သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်မှှုထမ်းဟောင်းများ အနစ်နာခံမှှု သမ္မတဂုဏ်ပြု


စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုနေတဲ့ သမ္မတအိုဘားမား။
စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုနေတဲ့ သမ္မတအိုဘားမား။
အမေရိကန်ပြည်ထောင်စုမှာ Veterans Day (စစ်မှုထမ်းဟောင်းများနေ့) အထိမ်းအမှတ် အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသား အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ပွဲမှာ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေနဲ့အတူ သမ္မတအိုဘားမားလည်း ပါဝင်ဆင်နွဲှခဲ့ပါတယ်။

တိုင်းပြည် စစ်မှုထမ်းဟောင်းတွေရဲ့ စွန့်လွှတ်အနစ်အနာခံမှုတွေကို အမေရိကန်ပြည်သူတွေအနေနဲ့ ဘယ်တော့မှ မေ့ဖျောက်ထားမှာမဟုတ်ဘူးလို့ သမ္မတအိုဘားမားက မနေ့က ကတိပေးခဲ့ပါတယ်။ သူ့အစိုးရအနေနဲ့လည်း အီရတ်နဲ့ အာဖဂနစ္စန်စစ်ပွဲတွေက ပြန်ရောက်လာတဲ့ အမျိုးသား အမျိုးသမီးတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေကြေးရရှိရေး ဆက်လုပ်သွားမယ်လို့ သမ္မတအိုဘားမားက ကတိပြုပါတယ်။

ဝါရှင်တန်ဒီစီအနီး အညတရစစ်သည်များဗိမာန်မှာ သမ္မတအိုဘားမားဟာ မနေ့က လွမ်းသူပန်းခွေချပြီးတဲ့နောက် အဲဒီက Arlington အမျိုးသား
စစ်သချုႋင်းမှာပဲ သမ္မတအိုဘားမား မနေ့က မိန့်ခွန်းပြောခဲ့တာပါ။ အစောပိုင်းတုန်းကတော့ သမ္မတအိုဘားမားနဲ့ သမ္မတကတော် Michelle တို့ဟာ အိမ်ဖြူတော်မှာ စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့မိသားစုဝင်တွေကို မနက်စာနဲ့ တည်ခင်းဧည်ခံဂုဏ်ပြုခဲ့ပါတယ်။

စစ်မှုထမ်းဟောင်းတွေဟာ တိုင်းပြည်အပေါ် စွန့်လွှတ်ကျေးဇူးပြုခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ စစ်မှုထမ်းဟောင်းတွေထဲ အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၁၀၇ နှစ်အရွယ် Richard Overton ကိုလည်း သမ္မတအိုဘားမားက အထူးတလည် ဂုဏ်ပြုခဲ့ပါတယ်။ အာဖဂန်စစ်ပွဲကနေ ပြန်လာကြတဲ့ စစ်မှုထမ်းဟောင်းတွေကို အထောက်အပံ့ပေးရေးလုပ်သွားမယ်လို့ သမ္မတအိုဘားမားက ကတိပြုပါတယ်။

“ဒီကနေ့ဟာ ကျနော်တို့ရဲ့ အလေးအနက်ထားရမယ့် တာဝန်ဝတ္တရားတွေကို ပြန်သတိရစေပါတယ်။ အဲဒီ စစ်ပွဲဟာ အခုဆိုနောက်ဆုံး အဆုံးသတ်ရမယ့် အချိန်နီးလာပေမယ့်လည်း၊ စစ်မှုထမ်းဟောင်းတွေအတွက် ကျနော်တို့ဘက်က ပြန်ပြီး လုပ်ဆောင်ပေးရမယ့်အချိန်က အခုမှ အစပဲ ရှိပါသေးတယ်။”

အမေရိကန်မှာတော့ ချီတက်ပွဲတွေအပါအဝင် ပုံစံအမျိုးမျိုးနဲ့ စစ်မှုထမ်းဟောင်းနေ့ကို ဂုဏ်ပြု ကျင်းပခဲ့ကြပါတယ်။
XS
SM
MD
LG