သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြ ျမန္မာေတြ ေလ့လာပံု


Florida ျပည္နယ္ Miami ၿမိဳ႕က မဲေပးခဲ့တယ္ဆိုတဲ့ Sticker မ်ား။ (ႏိုဝင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

လက္ရိွ COVID ကာလ အေမရိကန္ေရြးေကာက္ပဲြ က်င္းပမႈပံုစံကေန ျမန္မာႏိုင္ငံအေနနဲ႔ ဘယ္လို သင္ခန္းစာယူစရာေတြ ရိွသလဲ။ ေနာက္ အေမရိကန္ရဲ့ ႏိုင္ငံေရးအေျပာင္းအလဲက ျမန္မာႏိုင္ငံေရးအေပၚ ဘယ္လို သက္ေရာက္ႏိုင္သလဲဆုိတဲ့သတင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

လက္ရိွ COVID ကပ္ေရာဂါ ကူးစက္မႈျမင့္မားေနခ်ိန္က်င္းပတဲ့ အေမရိကန္ႏိုင္ငံရဲ႕ ေရြးေကာက္ပဲြမွာ မဲေပးသူ သန္း ၁၅၀ ေလာက္ရိွၿပီး ၾကိဳတင္မဲေပးသူဟာ ၉၈ သန္း ရိွပါတယ္။ ဒါဟာ မဲေပးသူရဲ့ ၃ ပံု ၂ ပံုရိွခဲ့သလို ၾကိဳတင္မဲေပးသူရဲ႕ ၃ ပံု ၂ ပံုဟာလည္း စာတုိက္ကေန တဆင့္ မဲေပးခဲ့ၾကတာပါ။

အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီရဲ့ ေျပာေရးဆိုခြင့္ရိွသူ ေဒါက္တာမ်ိဳးညႊန္႔က စာတိုုက္ကေန မဲေပးတဲ့စနစ္အေပၚ အခုလို သံုးသပ္လုိက္ၿပီး တစ္ခိ်န္မွာ Online က မဲေပးတဲ့စနစ္မ်ိဳး လိုအပ္လာႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

“သူရဲ့ မဲေပးမႈက စာတုိက္က မဲေပးရတယ္ေလ။ လူကိုယ္တိုင္မဟုတ္ဘဲနဲ႔ မဲေပးႏိုင္တဲ့စနစ္ျဖစ္ေတာ့ကာ COVID ကာလမွာ ပိုၿပီး သင့္ေတာ္ပါတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔က က်ေနာ္တို႔ အိမ္နီးခ်င္းျဖစ္တဲ့ အိႏိၵယလို ႏိုင္ငံမ်ိဳးမွာလည္း online မဲေပးနည္းေတြကို ေအာင္ေအာင္ျမင္ျမင္က်င့္သံုးေတာ့ က်ေနာ္တုိ႔ အခ်ိန္ရလာရင္ေတာ့ ဒီစနစ္ဟာ ေနာင္တစ္ခ်ိန္မွာ က်င့္သံုးဖို႔ လုိေကာင္း လုိပါလိမ့္မယ္။”

ျပည္သူ႔ပါတီရဲ႕ ဥကၠ႒ ဦးကိုကိုၾကီးက လက္ရိွအေမရိကန္ေရြးေကာက္ပဲြ လုပ္ငန္းစဥ္အေပၚ အခုလို သံုးသပ္ပါတယ္။

“မဲေပးတဲ့အခါမွာ ဒီ ႏို၀င္ဘာ ၃ ရက္ေန႔ မတုိင္ခင္ကတည္းက သူက ျပည္သူေတြအေနနဲ႔ လူကိုယ္တုိင္ျဖစ္ေစ၊ စာတိုက္က တဆင့္ျဖစ္ေစ မဲလာေပးႏိုင္ေအာင္ စီစဥ္ေပးထားေတာ့ မဲေပးတဲ့ေန႔ တစ္ေန႔တည္းမွာ လူစုလူေ၀းျဖစ္တာမဟုတ္ဘဲနဲ႔ သူက တစ္ခါတည္း လူခဲြထားၿပီးသားျဖစ္ေနတယ္။ ၾကိဳတင္မဲေတြခ်ည္းပဲ သန္း ၁၀၀ နီးပါး ေပးထားၿပီးသားျဖစ္တယ္ဆုိေတာ့ အဲဒီလိုမ်ိဳး ျပင္ဆင္မႈမ်ိဳး စီစဥ္ႏိုင္မႈမ်ိဳးက က်ေနာ္တို႔ဆီမွာ အင္မတန္အားနည္းတယ္။ ဒါေၾကာင္မို႔လို႔ သူတုိ႔ရဲ့ မဲေပးတဲ့ ဦးေရအေရအတြက္က ဒီေရြးေကာက္ပဲြမွာ စံခ်ိန္တင္တယ္။ ကိုဗစ္လုိ အခ်ိန္မ်ိဳးမွာေတာင္မွ။”

အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးအေျပာင္းအလဲ ျဖစ္လာမယ္ဆုိရင္ ျမန္မာျပည္ႏိုင္ငံေရးအေပၚ သက္ေရာက္မယ့္ အလားအလာနဲ႔ပတ္သက္လို႔ ေဒါက္တာမ်ိဳးညႊန္႔က အခုဆက္လက္ ေျပာပါတယ္။

“အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြရဲ႕ ႏိုင္ငံေရးအေဆာက္အဦးေတြက အင္မတန္ ခုိင္မာပါတယ္ခင္ဗ်။ လူတစ္ဦးတစ္ေယာက္ ေျပာင္းလဲရံုနဲ႔ေတာ့ အၾကီးအက်ယ္ က်ေနာ္တို႔ႏိုင္ငံနဲ႔ပတ္သက္တဲ့ မူုူ၀ါဒေတြ ေျပာင္းလဲလိမ့္မယ္လို႔ က်ေနာ္တို႔ မယံုၾကည္ပါဘူးခင္ဗ်။”

ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုၾကီးက ျမန္မာျပည္အေရးအေပၚမွာ ရီပတ္ပလီကန္ ပါတီထက္ ဒီမုိကရက္ပါတီက စိတ္၀င္စားမႈ ပိုမ်ားခဲ့ေၾကာင္း သံုးသပ္ၿပီး သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“သူတို႔ ဘယ္သူပဲ တက္တက္ပါ။ က်ေနာ္တုိ႔ ျပည္တြင္း အင္အား မွ်ေျခတစ္ခုကို မတည္ေဆာက္ႏိုင္ရင္ေတာ့ ႏိုင္ငံတကာကလည္း က်ေနာ္တုိ႔ ႏိုင္ငံနဲ႔ပတ္သက္တဲ့ ဖိအားေပးမႈေတြက ၂၀၂၀ အလြန္မွာလည္း ဆက္ၿပီးေတာ့ ျဖစ္လာႏိုင္တယ္။ ျဖစ္လာႏိုင္ေတာ့ အဓိကကေတာ့ အေမရိကန္သမၼတ အႏိုင္အရံႈးကိစၥကေတာ့ ဒီ ေတာင္တရုတ္ပင္လယ္ျပႆနာ၊ တရုတ္နိုင္ငံနဲ႔ တင္းမာမႈျပႆနာ ဒီဟာေတြေတာ့ က်ေနာ္တို႔ဆီ ဂယက္ေတာ့ အနည္းနဲ႔အမ်ားေတာ့ ရိုက္ႏိုင္မယ္လုိ႔ ျမင္ပါတယ္။”

၂၀၂၀ ေရြးေကာက္ပဲြ ေစာင့္ၾကည့္ေလ့လာေနတဲ့ ဖန္တီးအိမ္အဖဲြ႔ ဒါရိုက္တာ မေဒၚခင္ေလးငယ္ ကေတာ့ အေမရိကန္ရဲ့ ေခါင္းေဆာင္အေျပာင္းအလဲဟာ ျမန္မာႏို္င္ငံေရးအေပၚ သက္ေရာက္မႈ ရိွႏိုင္မယ္လို႔ သံုးသပ္ပါတယ္။

“အရင္ကဆုိရင္ေတာ့ ပါတီလုိက္ၿပီး လူပုဂၢိဳလ္လုိက္ၿပီးကို က်မတုိ႔ႏိုင္ငံ ေခါင္းေဆာင္ခ်င္းေတြကိုက ဆက္ဆံပံုခ်င္း မတူတာေတြ ရိွတယ္။ ေနာက္ တခ်ိဳ႕ေခါင္းေဆာင္ေတြဆို တျခားလူမ်ိဳးစု၊ လူနည္းစု၊ ႏိုင္ငံျခားသားေတြအေပၚမွာ ထားတဲ့ သေဘာထားေတြကအစ အဲလုိမ်ိဳး လူပုဂၢိဳလ္အေနနဲ႔ကို မတူတာမ်ိဳးေတြ ရိွေတာ့ ဒါ ေခါင္းေဆာင္အေျပာင္းအလဲျဖစ္ရင္ေတာ့ ႏိုင္ငံျခားေရးမူ၀ါဒေတြလည္း ေျပာင္းသြားလုိရင္ က်မတုိ႔လို ႏိုင္ငံမ်ိဳးေတြလည္း ဆက္ဆံေရးမွာ အေျပာင္းအလဲေတြ ရိွလာႏိုင္ပါတယ္။”

ေရြးေကာက္ပဲြေတြနဲ႔႔ပတ္သက္ၿပီး လက္ရိွ စိုးရိမ္မႈကိုေတာ့ ေဒၚခင္ေလးငယ္က အခုလို ဆက္ေျပာပါတယ္။

“ဒီ ျမန္မာႏိုင္ငံမွာေရာ အေမရိကန္ႏိုင္ငံမွာေရာေပါ့ေနာ္။ ေရြးေကာက္ပဲြ ရလဒ္ကို လူထုက လက္ခံႏိုင္ဖို႔ လိုတယ္ရွင္။ က်မတုိ႔ သတင္းေတြထဲမွာ ၾကားရတာကေတာ့ တခ်ိဳ႕လူေတြကေတာ့ ဘယ္ဘက္ကပဲ ႏိုင္ႏိုင္ မၿငိမ္ မသက္မႈေတြျဖစ္မွာကို စိတ္ပူၿပီးေတာ့ ၾကိဳတင္ကာကြယ္ထားတာမ်ိဳးေတြ ေတြ႔ရေတာ့ က်မတို႔ ျမန္မာႏိုင္ငံအတြက္လည္း ေရြးေကာက္ပဲြအလြန္မွာ ဒီလို ျဖစ္မွာကိုလည္း စိတ္ပူပါတယ္။”

လက္ရိွ အေမရိကန္ေရြးေကာက္ပဲြရလဒ္ေတြကေတာ့ အၿပီးသတ္ထုတ္ျပန္ႏိုင္တာ မရိွေသးပါဘူး။ ေနာက္ဆံုးရရိွထားတဲ့သတင္းေတြအရေတာ့ လက္ရိွ သမၼတ Donald Trump ကို ဒီမိုကရက္ သမၼတေလာင္း Joe Biden က မဲရရိွမႈ ၁ ရာခုိင္ႏႈန္းေက်ာ္အသာနဲ႔ ဦးေဆာင္ေနပါတယ္။

ကန္ေရြးေကာက္ပဲြ ျမန္မာေတြ ေလ့လာပံု
please wait

No media source currently available

0:00 0:04:19 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ရွေးကောက်ပွဲ မြန်မာတွေ လေ့လာပုံ

လက်ရှိ COVID ကာလ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှုပုံစံကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သင်ခန်းစာယူစရာတွေ ရှိသလဲ။ နောက် အမေရိကန်ရဲ့ နိုင်ငံရေးအပြောင်းအလဲက မြန်မာနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲဆိုတဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

လက်ရှိ COVID ကပ်ရောဂါ ကူးစက်မှုမြင့်မားနေချိန်ကျင်းပတဲ့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ သန်း ၁၅၀ လောက်ရှိပြီး ကြိုတင်မဲပေးသူဟာ ၉၈ သန်း ရှိပါတယ်။ ဒါဟာ မဲပေးသူရဲ့ ၃ ပုံ ၂ ပုံရှိခဲ့သလို ကြိုတင်မဲပေးသူရဲ့ ၃ ပုံ ၂ ပုံဟာလည်း စာတိုက်ကနေ တဆင့် မဲပေးခဲ့ကြတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က စာတိုက်ကနေ မဲပေးတဲ့စနစ်အပေါ် အခုလို သုံးသပ်လိုက်ပြီး တစ်ချိန်မှာ Online က မဲပေးတဲ့စနစ်မျိုး လိုအပ်လာနိုင်ကြောင်း သုံးသပ်ပါတယ်။

“သူရဲ့ မဲပေးမှုက စာတိုက်က မဲပေးရတယ်လေ။ လူကိုယ်တိုင်မဟုတ်ဘဲနဲ့ မဲပေးနိုင်တဲ့စနစ်ဖြစ်တော့ကာ COVID ကာလမှာ ပိုပြီး သင့်တော်ပါတယ်။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာလည်း online မဲပေးနည်းတွေကို အောင်အောင်မြင်မြင်ကျင့်သုံးတော့ ကျနော်တို့ အချိန်ရလာရင်တော့ ဒီစနစ်ဟာ နောင်တစ်ချိန်မှာ ကျင့်သုံးဖို့ လိုကောင်း လိုပါလိမ့်မယ်။”

ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လက်ရှိအမေရိကန်ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် အခုလို သုံးသပ်ပါတယ်။

“မဲပေးတဲ့အခါမှာ ဒီ နိုဝင်ဘာ ၃ ရက်နေ့ မတိုင်ခင်ကတည်းက သူက ပြည်သူတွေအနေနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်က တဆင့်ဖြစ်စေ မဲလာပေးနိုင်အောင် စီစဉ်ပေးထားတော့ မဲပေးတဲ့နေ့ တစ်နေ့တည်းမှာ လူစုလူဝေးဖြစ်တာမဟုတ်ဘဲနဲ့ သူက တစ်ခါတည်း လူခွဲထားပြီးသားဖြစ်နေတယ်။ ကြိုတင်မဲတွေချည်းပဲ သန်း ၁၀၀ နီးပါး ပေးထားပြီးသားဖြစ်တယ်ဆိုတော့ အဲဒီလိုမျိုး ပြင်ဆင်မှုမျိုး စီစဉ်နိုင်မှုမျိုးက ကျနော်တို့ဆီမှာ အင်မတန်အားနည်းတယ်။ ဒါကြောင်မို့လို့ သူတို့ရဲ့ မဲပေးတဲ့ ဦးရေအရေအတွက်က ဒီရွေးကောက်ပွဲမှာ စံချိန်တင်တယ်။ ကိုဗစ်လို အချိန်မျိုးမှာတောင်မှ။”

အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမယ်ဆိုရင် မြန်မာပြည်နိုင်ငံရေးအပေါ် သက်ရောက်မယ့် အလားအလာနဲ့ပတ်သက်လို့ ဒေါက်တာမျိုးညွှန့်က အခုဆက်လက် ပြောပါတယ်။

“အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးအဆောက်အဦးတွေက အင်မတန် ခိုင်မာပါတယ်ခင်ဗျ။ လူတစ်ဦးတစ်ယောက် ပြောင်းလဲရုံနဲ့တော့ အကြီးအကျယ် ကျနော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ မူုူဝါဒတွေ ပြောင်းလဲလိမ့်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူးခင်ဗျ။”

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက မြန်မာပြည်အရေးအပေါ်မှာ ရီပတ်ပလီကန် ပါတီထက် ဒီမိုကရက်ပါတီက စိတ်ဝင်စားမှု ပိုများခဲ့ကြောင်း သုံးသပ်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ ဘယ်သူပဲ တက်တက်ပါ။ ကျနော်တို့ ပြည်တွင်း အင်အား မျှခြေတစ်ခုကို မတည်ဆောက်နိုင်ရင်တော့ နိုင်ငံတကာကလည်း ကျနော်တို့ နိုင်ငံနဲ့ပတ်သက်တဲ့ ဖိအားပေးမှုတွေက ၂၀၂၀ အလွန်မှာလည်း ဆက်ပြီးတော့ ဖြစ်လာနိုင်တယ်။ ဖြစ်လာနိုင်တော့ အဓိကကတော့ အမေရိကန်သမ္မတ အနိုင်အရှုံးကိစ္စကတော့ ဒီ တောင်တရုတ်ပင်လယ်ပြဿနာ၊ တရုတ်နိုင်ငံနဲ့ တင်းမာမှုပြဿနာ ဒီဟာတွေတော့ ကျနော်တို့ဆီ ဂယက်တော့ အနည်းနဲ့အများတော့ ရိုက်နိုင်မယ်လို့ မြင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနေတဲ့ ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ မဒေါ်ခင်လေးငယ် ကတော့ အမေရိကန်ရဲ့ ခေါင်းဆောင်အပြောင်းအလဲဟာ မြန်မာနိုင်ငံရေးအပေါ် သက်ရောက်မှု ရှိနိုင်မယ်လို့ သုံးသပ်ပါတယ်။

“အရင်ကဆိုရင်တော့ ပါတီလိုက်ပြီး လူပုဂ္ဂိုလ်လိုက်ပြီးကို ကျမတို့နိုင်ငံ ခေါင်းဆောင်ချင်းတွေကိုက ဆက်ဆံပုံချင်း မတူတာတွေ ရှိတယ်။ နောက် တချို့ခေါင်းဆောင်တွေဆို တခြားလူမျိုးစု၊ လူနည်းစု၊ နိုင်ငံခြားသားတွေအပေါ်မှာ ထားတဲ့ သဘောထားတွေကအစ အဲလိုမျိုး လူပုဂ္ဂိုလ်အနေနဲ့ကို မတူတာမျိုးတွေ ရှိတော့ ဒါ ခေါင်းဆောင်အပြောင်းအလဲဖြစ်ရင်တော့ နိုင်ငံခြားရေးမူဝါဒတွေလည်း ပြောင်းသွားလိုရင် ကျမတို့လို နိုင်ငံမျိုးတွေလည်း ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။”

ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး လက်ရှိ စိုးရိမ်မှုကိုတော့ ဒေါ်ခင်လေးငယ်က အခုလို ဆက်ပြောပါတယ်။

“ဒီ မြန်မာနိုင်ငံမှာရော အမေရိကန်နိုင်ငံမှာရောပေါ့နော်။ ရွေးကောက်ပွဲ ရလဒ်ကို လူထုက လက်ခံနိုင်ဖို့ လိုတယ်ရှင်။ ကျမတို့ သတင်းတွေထဲမှာ ကြားရတာကတော့ တချို့လူတွေကတော့ ဘယ်ဘက်ကပဲ နိုင်နိုင် မငြိမ် မသက်မှုတွေဖြစ်မှာကို စိတ်ပူပြီးတော့ ကြိုတင်ကာကွယ်ထားတာမျိုးတွေ တွေ့ရတော့ ကျမတို့ မြန်မာနိုင်ငံအတွက်လည်း ရွေးကောက်ပွဲအလွန်မှာ ဒီလို ဖြစ်မှာကိုလည်း စိတ်ပူပါတယ်။”

လက်ရှိ အမေရိကန်ရွေးကောက်ပွဲရလဒ်တွေကတော့ အပြီးသတ်ထုတ်ပြန်နိုင်တာ မရှိသေးပါဘူး။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့ လက်ရှိ သမ္မတ Donald Trump ကို ဒီမိုကရက် သမ္မတလောင်း Joe Biden က မဲရရှိမှု ၁ ရာခိုင်နှုန်းကျော်အသာနဲ့ ဦးဆောင်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG