သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden တက္လာၿပီးေနာက္ ကန္-အေရွ႕ေတာင္အာရွ ဆက္ဆံေရးအလားအလာ


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ဂ်ိဳးဘိုင္ဒန္ သမၼတတာဝန္ယူလာမယ္ ဆိုရင္ အေရွ႕ေတာင္အာရွ ေဒသမွာ အေမရိကန္ရဲ့ ပါဝင္လုပ္ေဆာင္မႈ ပိုၿပီး နက္နက္ရိႈင္းရိႈင္း ရွိလာႏုိင္တယ္လို႔ အကဲခတ္ေတြက သံုးသပ္ေနၾကပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဒဏ္ေၾကာင့္ ထိခိုက္ေနတဲ့ စီးပြားေရးနဲ႔ ေဒသတြင္း တရုတ္ရဲ႕ ဖိအားဒဏ္ အျပင္ လူ႔အခြင့္ေရးနဲ႔ဒီမိုကေရစီေရးမွာပါ ပိုေကာင္း လာႏုိင္မယ္လုိ႔ တြက္ဆေနၾကတာ ျဖစ္ပါတယ္။

အာရွေဒသကို ဦးစားေပးတဲ့ သမၼတေဟာင္း Barack Obama အစိုးရလက္ထက္မွာ ဒုသမၼတအျဖစ္တာဝန္ယူခဲ့တဲ့ မစၥတာဘိုင္ဒင္ဟာ အေရွ႕ေတာင္အာရွ ေဒသကို နားလည္တဲ့ အျပင္ အဲဒီအခ်ိန္က အေမရိကန္အစိုးရဟာ အေရွ႕ေတာင္ေဒသတြင္းႏိုင္ငံေတြ အတြက္ ကုန္သြယ္ေရး အရေရာ၊ ေဒသတြင္း ကာကြယ္ေရးအရပါ အေလးေပးေဆာင္ရြက္ခဲ့သလို တရုတ္ရဲ့ ေျခလွမ္းကိုပါ ေစာင့္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္လက္ထက္မွာေတာ့ အေမရိကန္ရဲ့ အာဆီယံ ဆယ္ႏိုင္ငံကို ခ်ဥ္းကပ္မႈဟာ ကာကြယ္ေရးနဲ႔ ၊ ၂ ႏိုင္ငံ ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြနဲ႔အတူ လက္ရွိမွာ ေဒသတြင္းႏိုင္ငံေတြနဲ႔ နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြါးေနတဲ့ ေတာင္တရုတ္ပင္လယ္ျပင္ထဲ တိုးၿပီးအေျခခ်ဖို႔ ႀကိဳးစားလာတဲ့ တရုတ္ကို ရင္ဆိုုင္ရာမွာ အေထာက္အကူေပးမယ္လို႔ ကတိေတြေပးေနတယ္လို႔ ရႈျမင္ေနၾကတာပါ။

ေဒသတြင္းက အေရးပါတဲ့ အာဆီယံ ထိပ္သီးညီလာခံ အေတာ္မ်ားမ်ားကို သမၼတထရမ့္က မတက္ေရာက္ခဲ့ေပမယ့္ တရုတ္ဘက္ကေတာ့ အၿမဲတက္ေရာက္ခဲ့တာပါ။ဒါ့အျပင္ သမၼတ ထရမ့္ဟာ ကုန္သြယ္ေရး လုိေငြျပေနတဲ့ ဒီႏိုင္ငံေတြ အတြက္ ၿခိမ္းေျခာက္မႈေတြ လုပ္ခဲ့ သလို အိုဘားမားအစိုးရလက္လက္ ပစိဖိတ္သမုဒၵရာ ေဒသတြင္း ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့ TPP သေဘာတူညီခ်က္ကေနလည္း ႏုတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

အာဆီယံေခါင္းေဆာင္ေတြဟာလည္း ဒီသီတင္းပတ္ကုန္ေလာက္မွာ ေနာက္ သေဘာတူညီခ်က္ တရပ္ျဖစ္တဲ့ တရုတ္အစိုးရ ဦးေဆာင္တဲ့ ေဒသတြင္း စီးပြါးေရး ပူးေပါင္းေဆာင္ရြက္မယ့္ RCEP (Regional Comprehensive Economic Partnership) သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုး ရဖို႔ ရွိေနတာပါ။

ဒီအေျခေနေတြ ေအာက္မွာ မစၥတာဘိုင္ဒန္ဟာ အာဆီယံေဒသဆိုင္ရာ အေမရိကန္ ႏိုင္ငံျခားေရးမူဝါဒကို ျပန္လည္ တည္ေဆာက္မယ္လို႔ ေဒသတြင္း ႏိုင္ငံေရး အကဲခတ္ေတြက ေမ ွ်ာ္လင့္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

Joe Biden တက်လာပြီးနောက် ကန်-အရှေ့တောင်အာရှ ဆက်ဆံရေးအလားအလာ

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ဂျိုးဘိုင်ဒန် သမ္မတတာဝန်ယူလာမယ် ဆိုရင် အရှေ့တောင်အာရှ ဒေသမှာ အမေရိကန်ရဲ့ ပါဝင်လုပ်ဆောင်မှု ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှိလာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကြောင့် ထိခိုက်နေတဲ့ စီးပွားရေးနဲ့ ဒေသတွင်း တရုတ်ရဲ့ ဖိအားဒဏ် အပြင် လူ့အခွင့်ရေးနဲ့ဒီမိုကရေစီရေးမှာပါ ပိုကောင်း လာနိုင်မယ်လို့ တွက်ဆနေကြတာ ဖြစ်ပါတယ်။

အာရှဒေသကို ဦးစားပေးတဲ့ သမ္မတဟောင်း Barack Obama အစိုးရလက်ထက်မှာ ဒုသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ မစ္စတာဘိုင်ဒင်ဟာ အရှေ့တောင်အာရှ ဒေသကို နားလည်တဲ့ အပြင် အဲဒီအချိန်က အမေရိကန်အစိုးရဟာ အရှေ့တောင်ဒေသတွင်းနိုင်ငံတွေ အတွက် ကုန်သွယ်ရေး အရရော၊ ဒေသတွင်း ကာကွယ်ရေးအရပါ အလေးပေးဆောင်ရွက်ခဲ့သလို တရုတ်ရဲ့ ခြေလှမ်းကိုပါ စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ အမေရိကန်ရဲ့ အာဆီယံ ဆယ်နိုင်ငံကို ချဉ်းကပ်မှုဟာ ကာကွယ်ရေးနဲ့ ၊ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့အတူ လက်ရှိမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တိုးပြီးအခြေချဖို့ ကြိုးစားလာတဲ့ တရုတ်ကို ရင်ဆိုင်ရာမှာ အထောက်အကူပေးမယ်လို့ ကတိတွေပေးနေတယ်လို့ ရှုမြင်နေကြတာပါ။

ဒေသတွင်းက အရေးပါတဲ့ အာဆီယံ ထိပ်သီးညီလာခံ အတော်များများကို သမ္မတထရမ့်က မတက်ရောက်ခဲ့ပေမယ့် တရုတ်ဘက်ကတော့ အမြဲတက်ရောက်ခဲ့တာပါ။ဒါ့အပြင် သမ္မတ ထရမ့်ဟာ ကုန်သွယ်ရေး လိုငွေပြနေတဲ့ ဒီနိုင်ငံတွေ အတွက် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ သလို အိုဘားမားအစိုးရလက်လက် ပစိဖိတ်သမုဒ္ဒရာ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ TPP သဘောတူညီချက်ကနေလည်း နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာလည်း ဒီသီတင်းပတ်ကုန်လောက်မှာ နောက် သဘောတူညီချက် တရပ်ဖြစ်တဲ့ တရုတ်အစိုးရ ဦးဆောင်တဲ့ ဒေသတွင်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်မယ့် RCEP (Regional Comprehensive Economic Partnership) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ရဖို့ ရှိနေတာပါ။

ဒီအခြေနေတွေ အောက်မှာ မစ္စတာဘိုင်ဒန်ဟာ အာဆီယံဒေသဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြန်လည် တည်ဆောက်မယ်လို့ ဒေသတွင်း နိုင်ငံရေး အကဲခတ်တွေက မေ ျှာ်လင့်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG