သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုရီးယားကၽြန္းဆြယ္အေရး Joe Biden နဲ႔ ေတာင္ကိုရီးယားသမၼတေဆြးေႏြး


ေတာင္ကိုရီးယားႏိုင္ငံ အလံနဲ႔ အေမရိကန္ႏိုင္ငံ အလံ

[Zawgyi/Unicode]

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ႏွစ္ႏုိင္ငံၾကား မဟာမိတ္အျဖစ္ ဆက္လက္ရပ္တည္သြားဖို႔နဲ႔ ၿငိမ္းခ်မ္းတဲ့ ကိုရီးယားကၽြန္းဆြယ္ျဖစ္ေစဖို႔အတြက္ ေတာင္ကိုရီးယားသမၼတ မြန္ ေဂ်အင္နဲ႔ အေမရိကန္သမၼတေရြးေကာက္ပဲြမွာ အနုိင္ရသူအျဖစ္ ေၾကညာထားတဲ့ ဂ်ိဳး ဘိုင္ဒန္တုိ႔က ထပ္ေလာင္း အတည္ျပဳေျပာၾကားလိုက္တယ္လို႔ ေတာင္ကိုရီးယားသမၼတ အိမ္ျပာေတာ္က ေျပာပါတယ္။ သူတုိ႔ႏွစ္ဦး ဒီေန႔ တယ္လီဖုန္းနဲ႔ ေျပာၾကားစဥ္ အဲဒီလို ကတိျပဳေျပာၾကားခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားသမၼတ႐ံုး ေျပာခြင့္ရ Kang Min-seok က ေျပာပါတယ္။

“ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယား လက္နက္ဖ်က္သိမ္းေရးနဲ႔ ေရရွည္ၿငိမ္းခ်မ္းေရးျဖစ္ေပၚလာေစဖို႔အတြက္ အနီးကပ္ပူးေပါင္းေဆာင္ရြက္ဖို႔ ဂ်ိဳး ဘိုင္ဒန္ကို သမၼတ မြန္ေဂ်အင္းက ပန္ၾကားခဲ့ပါတယ္။ ဂ်ိဳး ဘုိင္ဒန္ကေတာ့ ေတာင္ကိုရီးယားႏုိင္ငံဟာ အင္ဒို-ပစိဖိတ္ေဒသရဲ႕ လုံျခဳံေရးနဲ႔ သာယာ၀ေျပာေရးအတြက္ အေရးပါတဲ့ႏုိင္ငံျဖစ္ၿပီး ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ႏ်ဴကလီးယားကိစၥကို အနီးကပ္ ပူးေပါင္းေဆာင္ရြက္သြားမယ့္ တခ်ိန္တည္းမွာပဲ ေတာင္ကိုရီးယားႏုိင္ငံကို ဆက္ၿပီးေတာ့ အခုိင္အမာကာကြယ္ေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။” ဆိုၿပီး ေတာင္ကိုရီးယားသမၼတ႐ံုး ေျပာခြင့္ရ Kang Min-seok က ေျပာသြားတာျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ ေတာင္ကိုရီးယားသမၼတကလည္း အေမရိကန္အစိုးရအဖြဲ႔သစ္နဲ႔အတူ အနီးကပ္လက္တဲြၿပီး ကို႐ိုနာဗုိင္းရပ္စ္ကပ္ေရာဂါနဲ႔ ရာသီဥတုေျပာင္းလဲမႈဆုိင္ရာ ကိစၥရပ္ေတြအပါအ၀င္ ကမာၻတ၀န္းမွာ ရင္ဆုိင္ေနရတဲ့ စိန္ေခၚမႈေတြကို တုိက္ဖ်က္သြားမယ္လို႔ ေျပာလိုက္ပါတယ္။ လက္ရွိ အေမရိကန္သမၼတ ေဒၚနယ္လ္ ထရမ့္ နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ ဂ်ဳံအြန္တုိ႔ ၂၀၁၈ ခုႏွစ္က ေတြ႔ဆုံခဲ့တဲ့ ညီလာခံအတြင္း ေျမာက္ကိုရီးယားရဲ႕ႏ်ဴကလီးယားလက္နက္ဖ်က္သိမ္းေရးအတြက္ လုပ္ေဆာင္သြားမယ္လို႔ ႀကဳံး၀ါးေျပာဆုိခဲ့ၾကေပမယ့္ သူတုိ႔ရဲ႕ ဒုတိယအႀကိမ္ ေဆြးေႏြးပဲြေနာက္ပိုင္းကစၿပီး တုိးတက္မႈတစုံတရာ မရရွိခဲ့ဘဲ မႏွစ္က အလုပ္သေဘာအဆင့္ ေဆြးေႏြးမႈဟာလည္း ပ်က္သြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရီးယားကျွန်းဆွယ်အရေး Joe Biden နဲ့ တောင်ကိုရီးယားသမ္မတဆွေးနွေး

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်သွားဖို့နဲ့ ငြိမ်းချမ်းတဲ့ ကိုရီးယားကျွန်းဆွယ်ဖြစ်စေဖို့အတွက် တောင်ကိုရီးယားသမ္မတ မွန် ဂျေအင်နဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ ဂျိုး ဘိုင်ဒန်တို့က ထပ်လောင်း အတည်ပြုပြောကြားလိုက်တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောပါတယ်။ သူတို့နှစ်ဦး ဒီနေ့ တယ်လီဖုန်းနဲ့ ပြောကြားစဉ် အဲဒီလို ကတိပြုပြောကြားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရ Kang Min-seok က ပြောပါတယ်။

“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးဖြစ်ပေါ်လာစေဖို့အတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ဂျိုး ဘိုင်ဒန်ကို သမ္မတ မွန်ဂျေအင်းက ပန်ကြားခဲ့ပါတယ်။ ဂျိုး ဘိုင်ဒန်ကတော့ တောင်ကိုရီးယားနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အရေးပါတဲ့နိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားကိစ္စကို အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ့် တချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံကို ဆက်ပြီးတော့ အခိုင်အမာကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။” ဆိုပြီး တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရ Kang Min-seok က ပြောသွားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တောင်ကိုရီးယားသမ္မတကလည်း အမေရိကန်အစိုးရအဖွဲ့သစ်နဲ့အတူ အနီးကပ်လက်တွဲပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ကမ္ဘာတဝန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ပြောလိုက်ပါတယ်။ လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအွန်တို့ ၂၀၁၈ ခုနှစ်က တွေ့ဆုံခဲ့တဲ့ ညီလာခံအတွင်း မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ကြပေမယ့် သူတို့ရဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲနောက်ပိုင်းကစပြီး တိုးတက်မှုတစုံတရာ မရရှိခဲ့ဘဲ မနှစ်က အလုပ်သဘောအဆင့် ဆွေးနွေးမှုဟာလည်း ပျက်သွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG