(Zawgyi/Unicode)
၂၀၂၀ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲၿပီးသြားတာ သုံးရက္ၾကာရွိသြားေပမယ့္ ဘယ္သူႏိုင္သလဲ ဆိုတဲ့ အေျဖထြက္မလာႏိုင္ေသးပါဘူး။ သမၼတ ထရမ့္ကေတာ့ ေ႐ြးေကာက္ပြဲမွာ သူပဲအႏိုင္ရမွာျဖစ္တယ္လို႔ ထပ္မံ ေျပာဆိုခဲ့သလို မဲေရတြက္တဲ့ေနရာမွာ မသမာမႈေတြ၊ အဂတိလိုက္စားမႈေတြရွိခဲ့တယ္ဆိုၿပီး အေထာက္အထား အခိုင္အလုံမျပပဲ စြပ္စြဲေျပာဆိုထားပါတယ္။ သမၼတ ထရမ့္အေနနဲ႔ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ အေမရိကန္တရား႐ုံးခ်ဳပ္မွာ တရားစြဲဖို႔ အဆင့္ထိ ျပင္ဆင္ထားတဲ့ အေၾကာင္း သမၼတ အိမ္ျဖဴေတာ္က ေန ဗြီအိုေအဝိုင္းေတာ္သူ မအင္ၾကင္းႏိုင္က သတင္းေပးပို႔ထားပါတယ္။
ေ႐ြးေကာက္ပြဲ မဲေရတြက္တာေတြ မၿပီးျပတ္ေသးတဲ့အေပၚမွာ သမၼတ ထရမ့္က သူ႔အေနနဲ႔သမၼတ ဒုတိယသက္တမ္းရရွိဖို႔ ကိစၥမွာ မသမာမႈေတြ၊ လိမ္လည္လွည့္ဖ်ားခံရမႈေတြနဲ႔ ႀကံဳေတြ႕ေနရတယ္လို႔ သက္ေသအထားမရွိပဲ ၾကာသပေတးေန႔ ႏို၀င္ဘာလ (၅)ရက္ သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။
"ဒီလိုအျဖစ္ပ်က္မ်ိဳးေတြေၾကာင့္ အရွက္ရစရာအျဖစ္မ်ိဳး အေရာက္မခံႏိုင္ဘူး။ ဒါေၾကာင့္ ဒီလိုျဖစ္ရပ္ေတြ မၾကာခင္ ကင္းရွင္းသြားမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္ ဒီအတြက္ တရားေရးလမ္းေၾကာင္းက ရင္ဆိုင္သြားမွာပါ။"
တဆက္တည္းပဲ ဒီေ႐ြးေကာက္ပြဲမွာ သူပဲအႏိုင္ရႏိုင္တယ္လို႔လည္း သမၼတထရမ့္က ေျပာသြားပါတယ္။
"ေ႐ြးေကာက္ပြဲကို က်ေနာ္တို႔ အလြယ္တကူအႏိုင္ရပါလိမ့္မယ္။ဒီအတြက္လည္း က်ေနာ္တို႔မွာ ဥပေဒေၾကာင္းအရ သက္ေသအေထာက္အထားေတြအမ်ားႀကီးရွိပါတယ္၊ဒါ့ေၾကာင့္ ဒီႏိုင္ငံရဲ႕အျမင့္ဆုံး ဗဟို တရား႐ုံးခ်ဳပ္မွာ ဒီကိစၥကို အဆုံးသတ္ေဆင္႐ြက္သြားမွာပါ။"
လက္ရွိမွာေတာ့ Trump နဲ႔ ရီပတ္ဘလစ္ကန္ ပါတီ ကိုယ္စားျပဳ ေရွ႕ေနေတြက မဲေရတြက္တဲ့ေနရာမွာ မွန္ကန္မႈမရွိဘူးဆိုတဲ့ စြဲခ်က္နဲ႔Pennsylvania ျပည္နယ္မွာ တရားစြဲဆိုခဲ့ပါတယ္။ ကိုဗစ္-၁၉ ကပ္ေရာဂါအႀကီးအက်ယ္ရင္ဆိုင္ေနရတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ဒီတႀကိမ္ သမၼတေ႐ြးေကာက္ပြဲအတြက္ စာတိုက္ကေန ႀကိဳတင္မဲေပးတဲ့သူ သန္းနဲ႔ခ်ီ ရွိခဲ့တဲ့အတြက္လည္း ျပည္နယ္တခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲၿပီး သုံးရက္အၾကာထိ မဲေရတြက္လို႔ မၿပီးေသးပါဘူး။
ေသာၾကာေန႔ မနက္ပိုင္းအခ်ိန္ထိ မဲေရတြက္ေနတဲ့ ရလာဒ္ေတြ ထုတ္ျပန္ခ်က္အရ ဒီမိုကရက္ပါတီ သမၼတ ကိုယ္စားလွယ္ေလာင္း ဂ်ိဳးဘိုင္ဒန္က သမၼတ ထရမ့္ရဲ႕ ေရွ႕ကေန ေျပးေနပါတယ္။
ေပၚျပဴလာ လူႀကိဳက္မ်ားတဲ့ မဲအေရအတြက္ပဲျဖစ္ျဖစ္၊ ျပည္နယ္ကိုယ္စားျပဳ ကိုယ္စားလွယ္မဲအေရအတြက္ စုစုေပါင္းရဲ႕ တဝက္ျဖစ္တဲ့ ၂၇၀ သတ္မွတ္ခ်က္အရဆိုရင္လည္း ဂ်ိဳးဘိုင္ဒန္က ဦးေဆာင္ေနပါတယ္။ အခုခ်ိန္ထိေတာ့ မဲေရတြက္လို႔ မၿပီးေသးတဲ့ ျပည္နယ္ေတြရွိေနပါတယ္။ အဲဒါေတြကေတာ့ Arizona, Nevada, Georgia, Pennsylvania နဲ႔ North Carolina တို႔ပဲျဖစ္ပါတယ္။ ဘယ္သူႏိုင္မလဲ ဆိုတာ ျပတ္ျပတ္သားသားမသိရေသးေပမဲ့ ဒီမိုကရက္ ေအာက္လႊတ္ေတာ္ ဥကၠဌ နန္စီပလိုစီကေတာ့ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ အခုလိုေၾကညာသြားပါတယ္။
”ေ႐ြးေကာက္ခံ သမၼတ ဘိုင္ဒန္မွာ ဦးေဆာင္ဖို႔ ခိုင္မာတဲ့ လုပ္ပိုင္ခြင့္ရွိပါတယ္။ ဒီမိုကရက္အမ်ားစု လႊမ္းမိုထားတဲ့ ေအာက္လႊတ္ေတာ္ နဲ႔ အထက္လႊတ္ေတာ္မွာရွိတဲ့ ဒီမိုကရက္အမ်ားအျပားလည္း သူ႔နဲ႔အတူ ရပ္တည္သြားမွာျဖစ္ပါတယ္။”
ရီပါပလင္ကန္ အထက္လႊတ္ေတာ္ေခါင္းေဆာင္ Mitch McConnell ကေတာ့ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေ႐ြးေကာက္ပြဲ ရလဒ္ေတြနဲ႔ ပတ္သက္လို႔ အခုလို တုန႔္ျပန္သြားပါတယ္။
”အားလုံးစိုးရိမ္ပူပန္ေနတဲ့ အဆုံးအျဖတ္မေပးႏိုင္ေသးတဲ့ ေ႐ြးေကာက္ပြဲကိစၥနဲ႔ ပတ္သက္လို႔ ေျပာရရင္ ဒီေန႔မနက္ တြစ္တာမွာ ေရးထားသလိုပါပဲ။ဒီထက္ ပိုၿပီး က်ေနာ့္ အေနနဲ႔ အေၾကာင္း ထူး တုန႔္ျပန္စရာမရွိပါဘူး။”
ေသာၾကာေန႔ကေတာ့ အိမ္ျဖဴေတာ္ေရွ႕ ပန္းၿခံမွာ သမၼထရမ့္ကို ဆန္႔က်င္ဆႏၵျပပဲြေတြ ျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။
.............
ရွေးကောက်ပွဲအလားအလာအပေါ် ပါတီ ၂ ရပ် အပြန်အလှန် ပြောဆိုချက်
(Unicode)
၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲပြီးသွားတာ သုံးရက်ကြာရှိသွားပေမယ့် ဘယ်သူနိုင်သလဲ ဆိုတဲ့ အဖြေထွက်မလာနိုင်သေးပါဘူး။ သမ္မတ ထရမ့်ကတော့ ရွေးကောက်ပွဲမှာ သူပဲအနိုင်ရမှာဖြစ်တယ်လို့ ထပ်မံ ပြောဆိုခဲ့သလို မဲရေတွက်တဲ့နေရာမှာ မသမာမှုတွေ၊ အဂတိလိုက်စားမှုတွေရှိခဲ့တယ်ဆိုပြီး အထောက်အထား အခိုင်အလုံမပြပဲ စွပ်စွဲပြောဆိုထားပါတယ်။သမ္မတ ထရမ့်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်တရားရုံးချုပ်မှာ တရားစွဲဖို့ အဆင့်ထိ ပြင်ဆင်ထားတဲ့ အကြောင်း သမ္မတ အိမ်ဖြူတော်က နေ ဗွီအိုအေဝိုင်းတော်သူ မအင်ကြင်းနိုင်က သတင်းပေးပို့ထားပါတယ်။
ရွေးကောက်ပွဲ မဲရေတွက်တာတွေ မပြီးပြတ်သေးတဲ့အပေါ်မှာ သမ္မတ ထရမ့်က သူ့အနေနဲ့သမ္မတ ဒုတိယသက်တမ်းရရှိဖို့ ကိစ္စမှာ မသမာမှုတွေ၊ လိမ်လည်လှည့်ဖျားခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သက်သေအထားမရှိပဲ ကြာသာပတေးနေ့ နိုဝင်ဘာလ (၅)ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ဒီလိုအဖြစ်ပျက်မျိုးတွေကြောင့် အရှက်ရစရာအဖြစ်မျိုး အရောက်မခံနိုင်ဘူး။ ဒါကြောင့် ဒီလိုဖြစ်ရပ်တွေ မကြာခင် ကင်းရှင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီအတွက် တရားရေးလမ်းကြောင်းက ရင်ဆိုင်သွားမှာပါ။"
တဆက်တည်းပဲ ဒီရွေးကောက်ပွဲမှာ သူပဲအနိုင်ရနိုင်တယ်လို့လည်း သမ္မတထရမ့်က ပြောသွားပါတယ်။
"ရွေးကောက်ပွဲကို ကျနော်တို့ အလွယ်တကူအနိုင်ရပါလိမ့်မယ်။ဒီအတွက်လည်း ကျနော်တို့မှာ ဥပဒေကြောင်းအရ သက်သေအထောက်အထားတွေအများကြီးရှိပါတယ်၊ဒါ့ကြောင့် ဒီနိုင်ငံရဲ့အမြင့်ဆုံး ဗဟို တရားရုံးချုပ်မှာ ဒီကိစ္စကို အဆုံးသတ်ဆေင်ရွက်သွားမှာပါ။"
လက်ရှိမှာတော့ Trump နဲ့ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ရှေ့နေတွေက မဲရေတွက်တဲ့နေရာမှာ မှန်ကန်မှုမရှိဘူးဆိုတဲ့ စွဲချက်နဲ့Pennsylvania ပြည်နယ်မှာ တရားစွဲဆိုခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအကြီးအကျယ်ရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီတကြိမ် သမ္မတရွေးကောက်ပွဲအတွက် စာတိုက်ကနေ ကြိုတင်မဲပေးတဲ့သူ သန်းနဲ့ချီ ရှိခဲ့တဲ့အတွက်လည်း ပြည်နယ်တချို့မှာ ရွေးကောက်ပွဲပြီး သုံးရက်အကြာထိ မဲရေတွက်လို့ မပြီးသေးပါဘူး။
သောကြာနေ့ မနက်ပိုင်းအချိန်ထိ မဲရေတွက်နေတဲ့ ရလာဒ်တွေ ထုတ်ပြန်ချက်အရ ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန်က သမ္မတ ထရမ့်ရဲ့ ရှေ့ကနေ ပြေးနေပါတယ်။
ပေါ်ပြူလာ လူကြိုက်များတဲ့ မဲအရေအတွက်ပဲဖြစ်ဖြစ်၊ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်မဲအရေအတွက် စုစုပေါင်းရဲ့ တဝက်ဖြစ်တဲ့ ၂၇၀ သတ်မှတ်ချက်အရဆိုရင်လည်း ဂျိုးဘိုင်ဒန်က ဦးဆောင်နေပါတယ်။ အခုချိန်ထိတော့ မဲရေတွက်လို့ မပြီးသေးတဲ့ ပြည်နယ်တွေရှိနေပါတယ်။ အဲဒါတွေကတော့ Arizona, Nevada, Georgia, Pennsylvania နဲ့ North Carolina တို့ပဲဖြစ်ပါတယ်။ ဘယ်သူနိုင်မလဲ ဆိုတာ ပြတ်ပြတ်သားသားမသိရသေးပေမဲ့ ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီကတော့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလိုကြေညာသွားပါတယ်။
”ရွေးကောက်ခံ သမ္မတ ဘိုင်ဒန်မှာ ဦးဆောင်ဖို့ ခိုင်မာတဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရက်အများစု လွှမ်းမိုထားတဲ့ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်မှာရှိတဲ့ ဒီမိုကရက်အများအပြားလည်း သူ့နဲ့အတူ ရပ်တည်သွားမှာဖြစ်ပါတယ်။”
ရီပါပလင်ကန် အထက်လွှတ်တော်ခေါင်းဆောင် Mitch McConnell ကတော့ သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ အခုလို တုန့်ပြန်သွားပါတယ်။
”အားလုံးစိုးရိမ်ပူပန်နေတဲ့ အဆုံးအဖြတ်မပေးနိုင်သေးတဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် ဒီနေ့မနက် တွစ်တာမှာ ရေးထားသလိုပါပဲ။ဒီထက် ပိုပြီး ကျနော့် အနေနဲ့ အကြောင်း ထူး တုန့်ပြန်စရာမရှိပါဘူး။”
သောကြာနေ့ကတော့ အိမ်ဖြူတော်ရှေ့ ပန်းခြံမှာ သမ္မထရမ့်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။