[Zawgyi/Unicode]
ဒီကေန႔ဟာ အေမရိကန္ျပည္ေထာင္စုမွာ Veterans Day လို႔ေခၚတဲ့ စစ္ျပန္စစ္မႈထမ္းေဟာင္းေတြကို အမွတ္တရ ဂုဏ္ျပဳတဲ့ေန႔ျဖစ္ၿပီး သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က မေန႔ကပဲ ဂုဏ္ျပဳ ခ်ီးျမွင့္မႈတခု ေၾကညာခဲ့ပါတယ္။
စစ္ျပန္စစ္မႈထမ္းေဟာင္းေတြနဲ႔ Gold Star ေရႊၾကယ္ မိသားစုေတြကို အေမရိကန္တႏိုင္ငံလံုးက ဥယ်ာဥ္နဲ႔သစ္ေတာေတြထဲ ဘဝတသက္တာလံုး အခမဲ့ဝင္ေရာက္ခြင့္ေပးတဲ့အေၾကာင္း သမၼတထရမ့္ပ္အစိုးရက ေၾကညာခဲ့တာပါ။ Gold Star Family ဆိုတာကေတာ့ မိသားစုဝင္တဦးဦး စစ္ပြဲတခုခုအတြင္း က်ဆံုးသြားခဲ့ၿပီးတဲ့ေနာက္ က်န္ရစ္သူ မိသားစုဝင္ေတြကို ဂုဏ္ျပဳေခၚဆိုတာပါ။
"က်ေနာ္တို႔ရဲ႕ လက္နက္ကိုင္တပ္ဖြဲ႔ေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ အမ်ဳိးသား၊ အမ်ဳိးသမီး အေမရိကန္မ်ဳိးခ်စ္ေတြကို ဂုဏ္ျပဳဖို႔ ထရမ့္ပ္အစိုးရက အခုိင္အမာ သႏၷိ႒ာန္ခ်ထားပါတယ္။" လို႔ ျပည္ထဲေရးဝန္ႀကီး David L. Bernhardt က Twitter မွာ ေရးပါတယ္။
ႏိုဝင္ဘာလကို "စစ္ျပန္စစ္မႈထမ္းေဟာင္းမ်ားႏွင့္ စစ္ဘက္မိသားစုမ်ား အထိမ္းအမွတ္" အျဖစ္ ၿပီးခဲ့တဲ့ သီတင္းပတ္မွာပဲ သမၼတထရမ့္ပ္က သတ္မွတ္ ေၾကညာခဲ့ပါေသးတယ္။
တိုက္ပြဲအတြင္း က်ဆံုးသြားတဲ့ အေမရိကန္တပ္ဖြဲ႔ဝင္ေတြကို အ႐ံႈးသမားေတြဆိုၿပီး သမၼတထရမ့္ပ္က သံုးႏႈန္းေျပာဆိုခဲ့တယ္လုိ႔ The Atlantic မဂၢဇင္းက ေရးခဲ့ၿပီးတဲ့ေနာက္ သမၼတထရမ့္ပ္ဟာ အႀကီးအက်ယ္ ေဝဖန္ခံခဲ့ရပါတယ္။ သူကေတာ့ အဲဒီလိုမေျပာဖူးဘူးလို႔ ျငင္းပါတယ္။
၁၉၁၈ ခုႏွစ္မွာ ဂ်ာမနီက လက္နက္ခ်ခဲ့ၿပီး ပထမကမာၻစစ္ အဆံုးသတ္သြားတဲ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ကို စစ္ျပန္စစ္မႈထမ္းေဟာင္းေန႔အျဖစ္ သတ္မွတ္ၿပီး နွစ္စဥ္ ဂုဏ္ျပဳက်င္းပလာတာပါ။
အေမရိကန္ လက္နက္ကိုင္တပ္ဖြဲ႔ေတြမွာ အမႈထမ္းခဲ့ဖူးသူအားလံုးကုိ အမွတ္တရ ဂုဏ္ျပဳတာလည္းျဖစ္ပါတယ္။ ပံုမွန္ဆိုရင္ေတာ့ ဒီေန႔မွာ အခမ္းအနားေတြ၊ စစ္တီးဝိုင္းေတြနဲ႔ ဂုဏ္ျပဳခ်ီတက္ပြဲေတြ တႏိုင္ငံလံုးမွာ က်င္းပေလ့ရွိပါတယ္။ ဒီႏွစ္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ က်ေရာက္ေနတဲ့အတြက္ ပြဲအမ်ားအျပားကို ပယ္ဖ်က္ထားသလို ၿမိဳ႕အေတာ္မ်ားမ်ားမွာ အက်ဥ္း႐ံုးက်င္းပဖို႔ ဒါမွမဟုတ္ အြန္လိုင္းကေနပဲ ဂုဏ္ျပဳဖို႔ စီစဥ္ထားၾကပါတယ္။
[Unicode Version]
Veterans Day အထိမ်းအမှတ်ဂုဏ်ပြုဆု သမ္မတ Trump ချီးမြှင့်
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Veterans Day လို့ခေါ်တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို အမှတ်တရ ဂုဏ်ပြုတဲ့နေ့ဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က မနေ့ကပဲ ဂုဏ်ပြု ချီးမြှင့်မှုတခု ကြေညာခဲ့ပါတယ်။
စစ်ပြန်စစ်မှုထမ်းဟောင်းတွေနဲ့ Gold Star ရွှေကြယ် မိသားစုတွေကို အမေရိကန်တနိုင်ငံလုံးက ဥယျာဉ်နဲ့သစ်တောတွေထဲ ဘဝတသက်တာလုံး အခမဲ့ဝင်ရောက်ခွင့်ပေးတဲ့အကြောင်း သမ္မတထရမ့်ပ်အစိုးရက ကြေညာခဲ့တာပါ။ Gold Star Family ဆိုတာကတော့ မိသားစုဝင်တဦးဦး စစ်ပွဲတခုခုအတွင်း ကျဆုံးသွားခဲ့ပြီးတဲ့နောက် ကျန်ရစ်သူ မိသားစုဝင်တွေကို ဂုဏ်ပြုခေါ်ဆိုတာပါ။
"ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသား၊ အမျိုးသမီး အမေရိကန်မျိုးချစ်တွေကို ဂုဏ်ပြုဖို့ ထရမ့်ပ်အစိုးရက အခိုင်အမာ သန္နိဋ္ဌာန်ချထားပါတယ်။" လို့ ပြည်ထဲရေးဝန်ကြီး David L. Bernhardt က Twitter မှာ ရေးပါတယ်။
နိုဝင်ဘာလကို "စစ်ပြန်စစ်မှုထမ်းဟောင်းများနှင့် စစ်ဘက်မိသားစုများ အထိမ်းအမှတ်" အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သမ္မတထရမ့်ပ်က သတ်မှတ် ကြေညာခဲ့ပါသေးတယ်။
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အရှုံးသမားတွေဆိုပြီး သမ္မတထရမ့်ပ်က သုံးနှုန်းပြောဆိုခဲ့တယ်လို့ The Atlantic မဂ္ဂဇင်းက ရေးခဲ့ပြီးတဲ့နောက် သမ္မတထရမ့်ပ်ဟာ အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။ သူကတော့ အဲဒီလိုမပြောဖူးဘူးလို့ ငြင်းပါတယ်။
၁၉၁၈ ခုနှစ်မှာ ဂျာမနီက လက်နက်ချခဲ့ပြီး ပထမကမ္ဘာစစ် အဆုံးသတ်သွားတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကို စစ်ပြန်စစ်မှုထမ်းဟောင်းနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြုကျင်းပလာတာပါ။
အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမှုထမ်းခဲ့ဖူးသူအားလုံးကို အမှတ်တရ ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီနေ့မှာ အခမ်းအနားတွေ၊ စစ်တီးဝိုင်းတွေနဲ့ ဂုဏ်ပြုချီတက်ပွဲတွေ တနိုင်ငံလုံးမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျရောက်နေတဲ့အတွက် ပွဲအများအပြားကို ပယ်ဖျက်ထားသလို မြို့အတော်များများမှာ အကျဉ်းရုံးကျင်းပဖို့ ဒါမှမဟုတ် အွန်လိုင်းကနေပဲ ဂုဏ်ပြုဖို့ စီစဉ်ထားကြပါတယ်။