သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒုိပစိဖိတ္ ကုန္သြယ္ေရးသေဘာတူညီမႈမွာ ျမန္မာပါ၀င္မည္


RCEP ( Regional Comprehensive Economic Partnership)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ အပါအ၀င္ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြနဲ႔ ေဒသတြင္း စီးပြားေရးအင္အားႀကီးႏုိင္ငံေတြ ပါ၀င္မယ့္ ေဒသတြင္း လြတ္လပ္တဲ့ ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူစာခ်ဳပ္ကုိ ဒီသီတင္းပတ္ထဲ လက္မွတ္ေရးထုိးမယ့္အေၾကာင္း ေျပာျပပါမယ္။

ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း ASEAN ၁၀ ႏိုင္ငံနဲ႔ ဩစေၾတးလ်၊ တ႐ုတ္၊ ဂ်ပန္၊ နယူးဇီလန္၊ ေတာင္ကိုရီးယား ႏိုင္ငံေပါင္း ၁၅ ႏုိင္ငံ ပူးေပါင္းၿပီး RCEP လုိ႔ အတုိေကာက္ေခၚတဲ့ Regional Comprehensive Economic Partnership ေဒသတြင္း ႏုိင္ငံေတြၾကား လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူညီမႈစာခ်ဳပ္ကို လာမယ့္ တနဂၤေႏြမွာ လက္မွတ္ေရးထုိး ခ်ဳပ္ဆိုေတာ့မွာျဖစ္ပါတယ္။

ကမာၻ႔လူဦးေရနဲ႔ ကုန္ထုတ္လုပ္မႈပမာဏရဲ႕ ၃၀ ရာခိုင္ႏႈန္းနီးပါး စုေပါင္းထားတဲ့ ၁၅ ႏုိင္ငံ ပါ၀င္မယ့္ သေဘာတူညီခ်က္ကေန အႀကီးဆုံး လြတ္လပ္တဲ့ ကုန္သြယ္ေရးဇုံတခုျဖစ္လာလိမ့္မယ္ဆိုၿပီး ခန႔္မွန္းေနၾကတာလည္း ရွိပါတယ္။ အဖဲြ႔၀င္ ၁၅ ႏိုင္ငံက အဆင့္ျမင့္ အရာရွိေတြ ဗုဒၶဟူးေန႔က ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးခဲ့တဲ့ အထဲမွာေတာ့ အေကာက္ခြန္ သက္သာခြင့္ အစီအစဥ္ေတြလည္း ပါ၀င္ပါတယ္။ သေဘာတူညီခ်က္ အသက္၀င္လာတဲ့အခါ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာ ေစ်းကြက္မွာ ပုိမုိ၀င္ဆန္႔လာႏုိင္တယ္လုိ႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ေနာက္ဆုံးကေတာ့ က်ေနာ္တို႔အားလုံး agreement ( သေဘာတူညီမႈ) က trade and goods ၊ trade and services ပါပဲ၊ investment ေပါ့ အဲဒီ area သုံးခုစလုံးနဲ႔ပတ္သက္ၿပီး အားလုံး finalize လုပ္ၿပီးသြားေတာ့ အားလုံးသေဘာတူသြားၿပီးေတာ့ ၁၅ ရက္ေန႔ လက္မွတ္ထိုးမွာေပါ့ေနာ္။ အဲဒီေတာ့ ကမာၻေပၚမွာ အႀကီးဆုံး Free Trade Agreement- FTA တခု ျဖစ္တဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ တိုင္းျပည္အတြက္ ဘာေကာင္းလဲဆိုေတာ့ ပို႔ကုန္ပစၥည္းေတြက ဒီေစ်းကြက္ႀကီးထဲမွာ အတားအဆီးအနည္းဆုံးနဲ႔ ဝင္ေရာက္သြားႏိုင္တယ္ေပါ့ေနာ္။”

ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္ၿပီး အဖဲြ႔၀င္ႏိုင္ငံေတြၾကား အတားအဆီးေတြ ေလွ်ာ့ခ်ဖို႔ သေဘာတူညီမႈေတြ ရထားေၾကာင္းလည္း ဦးေအာင္ႏုိင္ဦးကေျပာပါတယ္။

သေဘာတူညီခ်က္ကေန ျမန္မာႏုိင္ငံအတြက္ အက်ဳိးအျမတ္ရႏုိင္တယ္လုိ႔ တာ၀န္ရွိသူေတြ ေျပာဆုိေနေပမဲ့ စီးပြားေရး အင္အားႀကီး ႏုိင္ငံေတြနဲ႔ လြတ္လပ္စြာ စီးပြားေရးဆက္ဆံမႈေတြမွာ အဆင္သင့္ျဖစ္ရဲ႕လားဆုိတာကုိ ေမးခြန္းထုတ္တာေတြလည္း ရွိပါတယ္။

ျမန္မာ့လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ အမႈေဆာင္ၫႊန္ၾကားေရးမႉးလည္းျဖစ္ စီးပြားေရး ပညာရွင္တဦးလည္းျဖစ္တဲ့ ေဒါက္တာေဇာ္ဦးကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ ျပင္ဆင္မႈေတြ လိုအပ္ ေနေသးတယ္လုိ႔ သုံးသပ္ပါတယ္။

“ ေျပာရမယ္ဆိုရင္ RCEP ရဲ႕ မဟာဗ်ဴဟာနဲ႔ နည္းဗ်ဴဟာအေတာ္မ်ားမ်ားဟာ စီးပြားေရးအင္အားႀကီး အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ မဟာဗ်ဴဟာ နည္းဗ်ဴူဟာေတြ ျဖစ္ေနတယ္၊ က်ေနာ္တို႔ရဲ႕ မဟာဗ်ဴဟာ မဟုတ္ဘူးျဖစ္ေနတယ္၊ ဒီထဲမွာ က်ေနာ္တို႔ ဝင္ၿပီးေတာ့ နည္းဗ်ဴဟာ တရပ္အေနနဲ႔ ကစားမလဲဆိုတဲ့ဟာ အမ်ားႀကီးျပင္ဆင္ထားရမယ္ ထင္တယ္။ ဒီလို စီးပြားေရးအရ ေျဖေလွ်ာ့မႈေတြ လုပ္ၾကတယ္ဆိုေတာ့ တေယာက္နဲ႔တေယာက္ အေပးအယူ လုပ္ၾကတာ၊ အဲဒီေတာ့ မ်ားေသာအားျဖင့္ စီးပြားေရး အင္အားႀကီးႏိုင္ငံေတြက သူတို႔ကလည္းေပးတယ္၊ သူတို႔ကလည္း ျပန္ယူမယ္ဆိုတဲ့ အေျခအေနရွိတယ္။ အဲဒီေတာ့ က်ေနာ္တို႔လို အင္အားနည္းတဲ့ ႏိုင္ငံေတြက်ေတာ့ ဘယ္လိုျပန္ယူရမယ္ဆိုတာ က်ေနာ္တို႔မွာ မဟာဗ်ဴဟာလည္း မရွိဘူး၊ နည္းဗ်ဴဟာလည္း မရွိဘူး။ ဒီဟာကိုလုပ္မယ့္ ေခါင္းေဆာင္မႈကလည္း အားနည္းတယ္။ အဲဒီေတာ့ က်ေတာ္တို႔ဘက္က သူမ်ားနဲ႔ တန္းတူ အျပန္အလွန္ေပးၾကဆိုရင္ ေပးလိုက္ရတာက မ်ားမယ္လို႔ထင္တယ္၊ ျပန္ယူရမယ့္ဟာေတြက နည္းတယ္။”

အာဆီယံႏိုင္ငံေတြၾကား ကြၽမ္းက်င္လုပ္သား လြတ္လပ္စြာသြားလာ စီးဆင္းႏိုင္ခြင့္ကို ေျဖေလွ်ာ့ေပးရတဲ့ကိစၥ၊ ပညာေရးနဲ႔ ခရီးသြားလုပ္ငန္းလို ဝန္ေဆာင္မႈ လုပ္ငန္းေတြ စီးဝင္လာမယ့္ကိစၥ ဒီလိုကိစၥေတြနဲ႔ သေဘာတူညီမႈမွာ ဖြံ႕ၿဖိဳးမႈနည္းတဲ့ ႏိုင္ငံေတြ အာမခံခ်က္ေတြ မရွိတာ၊ စိန္ေခၚမႈေတြ ႀကီးမားႏုိင္တယ္လုိ႔လည္း ေဒါက္တာေဇာ္ဦးက ေထာက္ျပခဲ့ပါတယ္။

