(Zawgyi / Unicode)
အြန္လိုင္းဗီြဒီယိုကတဆင့္ က်င္းပျပဳလုပ္ခဲ့တဲ့ ၄ ရက္ၾကာ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ကို႐ိုနာဗိုင္းရပ္စ္ကို တုံ႔ျပန္တိုက္ဖ်က္ေရး ပူးေပါင္း ေဆာင္ရြက္ၾကဖို႔နဲ႔ အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ကိစၥ ေတြ႔ဆုံေဆြးေႏြးပြဲေတြ အရွိန္ျမႇင့္ လုပ္ေဆာင္ဖို႔ ကတိကဝတ္ ျပဳခဲ့ၾကတဲ့အျပင္ ကိုရီးယားကၽြန္းဆြယ္ လုံၿခဳံေရး၊ ျမန္မာက ရခိုင္ျပည္နယ္ကိစၥ အပါအဝင္ ဆိုက္ဘာလုံၿခဳံေရးကိစၥ၊ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးကိစၥ၊ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈခင္း စတဲ့ ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီး Pham Binh Minh က ေျပာပါတယ္္။
ဗီယက္နမ္က အိမ္ရွင္အျဖစ္က်င္းပတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႔ (ASEAN) ႏုိင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး မေန႔ စေနေန႔က ၿပီးဆုံးခဲ့တာပါ။
စက္တင္ဘာလ ၁၀ ရက္ေန႔က ထုတ္ျပန္တဲ့ အာဆီယံအဖြဲ႔ဝင္ ႏိုင္ငံေတြရဲ႕ ပူးတြဲ ေၾကညာခ်က္မွာေတာ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ဆိုင္ရာ လိုက္နာရမယ့္ က်င့္ဝတ္စည္းမ်ဥ္းေတြ ခ်မွတ္ဖို႔အတြက္ ေစ့စပ္ေဆြးေႏြးေနတာေတြမွာ တိုးတက္မႈေတြ ရရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။
ေတာင္တ႐ုတ္ပင္လယ္ နယ္ေျမအမ်ားစုကို တ႐ုတ္တို႔က ပိုင္နက္နယ္ေျမအျဖစ္ ေၾကညာထားေပမယ့္ တ႐ုတ္ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က တ႐ုတ္တို႔ရဲ႕ ေၾကညာခ်က္ဟာ ကုလသမဂၢရဲ႕ ၁၉၈၂ ခုႏွစ္ ပင္လယ္ေရေၾကာင္းဆိုင္ရာ အျပည္ျပည္ဆိုင္ရာ ဥပေဒ အပါအဝင္ ႏိုင္ငံတကာ ဥပေဒေတြနဲ႔ ကိုက္ညီျခင္း မရွိဘူးဆိုၿပီး ပယ္ခ်ထားပါတယ္။
အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ယုံၾကည္မႈ ခိုင္မာတိုးတက္ေစေရး ေစ့စပ္ေဆြးေႏြးပြဲေတြလုပ္ဖို႔ လိုအပ္တာကို ထပ္ေလာင္း အတည္ျပဳခဲ့ေၾကာင္း၊ စစ္ေရးတည္ေဆာက္မႈကို ဦးတည္သြားေစမယ့္ တင္းမာမႈကို ျမင့္တက္ေစမယ့္ လုပ္ေဆာင္မႈမ်ိဳးေတြ မလုပ္ဖို႔ လိုအပ္တာကိုလည္း အသိအမွတ္ျပဳခဲ့ေၾကာင္းနဲ႔ အျငင္းပြားမႈကို ႏိုင္ငံတကာ ဥပေဒနဲ႔အညီ ေစ့စပ္ေဆြးေႏြးပြဲကတဆင့္ ေျဖရွင္းဖို႔ လိုအပ္ေၾကာင္းကို သေဘာတူညီခဲ့ေၾကာင္း ဗီယက္နမ္ ႏိုင္ငံျခားေရးဝန္ႀကီး Pham Binh Minh က ေျပာပါတယ္။
စက္တင္ဘာလ ၉ ရက္ေန႔က စတင္ခဲ့တဲ့ အာဆီယံ အစည္းအေဝးမွာ ကမာၻ႔လုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတဲ့ ကိစၥေတြနဲ႔ အေမရိကန္နဲ႔ တ႐ုတ္တို႔အၾကား ဆက္ဆံေရး တင္းမာေနတာကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားလိမ့္မယ္လို႔ ခန္႔မွန္းထားခဲ့ၾကပါတယ္။ ဒါ့အျပင္ ASEAN အေနနဲ႔ ဥေရာပသမဂၢအဖြဲ႔ဝင္ အျဖစ္ကေန ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ ႏုတ္ထြက္ဖို႔ရွိတဲ့ UK နဲ႔ ကုန္သြယ္မႈေတြ ပိုတိုးလုပ္ေဆာင္သြားဖို႔ ႀကိဳးစားေနေၾကာင္းလည္း ဝန္ႀကီး Minh က ေျပာပါတယ္။
--------------------------
(Unicode)
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး
အွန်လိုင်းဗွီဒီယိုကတဆင့် ကျင်းပပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စ တွေ့ဆုံဆွေးနွေးပွဲတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ကြတဲ့အပြင် ကိုရီးယားကျွန်းဆွယ် လုံခြုံရေး၊ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။
ဗီယက်နမ်က အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနေ့ စနေနေ့က ပြီးဆုံးခဲ့တာပါ။
စက်တင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေ ချမှတ်ဖို့အတွက် စေ့စပ်ဆွေးနွေးနေတာတွေမှာ တိုးတက်မှုတွေ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ် နယ်မြေအများစုကို တရုတ်တို့က ပိုင်နက်နယ်မြေအဖြစ် ကြေညာထားပေမယ့် တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုတို့က တရုတ်တို့ရဲ့ ကြေညာချက်ဟာ ကုလသမဂ္ဂရဲ့ ၁၉၈၂ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေ အပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး ပယ်ချထားပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ယုံကြည်မှု ခိုင်မာတိုးတက်စေရေး စေ့စပ်ဆွေးနွေးပွဲတွေလုပ်ဖို့ လိုအပ်တာကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊ စစ်ရေးတည်ဆောက်မှုကို ဦးတည်သွားစေမယ့် တင်းမာမှုကို မြင့်တက်စေမယ့် လုပ်ဆောင်မှုမျိုးတွေ မလုပ်ဖို့ လိုအပ်တာကိုလည်း အသိအမှတ်ပြုခဲ့ကြောင်းနဲ့ အငြင်းပွားမှုကို နိုင်ငံတကာ ဥပဒေနဲ့အညီ စေ့စပ်ဆွေးနွေးပွဲကတဆင့် ဖြေရှင်းဖို့ လိုအပ်ကြောင်းကို သဘောတူညီခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh က ပြောပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ ကြိုးစားလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ဒါ့အပြင် ASEAN အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အဖြစ်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်ဖို့ရှိတဲ့ UK နဲ့ ကုန်သွယ်မှုတွေ ပိုတိုးလုပ်ဆောင်သွားဖို့ ကြိုးစားနေကြောင်းလည်း ဝန်ကြီး Minh က ပြောပါတယ်။