သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျဖမထြက္ေသးတဲ႔ ကန္သမၼတေရြးေကာက္ပြဲ


Pennsylvania ျပည္နယ္မွာ မဲေရတြက္ေနစဥ္

(Zawgyi/Unicode)

အေမရိကန္ သမၼတေရြးေကာက္ပြဲ အဆုံးသတ္ရလဒ္က အခုအခ်ိန္အထိ သဲသဲကြဲကြဲ မရွိေသးသလို အေျဖမထြက္ေသး တဲ့ ျပည္နယ္ေတြ မွာလည္း တာဝန္ရွိသူေတြမဲေရတြက္လို႔ေကာင္းေနဆဲ ျဖစ္ပါတယ္။ မဲ႐ုံေတြဆီကို ကိုယ္တိုင္သြားမယ့္အစားကပ္ေရာဂါကေနေဘးကင္း လုံျခဳံဖို႔အေရး စာတိုက္ကေန ႀကိဳတင္ေပးထားတဲ့ မဲေတြ တစ္ပုံတစ္ပင္ ေရတြက္ဖို႔ က်န္ေနေသးတာပါ။

သမၼတ​ေဒၚနယ္ ထရမ့္နဲ႔ ဒီမိုကရက္တစ္ သမၼတေလာင္း Joe Biden တို႔ ႏွစ္ေယာက္စလုံး အနိုင္ရဖို႔ လိုအပ္တဲ့ Electoral Vote ေရြးခ်ယ္ေရးအဖြဲ႕ရဲ့ မဲအေရအတြက္ လုံလုံေလာက္ေလာက္ မရၾကေသးပါဘူး။

ဗုဒၶဟူးေန႔ ေန႔လယ္ပိုင္းအထိ အေမရိကန္ အေရွ႕ပိုင္းက Georgia နဲ႔ Pennsylvania ျပည္နယ္ေတြ၊ အေနာက္အလယ္ပိုင္းကMichigan နဲ႔ Wisconsin ျပည္နယ္နဲ႔ နိုင္ငံ အေနာက္ပိုင္းက Arizona နဲ႔ Nevada ျပည္နယ္ေတြမွာ အနိုင္ရသူကို ေၾကညာဖို႔ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။

ေရတြက္ၿပီးတဲ့ မဲစာရင္းအရ ဗုဒၶဟူးေန႔ မနက္ခင္းအထိ သမၼတ ထရန္႔က Georgia နဲ႔ Pennsylvania ျပည္နယ္ေတြမွာ ဦးေဆာင္ေန ၿပီး Joe Biden ကေတာ့ က်န္တဲ့ ျပည္နယ္ ၄ ခုမွာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။​ အခုလို ဦးေဆာင္ေနၾကေပမယ့္လည္း ေနာက္ဆုံး ရလဒ္ အေျဖကို ေရေရရာရာ သိနိုင္တာ မဟုတ္ပါဘူး။

သမၼတ ထရမ့္ကေတာ့ ဗုဒၶဟူးေန႔ မနက္ပိုင္းတုန္းက ဒီ ေရြးေကာက္ပြဲကို နိုင္မွာ ျဖစ္ေၾကာင္းနဲ႔ သူ႔အတြက္ကေတာ့ အနိုင္ရၿပီးေနၿပီ ျဖစ္ေၾကာင္း ေျပာပါတယ္။

ေရြးေကာက္ပြဲေန႔အၿပီး ဆက္လက္ ေရတြက္မယ့္ ဆႏၵမဲေတြကို လည္း သူ႔အေနနဲ႔ လက္မခံေၾကာင္း သမၼတ ထရမ့္က ဆက္လက္ ေျပာဆိုေနပါတယ္။ အေသးစိတ္ကိုမေျပာဘဲ ဒီကိစၥကို တရား႐ုံးခ်ဳပ္ကို တင္ျပသြားမယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ နာရီပိုင္းတုန္းကေတာ့ Joe Biden က မဲေတြ ဆက္ၿပီး ေရတြက္ေနခ်ိန္မွာ သည္းညည္းခံၾကဖို႔ သူ႔ကို ေထာက္ခံသူေတြကို ေျပာပါတယ္။ ဒီ ေရြးေကာက္ပြဲမွာ အနိုင္ရဖို႔ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေၾကာင္းလည္း သူ႔မဲဆြယ္စည္း႐ုံးမႈအေပၚ ယုံၾကည္ခ်က္ အျပည့္နဲ႔ ေျပာထားပါတယ္။

ေလာေလာဆယ္ သမၼတ ထရမ့္အနိုင္ရတဲ့ ျပည္နယ္ေတြထဲ Ohio, Texas, Florida နဲ႔ Kentucky ျပည္နယ္ေတြ ပါဝင္သလို Joe Biden အနိုင္ရတဲ့ ျပည္နယ္ေတြထဲ California, Illinois, Virginia နဲ႔ သူ႔ဇာတိျပည္နယ္ Delaware တို႔ ပါဝင္ပါတယ္။

သမၼတအျဖစ္ ေအာင္ပြဲခံဖို႔က Electoral Vote ေရြးခ်ယ္ေရးအဖြဲ႕ဝင္ေတြရဲ့ မဲ ၅၃၈ မဲထဲက အနည္းဆုံး မဲ၂၇၀ ရရွိဖို႔ လိုအပ္ပါတယ္။

အေျဖမထြက္ေသးတဲ႔ ကန္သမၼတေရြးေကာက္ပြဲ
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္


.............

အဖြေမထွက်သေးတဲ့ ကန်သမ္မတရွေးကောက်ပွဲ
(Unicode)

အမေရိကန် သမ္မတရွေးကောက်ပွဲ အဆုံးသတ်ရလဒ်က အခုအချိန်အထိ သဲသဲကွဲကွဲ မရှိသေးသလို အဖြေမထွက်သေး တဲ့ ပြည်နယ်တွေ မှာလည်း တာဝန်ရှိသူတွေမဲရေတွက်လို့ကောင်းနေဆဲ ဖြစ်ပါတယ်။ မဲရုံတွေဆီကို ကိုယ်တိုင်သွားမယ့်အစားကပ်ရောဂါကနေဘေးကင်း လုံခြုံဖို့အရေး စာတိုက်ကနေ ကြိုတင်ပေးထားတဲ့ မဲတွေ တစ်ပုံတစ်ပင် ရေတွက်ဖို့ ကျန်နေသေးတာပါ။

သမ္မတဒေါ်နယ် ထရမ့်နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden တို့ နှစ်ယောက်စလုံး အနိုင်ရဖို့ လိုအပ်တဲ့ Electoral Vote ရွေးချယ်ရေးအဖွဲ့ရဲ့ မဲအရေအတွက် လုံလုံလောက်လောက် မရကြသေးပါဘူး။

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းအထိ အမေရိကန် အရှေ့ပိုင်းက Georgia နဲ့ Pennsylvania ပြည်နယ်တွေ၊ အနောက်အလယ်ပိုင်းကMichigan နဲ့ Wisconsin ပြည်နယ်နဲ့ နိုင်ငံ အနောက်ပိုင်းက Arizona နဲ့ Nevada ပြည်နယ်တွေမှာ အနိုင်ရသူကို ကြေညာဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ရေတွက်ပြီးတဲ့ မဲစာရင်းအရ ဗုဒ္ဓဟူးနေ့ မနက်ခင်းအထိ သမ္မတ ထရန့်က Georgia နဲ့ Pennsylvania ပြည်နယ်တွေမှာ ဦးဆောင်နေ ပြီး Joe Biden ကတော့ ကျန်တဲ့ ပြည်နယ် ၄ ခုမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။ အခုလို ဦးဆောင်နေကြပေမယ့်လည်း နောက်ဆုံး ရလဒ် အဖြေကို ရေရေရာရာ သိနိုင်တာ မဟုတ်ပါဘူး။

သမ္မတ ထရမ့်ကတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတုန်းက ဒီ ရွေးကောက်ပွဲကို နိုင်မှာ ဖြစ်ကြောင်းနဲ့ သူ့အတွက်ကတော့ အနိုင်ရပြီးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲနေ့အပြီး ဆက်လက် ရေတွက်မယ့် ဆန္ဒမဲတွေကို လည်း သူ့အနေနဲ့ လက်မခံကြောင်း သမ္မတ ထရမ့်က ဆက်လက် ပြောဆိုနေပါတယ်။ အသေးစိတ်ကိုမပြောဘဲ ဒီကိစ္စကို တရားရုံးချုပ်ကို တင်ပြသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းတုန်းကတော့ Joe Biden က မဲတွေ ဆက်ပြီး ရေတွက်နေချိန်မှာ သည်းညည်းခံကြဖို့ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။ ဒီ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်းလည်း သူ့မဲဆွယ်စည်းရုံးမှုအပေါ် ယုံကြည်ချက် အပြည့်နဲ့ ပြောထားပါတယ်။

လောလောဆယ် သမ္မတ ထရမ့်အနိုင်ရတဲ့ ပြည်နယ်တွေထဲ Ohio, Texas, Florida နဲ့ Kentucky ပြည်နယ်တွေ ပါဝင်သလို Joe Biden အနိုင်ရတဲ့ ပြည်နယ်တွေထဲ California, Illinois, Virginia နဲ့ သူ့ဇာတိပြည်နယ် Delaware တို့ ပါဝင်ပါတယ်။

သမ္မတအဖြစ် အောင်ပွဲခံဖို့က Electoral Vote ရွေးချယ်ရေးအဖွဲ့ဝင်တွေရဲ့ မဲ ၅၃၈ မဲထဲက အနည်းဆုံး မဲ၂၇၀ ရရှိဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG