သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္မႈထမ္းေဟာင္းမ်ားေန႔ အခမ္းအနား Donald Trump နဲ႔ Joe Biden သီးျခား ၂ ေနရာမွာ တက္ေရာက္


အေမရိကန္သမၼတ ေဒၚနယ္ထရမ့္

(Zawgyi/Unicode)

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဝါရွင္တန္ဒီစီၿမိဳ႕အနားက Arlington အမ်ိဳးသား စစ္သခၤ်ိဳင္းကို သြားေရာက္ၿပီး ဗုဒၶဟူးေန႔မွာ က်ေရာက္တဲ့ Veterans Day လို႔ ေခၚတဲ့ စစ္မႈထမ္းေဟာင္းေတြကို ဂုဏ္ျပဳတဲ့ေန႔အခမ္းအနားကို တက္ေရာက္ခဲ့ပါတယ္။

ဒီကေန႔ စစ္မႈထမ္းေဟာင္းေန႔မွာ အလုပ္ေတြ ေခတၱရပ္နားၿပီး စစ္မႈထမ္းေဟာင္းေတြကို ကၽြန္ေတာ္တို႔ ဂုဏ္ျပဳ ၾကရပါတယ္လို႔လည္း ႐ုံးပိတ္ရက္အျဖစ္ ေၾကညာခ်က္ ထုတ္ျပန္စာမွာ သမၼတ ထရမ့္က ေရးသားထားပါတယ္။

စစ္မႈထမ္းေဟာင္းႀကီးေတြေၾကာင့္ ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ လြတ္လပ္မႈကို ခံစားေနၾကရတာ ျဖစ္ၿပီး သူတို႔ ရဲ့ ေက်းဇူးေတြ ကၽြန္ေတာ္တို႔အေပၚ ထာဝရ တင္ရွိေနပါတယ္လို႔လည္း သမၼတ ထရမ့္ရဲ့ ထုတ္ျပန္စာမွာ ပါရွိပါတယ္။

ၿပီးခဲ့တဲ့ အပတ္ ေရြးေကာက္ပြဲမွာ အနိုင္ရသူအျဖစ္ သတ္မွတ္ခံထားရသူ Joe Biden ကေတာ့ ပန္ဆဲလ္ေဗးနီးယားျပည္နယ္၊​Philadelphia ၿမိဳ႕က ကိုရီးယား စစ္ပြဲ အထိမ္းအမွတ္ စစ္သခၤ်ိဳင္းကို သြားေရာက္ၿပီး စစ္မႈထမ္းေဟာင္းမ်ားေန႔ အခမ္းအနားကို တက္ေရာက္ ဂုဏ္ျပဳ ခဲ့ပါတယ္။

ဂုဏ္ယူဖြယ္ရာ စစ္မႈထမ္းေဟာင္းေတြရဲ႕ ေလးစားစဖြယ္ စြန္႔လႊတ္စြန္႔စားမႈေတြကို အသိအမွတ္ျပဳ ေလးစားမယ့္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကၽြန္ေတာ္ျဖစ္လာေတာ့မွာပါ။ ခင္ဗ်ားတို႔ ထမ္းေဆာင္ေနတဲ့ တာဝန္ေတြအေပၚ သိရွိနားလည္ပါတယ္လို႔ Joe Biden က တြစ္တာမွာ ေရးသား ခဲ့ပါတယ္။

ဗုဒၶဟူးေန႔မွာ က်ေရာက္တဲ့ Veterans Day စစ္မႈထမ္းေဟာင္းမ်ား ေန႔ မတိုင္မီမွာေတာ့ သမၼတ ထရမ့္က စစ္မႈထမ္းေတြ အားလုံးနဲ႔ ေရႊၾကယ္သူရဲေကာင္းဂုဏ္ျပဳဘြဲ႕တံဆိပ္ရသူေတြရဲ့မိသားစုေတြ အားလုံးအေမရိကန္က အမ်ိဳးသားဥယ်ာဥ္ပန္းၿခံႀကီးေတြကို တစ္သက္ တာ အခမဲ့ ဝင္ခြင့္ျပဳ တဲ့ အမိန္႔ကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနား Donald Trump နဲ့ Joe Biden သီးခြား ၂ နေရာမှာ တက်ရောက်

(Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီမြို့အနားက Arlington အမျိုးသား စစ်သင်္ချိုင်းကို သွားရောက်ပြီး ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ Veterans Day လို့ ခေါ်တဲ့ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုတဲ့နေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ စစ်မှုထမ်းဟောင်းနေ့မှာ အလုပ်တွေ ခေတ္တရပ်နားပြီး စစ်မှုထမ်းဟောင်းတွေကို ကျွန်တော်တို့ ဂုဏ်ပြု ကြရပါတယ်လို့လည်း ရုံးပိတ်ရက်အဖြစ် ကြေညာချက် ထုတ်ပြန်စာမှာ သမ္မတ ထရမ့်က ရေးသားထားပါတယ်။

စစ်မှုထမ်းဟောင်းကြီးတွေကြောင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်မှုကို ခံစားနေကြရတာ ဖြစ်ပြီး သူတို့ ရဲ့ ကျေးဇူးတွေ ကျွန်တော်တို့အပေါ် ထာဝရ တင်ရှိနေပါတယ်လို့လည်း သမ္မတ ထရမ့်ရဲ့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ အပတ် ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတ်မှတ်ခံထားရသူ Joe Biden ကတော့ ပန်ဆဲလ်ဗေးနီးယားပြည်နယ်၊Philadelphia မြို့က ကိုရီးယား စစ်ပွဲ အထိမ်းအမှတ် စစ်သင်္ချိုင်းကို သွားရောက်ပြီး စစ်မှုထမ်းဟောင်းများနေ့ အခမ်းအနားကို တက်ရောက် ဂုဏ်ပြု ခဲ့ပါတယ်။

ဂုဏ်ယူဖွယ်ရာ စစ်မှုထမ်းဟောင်းတွေရဲ့ လေးစားစဖွယ် စွန့်လွှတ်စွန့်စားမှုတွေကို အသိအမှတ်ပြု လေးစားမယ့် ကာကွယ်ရေး ဦးစီးချုပ် ကျွန်တော်ဖြစ်လာတော့မှာပါ။ ခင်ဗျားတို့ ထမ်းဆောင်နေတဲ့ တာဝန်တွေအပေါ် သိရှိနားလည်ပါတယ်လို့ Joe Biden က တွစ်တာမှာ ရေးသား ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့ Veterans Day စစ်မှုထမ်းဟောင်းများ နေ့ မတိုင်မီမှာတော့ သမ္မတ ထရမ့်က စစ်မှုထမ်းတွေ အားလုံးနဲ့ ရွှေကြယ်သူရဲကောင်းဂုဏ်ပြုဘွဲ့တံဆိပ်ရသူတွေရဲ့မိသားစုတွေ အားလုံးအမေရိကန်က အမျိုးသားဥယျာဉ်ပန်းခြံကြီးတွေကို တစ်သက် တာ အခမဲ့ ဝင်ခွင့်ပြု တဲ့ အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG