သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ မဲဆက်လက်ရေတွက်ဆဲ


Pennsylvania ပြည်နယ်တွင် မဲရေတွက်နေ
Pennsylvania ပြည်နယ်တွင် မဲရေတွက်နေ

(Zawgyi/Unicode)
နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီကပြိုင်ဘက် ဂျိုးဘိုင်ဒင်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲတွေကို ဆက်လက် ရေတွက်နေချိန်မှာပဲ ကြာသပတေးနဲ့ သောကြာ အစောပိုင်းတွေမှာ သူတို့ကို ထောက်ခံသူတွေကြား ဆန္ဒပြပွဲတွေ ကျင်းပနေပြီး ယေဘူယျအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းရှိနေတာပါ။

ဂျိုးဘိုင်ဒင်အတွက် ကိုယ်စားလှယ်မဲ အရေအတွက်တဖြေးဖြေး ပိုများလာတဲ့ ပုံပေါ်နေတဲ့ မဲရေတွက်တဲ့ လုပ်ငန်းစဉ်အပေါ် သမ္မတထရမ့်ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုကြောင့် ၂ ဖက်စလုံး နိုးနိုးကြားကြား ရှိနေတာ ဖြစ်ပါတယ်။

မဲအရေအတွက် သိပ်မကွာပဲ ဖြစ်နေတဲ့ အရီဇိုးနားပြည်နယ်မှာတော့ Phoenix မြို့ Maricopa ကောင်တီ ရွေးကောက်ပွဲ ဌာနရုံး ရှေ့မှာ ၂ ဖက် ထောက်ခံသူတွေကြား ကြာသပတေးနေ့က ခဏတာ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ပွါးခဲ့ပါတယ်။ ရုံးထဲမှာ မဲရေတွက်နေချိန်မှာပဲ အပြင်မှာ လက်နက်တွေကိုင်ဆောင်ထားတဲ့ လက်ယာယိမ်းအဖွဲ့ တွေ အများအပြား စုရုံးရောက်ရှိလာတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တာပါ။

Maricopa ကောင်တီ ရွေးကောက်ပွဲ ဆိုင်ရာအကြီးအကဲ Adrian Fontes ဟာ တချို့ မဲပြားတွေကို ထည့် မရေတွက်ဘူးလို့ သက်သေကောင်းကောင်း မပြပဲ ဆန္ဒပြသူတွေက ထပ်တလဲလဲ အပြစ်တင်ခဲ့ပြီး သမ္မတထရမ့် မဲအရေတွက် ပိုရဖို့ လိုနေတယ် ဆိုတာကို လက်မခံကြပါဘူး။

Pennsylvania ပြည်နယ် Philadelphia ဘက်မှာတော့ ရဲတွေ ထူထူထပ်ထပ် ချထားပြီး အတားအဆီးတွေနဲ့ ခြားထားတဲ့ အတွက် ၂ ဖက် ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှု သိပ်မရှိ လှပါဘူး။ အဲဒီမှာ ကြာသပတေးနေ့ ညက လူတယောက်ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ မြို့တော်ရဲက ပြောပါတယ်။

အခုအချိန်အထိ ဘယ်သူ အနိုင်ရမယ် ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ ဂျော်ဂျီယာပြည်နယ်က Atlanta ၊ မီရှီဂန်ပြည်နယ်က Detroit ၊ နီဗားဒါးပြည်နယ်က Las Vegas နဲ့ Wisconsin ပြည်နယ်က Milwaukee တို့လို ၂ ဘက် အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေထဲက မြို့ကြီးတွေမှာတော့ အခုလို တင်းမာမှုတွေ တွေ့နေရပါတယ်။

တိုက်ရိုက် လင့်ခ်


.............

ကနျသမ်မတရှေးကောကျပှဲ မဲဆကျလကျရတှေကျဆဲ
(Unicode)







XS
SM
MD
LG