သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဟောင်းတွေကို သမ္မတ ဂုဏ်ပြု


အမေရိကန်သမ္မတ Arlington National Cemetery ဂူဗိမာန်မှာ ဂုဏ်ပြုပန်းခွေ ချဂုဏ်ပြုစဉ်။
အမေရိကန်သမ္မတ Arlington National Cemetery ဂူဗိမာန်မှာ ဂုဏ်ပြုပန်းခွေ ချဂုဏ်ပြုစဉ်။
အမေရိကန်ပြည်ထောင်စုရဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ ဖြစ်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ သမ္မတ ဘားရက်အိုဘားမားဟာ ကမ္ဘာအနှံ့မှာ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြတဲ့ အမေရိကန် စစ်သည်တော်တွေကို ကျေးဇူးတင် ဂုဏ်ပြုချီးမွမ်းလိုက်ပါတယ်။

စစ်ပြန်စစ်မှုထမ်းဟောင်းတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမယ်လို့လည်းပြောလိုက်ပါတယ်။ စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့မှာ အမေရိကန်သမ္မတက အာလင်တန်အမျိုးသား စစ်သင်္ချိုင်းမှာ အမည်မသိကျဆုံးသူတွေအတွက် အထိမ်းအမှတ်အုတ်ဂူမှာ ပန်းခွေချပြီးတဲ့နောက် အခုလိုပြောလိုက်တာဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပနေကျ စစ်ပြန်စစ်မှုထမ်းဟောင်းများနေ့ အစိုးရရုံးပိတ်ရက်မှာ သမ္မတ ဘားရက်အိုဘားမားက အမေရိကန်တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုစကားပြောဆိုတာ ဖြစ်ပါတယ်။

ဒီလိုနေ့မျိုးမှာ ကျနော်တို့ဟာ အမေရိကန်ပြည်ထောင်စုကြီးက ဆင်နွှဲသမျှ စစ်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းတွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူခဲ့ကြရပါတယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့လို့သာ မဟုတ်ဘဲ အမေရိကားရယ်လို့ ဘာကြောင့်ဖြစ်တည်လာခဲ့ရသလဲ ဆိုတာကို ဟောဒီကမ္ဘာ့မြေပေါ်မှာ အမြဲတမ်း အကြီးမြတ်ဆုံးနိုင်ငံအဖြစ် တည်ရှိဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြတဲ့အတွက် ဂုဏ်ပြုစကား ပြောကြားရတာဖြစ်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားကပြောဆိုလိုက်ပါတယ်။
XS
SM
MD
LG