သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတေရြးေကာက္ပြဲ အၾကိတ္အနယ္ျပည္နယ္တခ်ဳိ႕မွာ Joe Biden မဲအသာရေန


ဒီမိုကရက္တစ္ သမၼတေလာင္း Joe Biden။ (ႏိုဝင္ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္သမၼတေရြးေကာက္ပြဲ မဲေတြေရတြက္ေနဆဲျဖစ္တဲ့ ေဂ်ာ္ဂ်ီယာနဲ႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ေတြမွာ သမၼတ Donald Trump ထက္ ဒီမိုကရက္သမၼတေလာင္း Joe Biden ရတဲ့ မဲအေရအတြက္ တိုးလာတာေၾကာင့္ ဒုသမၼတေဟာင္း Biden သမၼတအျဖစ္အေရြးခံရေရး ပိုနီးစပ္လာတဲ့သေဘာမ်ဳိး ရွိေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။ လက္ရွိမွာေတာ့ popular vote လို႔ေခၚတဲ့ မဲဆႏၵရွင္အမ်ားစုရဲ႕ ေထာက္ခံမဲ အေရအတြက္မွာ မစၥတာဘုိင္ဒန္က ပိုမ်ားေနတယ္လို႔လည္း သတင္းေတြကဆိုပါတယ္။

သမၼတအျဖစ္အေရြးခံရဖို႔ ျပည္နယ္ကိုယ္စားလွယ္မဲ ၂၇၀ လုိအပ္တာမွာ လက္ရွိမွာေတာ့ Biden က ၂၅၃ မဲရထားၿပီး Trump ကေတာ့ ၂၁၄ မဲရထားပါတယ္။ ေရြးေကာက္ပြဲအႏုိင္အရႈံးအဆုံးအျဖတ္ေပမဲ့ ျပည္နယ္ ၄ ခုမွာ မဲေတြ ဆက္ၿပီးေရတြက္ေနၿပီး အရီဇိုးနားနဲ႔ နီဗားဒါးျပည္နယ္မွာ Biden က အသာရထားပါတယ္။ သမၼတ Trump ဦးေဆာင္ေနတဲ့ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္မွာ ေသာၾကာေန႔ကေတာ့ Biden ကိုေထာက္ခံမဲ ၁၈,၀၀၀ ေက်ာ္တိုးလာပါတယ္။ တခါ ေဂ်ာ္ဂီ်ယာျပည္နယ္မွာလည္း Biden ကေထာက္ခံမဲ ပိုရလာၿပီးေရွ႕က ဦးေဆာင္ေနပါတယ္။

သမၼတ Trump ကေတာ့ ေရြးေကာက္ပြဲမွာ သူအႏုိင္မရေအာင္ ဒီမိုကရက္ေတြက မဲမသမာမႈေတြ အႀကီးအက်ယ္လုပ္ေနတယ္ဆိုၿပီး ၾကာသပေတးေန႔က အိမ္ျဖဴေတာ္သတင္းစာရွင္းလင္းပြဲမွာ အေထာက္အထားမရွိဘဲ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ Biden ကေတာ့ စံခ်ိန္တင္မဲေပးခဲ့သူ သန္း ၁၅၀ ေက်ာ္ရွိတဲ့ဒီႏွစ္မွာ မဲေတြဆက္ၿပီးေရတြက္ေနတာေၾကာင့္ ျပည္သူေတြစိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကဖို႔ ၾကာသပေတးေန႔အေစာပိုင္းမွာ တုိက္တြန္းေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်သမ္မတရွေးကောက်ပွဲ အကြိတ်အနယ်ပြည်နယ်တချို့မှာ Joe Biden မဲအသာရနေ

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲတွေရေတွက်နေဆဲဖြစ်တဲ့ ဂျော်ဂျီယာနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွေမှာ သမ္မတ Donald Trump ထက် ဒီမိုကရက်သမ္မတလောင်း Joe Biden ရတဲ့ မဲအရေအတွက် တိုးလာတာကြောင့် ဒုသမ္မတဟောင်း Biden သမ္မတအဖြစ်အရွေးခံရရေး ပိုနီးစပ်လာတဲ့သဘောမျိုး ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ လက်ရှိမှာတော့ popular vote လို့ခေါ်တဲ့ မဲဆန္ဒရှင်အများစုရဲ့ ထောက်ခံမဲ အရေအတွက်မှာ မစ္စတာဘိုင်ဒန်က ပိုများနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။

သမ္မတအဖြစ်အရွေးခံရဖို့ ပြည်နယ်ကိုယ်စားလှယ်မဲ ၂၇၀ လိုအပ်တာမှာ လက်ရှိမှာတော့ Biden က ၂၅၃ မဲရထားပြီး Trump ကတော့ ၂၁၄ မဲရထားပါတယ်။ ရွေးကောက်ပွဲအနိုင်အရှုံးအဆုံးအဖြတ်ပေမဲ့ ပြည်နယ် ၄ ခုမှာ မဲတွေ ဆက်ပြီးရေတွက်နေပြီး အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်မှာ Biden က အသာရထားပါတယ်။ သမ္မတ Trump ဦးဆောင်နေတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သောကြာနေ့ကတော့ Biden ကိုထောက်ခံမဲ ၁၈,၀၀၀ ကျော်တိုးလာပါတယ်။ တခါ ဂျော်ဂျီယာပြည်နယ်မှာလည်း Biden ကထောက်ခံမဲ ပိုရလာပြီးရှေ့က ဦးဆောင်နေပါတယ်။

သမ္မတ Trump ကတော့ ရွေးကောက်ပွဲမှာ သူအနိုင်မရအောင် ဒီမိုကရက်တွေက မဲမသမာမှုတွေ အကြီးအကျယ်လုပ်နေတယ်ဆိုပြီး ကြာသပတေးနေ့က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုခဲ့ပါတယ်။ Biden ကတော့ စံချိန်တင်မဲပေးခဲ့သူ သန်း ၁၅၀ ကျော်ရှိတဲ့ဒီနှစ်မှာ မဲတွေဆက်ပြီးရေတွက်နေတာကြောင့် ပြည်သူတွေစိတ်ရှည်ရှည်နဲ့ စောင့်ကြဖို့ ကြာသပတေးနေ့အစောပိုင်းမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG