင်းစည်းဝေးပွဲမှာ အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်တွေအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်နဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။ ဒီဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင်ကိုယ်တိုင် တက်ရောက်ပေမယ့် အမေရိကန်နိုင်ငံ ကိုယ်စားလှယ်အဖြစ် အမျိုးသားလုံခြုံရေး အကြံပေး Robert O'Brien သာ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG