သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ မဲရေတွက်ဆဲနေရာတွေ လုံခြုံရေးတိုးမြှင့်ထား


Nevada ပြည်နယ် Las Vegas မြို့ရှိ မဲရေတွက်ရာ နေရာတခုမှာ တွေ့ရတဲ့ ဆန္ဒပြသူများနဲ့ ရဲဝန်ထမ်းတချို့။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)
Nevada ပြည်နယ် Las Vegas မြို့ရှိ မဲရေတွက်ရာ နေရာတခုမှာ တွေ့ရတဲ့ ဆန္ဒပြသူများနဲ့ ရဲဝန်ထမ်းတချို့။ (နိုဝင်ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရတယ်ဆိုတာ အဖြေမထွက်သေးတာကြောင့် မဲရေတွက်နေဆဲ ပြည်နယ်တချို့က မဲရုံတွေမှာ ဒေသန္တရတာဝန်ရှိသူတွေ လုံခြုံရေးတွေ တိုးချထားပါတယ်။ သမ္မတ Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ကို ထောက်ခံသူတွေက သမ္မတလောင်း ၂ ယောက်ကြား မဲရလဒ်သိပ်မကွာတဲ့ Arizona, Nevada နဲ့ Pennsylvania ပြည်နယ်တွေမှာ ဆက်ပြီး မဲရေတွက်နေတဲ့အပေါ် အထူး အာရုံစိုက်နေကြတာပါ။

မဲရေတွက်မှုတွေမှာ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေ ရှိနေတယ်ဆိုပြီး စွပ်စွဲချက်တွေပေါ် ထွက်လာတာကြောင့်လည်း အခြေအနေတွေ တင်းမာလာနေသလို မဲရေတွက်နေတဲ့ အဆောက်အအုံအပြင်ဘက်မှာ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေတာဖြစ်ပါတယ်။ သမ္မတ Trump ကို ထောက်ခံတဲ့ တီရှပ်ဝတ်ထားသူ လူ ၇၀ ကျော်လောက်က မဲခိုးမှုတွေ ရပ်ပါဆိုပြီး မဲရုံအပြင်ဘက်မှာ ညပိုင်းကလာပြီး အော်ဟစ်ခဲ့တဲ့အတွက် မဲရုံဝန်ထမ်းတွေရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မိတယ်လို့ နီဗားဒါးပြည်နယ်မဲရုံတာဝန်ရှိသူ တဦးက ကြာသပတေးနေ့မှာပြောပါတယ်။

အကြမ်းဖက်မှု တချို့ ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ဂျော်ဂျီယာပြည်နယ်က မဲရေတွက်တဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြပ်နေပါတယ်။ အရီဇိုးနားပြည်နယ်မှာလည်း ဒေသခံရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ ဆန္ဒပြသူတွေအတွက် နေရာသီးခြားခွဲထားပေးရပါတယ်။ တချို့နေရာတွေမှာတော့ မဲရုံဝန်ထမ်းတွေအပြင်ထွက်ရင် လက်နက်ကိုင် တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေ စောင့်ရှောက်ပေးနေရတာပါ။

မဲတွေဆက်ပြီးရေတွက်နေတဲ့ မီရှီဂန်ပြည်နယ် Detroit မြို့မှာလည်း Trump နဲ့ Biden ထောက်ခံသူတွေကြား မဲရုံအပြင်ဘက်မှာ ဗုဒ္ဓဟူးနေ့က ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ မဲရေတွက်မှုတွေကို အပြင်ကနေ ဗီဒီယိုရိုက်လို့ မရအောင် ပြတင်းပေါက်တွေကို ကာထားရတယ်လို့လည်း မဲရုံတာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ကနျသမ်မတရှေးကောကျပှဲ မဲရတှေကျဆဲနရောတှေ လုံခွုံရေးတိုးမွှင့ျထား





XS
SM
MD
LG