သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden ကို ေနာက္တက္္လာမယ့္ ကန္သမၼတအျဖစ္ ကမၻာ့ေခါင္းေဆာင္ေတြ ဂုဏ္ျပဳႀကိဳဆို


အေမရိကန္သမၼတအျဖစ္ Joe Biden ေရြးခ်ယ္ခံရေၾကာင္း မီဒီယာေတြက ေၾကညာအၿပီး ေအာင္ပြဲခံေနတဲ့ Joe Biden ေထာက္ခံသူမ်ား။ (ႏုိဝင္ဘာ ၇၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီမိုကရက္တစ္ပါတီက Joe Biden ကို ေရြးေကာက္ပြဲမွာ အႏိုင္ရသူအျဖစ္ သတင္းမီဒီယာေတြက ေရးသားေနခ်ိန္မွာပဲ အေမရိကန္ႏိုင္ငံရဲ႕ အနီးကပ္မိတ္ေဆြ ႏိုင္ငံတခ်ိဳ႕က စေနေန႔မွာပဲ Joe Biden ကုိ ႀကိဳဆိုဂုဏ္ျပဳေၾကာင္း ေျပာၾကားလာၾကပါတယ္။

ဒီအထဲက ႏိုင္ငံအမ်ားအျပားဟာ သမၼတ Donald Trump အစိုးရအဖြဲ႔နဲ႔ ဆက္ဆံေရး သိပ္မေျပလည္သူေတြျဖစ္ၿပီး ဒီအထဲမွာ G7 နဲ႔ NATO စစ္မဟာမိတ္ အဖြဲ႔ဝင္ႏိုင္ငံေတြျဖစ္တဲ့ ဂ်ာမနီ၊ ကေနဒါနဲ႔ ျပင္သစ္တို႔က ပထမဆံုး Joe Biden ရဲ႕ ေအာင္ျမင္မႈကို အသိအမွတ္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel က သမၼတ Biden နဲ႔ လက္တြဲေဆာင္ရြက္မွာ ျဖစ္ေၾကာင္းနဲ႔ လက္ရွိစိန္ေခၚမႈေတြကို ဦးေဆာင္ေျဖရွင္းေနတဲ့ အတၱလႏၱိတ္ သမုဒၵရာ တဖက္တခ်က္က ႏိုင္ငံေတြရဲ႕ မိတ္ေဆြျဖစ္မႈဟာ အစားထိုးမရေၾကာင္း တြစ္တာကေန ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau ကလည္း သမၼတ Trump နဲ႔ ႏိုင္ငံအမ်ားအျပားၾကားမွာ အျငင္းပြားေနတဲ့ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာကိစၥရပ္ အပါအဝင္ ကမာၻမွာ လက္ရွိရင္ဆိုင္ေနရတဲ့ အႀကီးမားဆံုး စိန္ေခၚမႈႀကီးေတြကို အေမရိကန္အစိုးရသစ္ အဖြဲ႔နဲ႔အတူ ေျဖရွင္းဖို႔ လုပ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

သမၼတ Trump နဲ႔ ဆက္ဆံေရး ေျပလည္မႈရွိတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ အေမရိကန္ျပည္ေထာင္စုဟာ ၿဗိတိန္ရဲ႕ အေရးအပါဆံုး မဟာမိတ္ျဖစ္ၿပီး ဥတုရာသီေျပာင္းလဲမႈကေန ကုန္သြယ္ေရးနဲ႔ လံုၿခံဳေရးဆိုင္ရာေတြအထိ အတူတကြ လက္တြဲ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Joe Biden ကို နောက်တက်လာမယ့် ကန်သမ္မတအဖြစ် ကမ္ဘာ့ခေါင်းဆောင်တွေ ဂုဏ်ပြုကြိုဆို

ဒီမိုကရက်တစ်ပါတီက Joe Biden ကို ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတင်းမီဒီယာတွေက ရေးသားနေချိန်မှာပဲ အမေရိကန်နိုင်ငံရဲ့ အနီးကပ်မိတ်ဆွေ နိုင်ငံတချို့က စနေနေ့မှာပဲ Joe Biden ကို ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားလာကြပါတယ်။

ဒီအထဲက နိုင်ငံအများအပြားဟာ သမ္မတ Donald Trump အစိုးရအဖွဲ့နဲ့ ဆက်ဆံရေး သိပ်မပြေလည်သူတွေဖြစ်ပြီး ဒီအထဲမှာ G7 နဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ကနေဒါနဲ့ ပြင်သစ်တို့က ပထမဆုံး Joe Biden ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် Angela Merkel က သမ္မတ Biden နဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ လက်ရှိစိန်ခေါ်မှုတွေကို ဦးဆောင်ဖြေရှင်းနေတဲ့ အတ္တလန္တိတ် သမုဒ္ဒရာ တဖက်တချက်က နိုင်ငံတွေရဲ့ မိတ်ဆွေဖြစ်မှုဟာ အစားထိုးမရကြောင်း တွစ်တာကနေ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau ကလည်း သမ္မတ Trump နဲ့ နိုင်ငံအများအပြားကြားမှာ အငြင်းပွားနေတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာကိစ္စရပ် အပါအဝင် ကမ္ဘာမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီးတွေကို အမေရိကန်အစိုးရသစ် အဖွဲ့နဲ့အတူ ဖြေရှင်းဖို့ လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။

သမ္မတ Trump နဲ့ ဆက်ဆံရေး ပြေလည်မှုရှိတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်ရဲ့ အရေးအပါဆုံး မဟာမိတ်ဖြစ်ပြီး ဥတုရာသီပြောင်းလဲမှုကနေ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေအထိ အတူတကွ လက်တွဲ ဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG