[Zawgyi/Unicode]
မဲေခါင္ေဒသႏုိင္ငံေတြ ျဖစ္တဲ့ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား ၊ ဗီယက္နမ္ႏုိင္ငံေတြကေခါင္းေဆာင္ေတြဟာ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းနဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga တုိ႔နဲ႔ ၃၇ ႀကိမ္ေျမာက္ အာဆီယံထိပ္သီး ညီလာခံ ျပင္ပ သီးျခားေဆြးေႏြးပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ဗီြဒီယိုဆက္သြယ္ေရးကေန တဆင့္ လုပ္တဲ့ ဒီေဆြးေႏြးပဲြကို ျမန္မာႏုိင္ငံကိုယ္စား အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္ တက္ေရာက္ေဆြးေႏြးခဲ့ပါတယ္။
မဲေခါင္ေဒသႏုိင္ငံေတြနဲ႔ ေတာင္ကိုရီးယားႏုိင္ငံၾကား ဒုတိယအႀကိမ္ေျမာက္ျပဳလုပ္တဲ့ ဒီေဆြးေႏြးပဲြမွာ ႏွစ္ဘက္ ပူးေပါင္းေဆာင္ရြက္မႈေတြရဲ႕ တုိးတက္မႈေတြကို အဓိကထားေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
မဲေခါင္-ဂ်ပန္ အစည္းအေဝးကေတာ့ ၁၂ ႀကိမ္ေျမာက္ျဖစ္ၿပီး မဲေခါင္ေဒသ ငါးႏုိင္ငံနဲ႔ ဂ်ပန္ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈရဲ႕ တိုးတက္မႈအေျခအေနကို ေဆြးေႏြးခဲ့ၾကပါတယ္။
ဗီယက္နမ္ႏုိင္ငံက ဥကၠ႒အျဖစ္နဲ႔ ေဆာင္ရြက္တဲ့ ၃၇ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးညီလာခံကိုေတာ့ လက္ရွိျဖစ္ေနတဲ့ ဗုိင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ အင္တာနက္အြန္လိုင္းကေနပဲ ဗီဒီယိုနဲ႔ က်င္းပတာျဖစ္ပါတယ္။
အာဆီယံေခါင္းေဆာင္ေတြဟာ တ႐ုတ္ႏုိင္ငံက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ RCEP လို႔ေခၚတဲ့ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူစာခ်ဳပ္ကို လာမယ့္ ႏုိ၀င္ဘာ ၁၅ ရက္၊ တနဂၤေႏြေန႔မွာ လက္မွတ္ေရးထိုးၾကမွာျဖစ္ၿပီး ဒီသေဘာတူစာခ်ဳပ္ဟာ ကမာၻ႔အႀကီးဆုံး ကုန္သြယ္ေရးသေဘာတူ စာခ်ဳပ္ျဖစ္လာမွာျဖစ္ပါတယ္။
[Unicode Version]
မြန်မာအပါ မဲခေါင် ၅ နိုင်ငံနဲ့ တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်တွေ သီးခြားစီဆွေးနွေး
မဲခေါင်ဒေသနိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ်နိုင်ငံတွေကခေါင်းဆောင်တွေဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga တို့နဲ့ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံ ပြင်ပ သီးခြားဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဗွီဒီယိုဆက်သွယ်ရေးကနေ တဆင့် လုပ်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
မဲခေါင်ဒေသနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံကြား ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တိုးတက်မှုတွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မဲခေါင်-ဂျပန် အစည်းအဝေးကတော့ ၁၂ ကြိမ်မြောက်ဖြစ်ပြီး မဲခေါင်ဒေသ ငါးနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ တိုးတက်မှုအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံက ဥက္ကဋ္ဌအဖြစ်နဲ့ ဆောင်ရွက်တဲ့ ၃၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကိုတော့ လက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အင်တာနက်အွန်လိုင်းကနေပဲ ဗီဒီယိုနဲ့ ကျင်းပတာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ RCEP လို့ခေါ်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လာမယ့် နိုဝင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး ဒီသဘောတူစာချုပ်ဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူ စာချုပ်ဖြစ်လာမှာဖြစ်ပါတယ်။