RCEP သေဘာတူညီခ်က္ကုိေတာ့ ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ စတင္မိတ္ဆက္ခဲ့ေပမဲ့ ၉ ႏွစ္ေလာက္ ၾကာမွသာ သေဘာတူညီခ်က္ကုိ လက္မွတ္ေရးထုိးဖုိ႔ ျဖစ္လာခဲ့တာပါ။ အေမရိကန္ ျပည္ေထာင္စုမွာ သမၼတ Donald Trump အစုိးရက ႏုိင္ငံေပါင္း ၁၂ ႏုိင္ငံ ပါ၀င္တဲ့ ပစိတ္ဖိတ္ရပ္၀န္း ႏုိင္ငံေတြၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ အဖဲြ႔၀င္အျဖစ္ကေန ၂၀၁၇ ခုႏွစ္မွာ ႏုတ္ထြက္သြားခဲ့ၿပီးေနာက္ တ႐ုတ္ႏုိင္ငံက ဦးေဆာင္တဲ့ အာရွ၊ ပစိဖိတ္ေဒသ ႏုိင္ငံေတြၾကား စီးပြားေရးပူးေပါင္းေဆာင္ရြက္မယ့္ အစီအစဥ္ကုိ အရွိန္ျမွင့္ ေဆာင္ရြက္လာတာလည္း ျဖစ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စု မပါ၀င္ေတာ့ပဲ ႏုိင္ငံေပါင္း ၁၁ ႏုိင္ငံနဲ႔ ပူးေပါင္းထားတဲ့ CPTPP စာခ်ဳပ္သစ္ကုိေတာ့ ၂၀၁၈ ခုႏွစ္ မတ္လထဲမွာပဲ အဖဲြ႔၀င္ႏုိင္ငံေတြ လက္မွတ္ေရးထုိးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံတွေ ပါဝင်မယ့် ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဒီသီတင်းပတ်ထဲ လက်မှတ်ရေးထိုးမယ့်အကြောင်း ပြောပြပါမယ်။

ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ၁၀ နိုင်ငံနဲ့ ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား နိုင်ငံပေါင်း ၁၅ နိုင်ငံ ပူးပေါင်းပြီး RCEP လို့ အတိုကောက်ခေါ်တဲ့ Regional Comprehensive Economic Partnership ဒေသတွင်း နိုင်ငံတွေကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုစာချုပ်ကို လာမယ့် တနင်္ဂနွေမှာ လက်မှတ်ရေးထိုး ချုပ်ဆိုတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေနဲ့ ကုန်ထုတ်လုပ်မှုပမာဏရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး စုပေါင်းထားတဲ့ ၁၅ နိုင်ငံ ပါဝင်မယ့် သဘောတူညီချက်ကနေ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံတခုဖြစ်လာလိမ့်မယ်ဆိုပြီး ခန့်မှန်းနေကြတာလည်း ရှိပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံက အဆင့်မြင့် အရာရှိတွေ ဗုဒ္ဓဟူးနေ့က နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့တဲ့ အထဲမှာတော့ အကောက်ခွန် သက်သာခွင့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ သဘောတူညီချက် အသက်ဝင်လာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ပိုမိုဝင်ဆန့်လာနိုင်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ နောက်ဆုံးကတော့ ကျနော်တို့အားလုံး agreement ( သဘောတူညီမှု) က trade and goods ၊ trade and services ပါပဲ၊ investment ပေါ့ အဲဒီ area သုံးခုစလုံးနဲ့ပတ်သက်ပြီး အားလုံး finalize လုပ်ပြီးသွားတော့ အားလုံးသဘောတူသွားပြီးတော့ ၁၅ ရက်နေ့ လက်မှတ်ထိုးမှာပေါ့နော်။ အဲဒီတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး Free Trade Agreement- FTA တခု ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ တိုင်းပြည်အတွက် ဘာကောင်းလဲဆိုတော့ ပို့ကုန်ပစ္စည်းတွေက ဒီဈေးကွက်ကြီးထဲမှာ အတားအဆီးအနည်းဆုံးနဲ့ ဝင်ရောက်သွားနိုင်တယ်ပေါ့နော်။”

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေကြား အတားအဆီးတွေ လျှော့ချဖို့ သဘောတူညီမှုတွေ ရထားကြောင်းလည်း ဦးအောင်နိုင်ဦးကပြောပါတယ်။

သဘောတူညီချက်ကနေ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ရနိုင်တယ်လို့ တာဝန်ရှိသူတွေ ပြောဆိုနေပေမဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေနဲ့ လွတ်လပ်စွာ စီးပွားရေးဆက်ဆံမှုတွေမှာ အဆင်သင့်ဖြစ်ရဲ့လားဆိုတာကို မေးခွန်းထုတ်တာတွေလည်း ရှိပါတယ်။

မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ် စီးပွားရေး ပညာရှင်တဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်ဦးကတော့ မြန်မာနိုင်ငံအနေနဲ့ ပြင်ဆင်မှုတွေ လိုအပ် နေသေးတယ်လို့ သုံးသပ်ပါတယ်။

“ ပြောရမယ်ဆိုရင် RCEP ရဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာအတော်များများဟာ စီးပွားရေးအင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ မဟာဗျူဟာ နည်းဗျူူဟာတွေ ဖြစ်နေတယ်၊ ကျနော်တို့ရဲ့ မဟာဗျူဟာ မဟုတ်ဘူးဖြစ်နေတယ်၊ ဒီထဲမှာ ကျနော်တို့ ဝင်ပြီးတော့ နည်းဗျူဟာ တရပ်အနေနဲ့ ကစားမလဲဆိုတဲ့ဟာ အများကြီးပြင်ဆင်ထားရမယ် ထင်တယ်။ ဒီလို စီးပွားရေးအရ ဖြေလျှော့မှုတွေ လုပ်ကြတယ်ဆိုတော့ တယောက်နဲ့တယောက် အပေးအယူ လုပ်ကြတာ၊ အဲဒီတော့ များသောအားဖြင့် စီးပွားရေး အင်အားကြီးနိုင်ငံတွေက သူတို့ကလည်းပေးတယ်၊ သူတို့ကလည်း ပြန်ယူမယ်ဆိုတဲ့ အခြေအနေရှိတယ်။ အဲဒီတော့ ကျနော်တို့လို အင်အားနည်းတဲ့ နိုင်ငံတွေကျတော့ ဘယ်လိုပြန်ယူရမယ်ဆိုတာ ကျနော်တို့မှာ မဟာဗျူဟာလည်း မရှိဘူး၊ နည်းဗျူဟာလည်း မရှိဘူး။ ဒီဟာကိုလုပ်မယ့် ခေါင်းဆောင်မှုကလည်း အားနည်းတယ်။ အဲဒီတော့ ကျတော်တို့ဘက်က သူများနဲ့ တန်းတူ အပြန်အလှန်ပေးကြဆိုရင် ပေးလိုက်ရတာက များမယ်လို့ထင်တယ်၊ ပြန်ယူရမယ့်ဟာတွေက နည်းတယ်။”

အာဆီယံနိုင်ငံတွေကြား ကျွမ်းကျင်လုပ်သား လွတ်လပ်စွာသွားလာ စီးဆင်းနိုင်ခွင့်ကို ဖြေလျှော့ပေးရတဲ့ကိစ္စ၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းလို ဝန်ဆောင်မှု လုပ်ငန်းတွေ စီးဝင်လာမယ့်ကိစ္စ ဒီလိုကိစ္စတွေနဲ့ သဘောတူညီမှုမှာ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေ အာမခံချက်တွေ မရှိတာ၊ စိန်ခေါ်မှုတွေ ကြီးမားနိုင်တယ်လို့လည်း ဒေါက်တာဇော်ဦးက ထောက်ပြခဲ့ပါတယ်။

RCEP သဘောတူညီချက်ကိုတော့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ စတင်မိတ်ဆက်ခဲ့ပေမဲ့ ၉ နှစ်လောက် ကြာမှသာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ဖြစ်လာခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ Donald Trump အစိုးရက နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ ပစိတ်ဖိတ်ရပ်ဝန်း နိုင်ငံတွေကြား ကုန်သွယ်ရေး သဘောတူညီချက် အဖွဲ့ဝင်အဖြစ်ကနေ ၂၀၁၇ ခုနှစ်မှာ နုတ်ထွက်သွားခဲ့ပြီးနောက် တရုတ်နိုင်ငံက ဦးဆောင်တဲ့ အာရှ၊ ပစိဖိတ်ဒေသ နိုင်ငံတွေကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ကို အရှိန်မြှင့် ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု မပါဝင်တော့ပဲ နိုင်ငံပေါင်း ၁၁ နိုင်ငံနဲ့ ပူးပေါင်းထားတဲ့ CPTPP စာချုပ်သစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လထဲမှာပဲ အဖွဲ့ဝင်နိုင်ငံတွေ လက်မှတ်ရေးထိုးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG