သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ သမၼတေရြးေကာက္ပြဲ မဲအားလံုးေရတြက္ဖို႔ ဂ်ာမနီ တိုက္တြန္း


(Zawgyi/Unicode)

အေျဖမထြက္ေသးတဲ့ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ေပးထားၿပီးသားျဖစ္တဲ့ မဲေတြအားလုံး ၿပီးဆုံးတဲ့ အထိ ဆက္လက္ ေရ တြက္ဖို႔ ဂ်ာမနီ ဒုတိယ ဝန္ႀကီးခ်ဳပ္ Olaf Scholz က ေတာင္းဆိုလိုက္ပါတယ္။ ဘယ္သူပဲ အနိုင္ရရ ဂ်ာမနီနဲ႔ ဥေရာပ သမဂၢအဖြဲ႕ EUတို႔အေနနဲ႔ အေမ ရိကန္နိုင္ငံရဲ့ အေရးႀကီးတဲ့ လက္တြဲေဖာ္နိုင္ငံေတြအျဖစ္ ဆက္လက္ တည္ရွိသြားမွာ ျဖစ္ေၾကာင္းလည္း Scholz က ေျပာပါတယ္။

ဂ်ာမနီ ဒုတိယ ဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ဘ႑ာေရး ဝန္ႀကီး လည္း ျဖစ္သူ Olaf Scholzက အေမရိကန္ေရြးေကာက္ပြဲစနစ္ဟာ ရႈပ္ေထြး သလို ဘယ္သူ အနိုင္ရမလဲဆိုတာကို ေျပာဖို႔ ခက္ခဲေၾကာင္းနဲ႔ ေရြးေကာက္ပြဲကို လုံးလုံးလ်ားလ်ား ၿပီးဆုံးတဲ့အထိ လုပ္သင့္ေၾကာင္း ေျပာပါတယ္။

သမၼတ ေရြးေကာက္ပြဲမွာ အနိုင္ရရွိေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ဗုဒၶဟူးေန႔ မနက္ အေစာပိုင္းႀကီးမွာ ေၾကညာခဲ့ အၿပီးမွာ လက္ရွိဥေရာပသမဂၢEUအဖြဲ႕ရဲ့ ဥကၠဌျဖစ္သူ ဂ်ာမနီနိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္က အခုလို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ သမၼတထရမ့္က လက္ရွိ မဲ ေရတြက္ေနတာကို ရပ္ဆိုင္းပစ္ဖို႔ ေတာင္းဆိုခဲ့သလို ေရြးေကာက္ပြဲကိစၥ တရား႐ုံးခ်ဳပ္ကိုတင္ၿပ ၿပီး အဆုံး အျဖတ္ ခံယူမယ္လို႔လည္း ၿခိမ္းေျခာက္ထားပါတယ္။ အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနရတဲ့ ျပည္နယ္ေတြမွာ သန္းခ်ီတဲ့ မဲေတြေရတြက္လို႔ မၿပီးေသးခင္မွာ သမၼတ ထရမ့္က အခုလို ေျပာလိုက္တာပါ။

ၿဗိတိန္နိုင္ငံကလည္း အေမရိကန္ ေရြးေကာက္ပြဲမွာ ဘယ္သူပဲ နိုင္နိုင္ ၿဗိတိန္နဲ႔အေမရိကန္နိုင္ငံေတြရဲ့ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးက ဆက္လက္တည္ရွိသြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ အခ်ိန္မတန္ခင္ အနိုင္ရရွိေၾကာင္း သမၼတထရမ့္ရဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္ ၿပီး ၿဗိတိန္ ပါလီမန္ အမတ္ေတြရဲ့ ေမးျမန္းခ်က္ကိုမွာေတာ့ သမၼတ ထရမ့္ရဲ့ မဟာမိတ္ ျဖစ္သူ ဝန္ႀကီးခ်ဳပ္ Boris Johnson ကတိုက္ရိုက္ ျပန္လည္ ေျဖၾကားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

ကန် သမ္မတရွေးကောက်ပွဲ မဲအားလုံးရေတွက်ဖို့ ဂျာမနီ တိုက်တွန်း

(Unicode)

အဖြေမထွက်သေးတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပေးထားပြီးသားဖြစ်တဲ့ မဲတွေအားလုံး ပြီးဆုံးတဲ့ အထိ ဆက်လက် ရေ တွက်ဖို့ ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်Olaf Scholzက တောင်းဆိုလိုက်ပါတယ်။ ဘယ်သူပဲ အနိုင်ရရ ဂျာမနီနဲ့ ဥရောပ သမဂ္ဂအဖွဲ့ EUတို့အနေနဲ့ အမေ ရိကန်နိုင်ငံရဲ့ အရေးကြီးတဲ့ လက်တွဲဖော်နိုင်ငံတွေအဖြစ် ဆက်လက် တည်ရှိသွားမှာ ဖြစ်ကြောင်းလည်း Scholz က ပြောပါတယ်။

ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေး ဝန်ကြီး လည်း ဖြစ်သူ Olaf Scholzက အမေရိကန်ရွေးကောက်ပွဲစနစ်ဟာ ရှုပ်ထွေး သလို ဘယ်သူ အနိုင်ရမလဲဆိုတာကို ပြောဖို့ ခက်ခဲကြောင်းနဲ့ ရွေးကောက်ပွဲကို လုံးလုံးလျားလျား ပြီးဆုံးတဲ့အထိ လုပ်သင့်ကြောင်း ပြောပါတယ်။

သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းကြီးမှာ ကြေညာခဲ့ အပြီးမှာ လက်ရှိဥရောပသမဂ္ဂEUအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သမ္မတထရမ့်က လက်ရှိ မဲ ရေတွက်နေတာကို ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုခဲ့သလို ရွေးကောက်ပွဲကိစ္စ တရားရုံးချုပ်ကိုတင်ပြ ပြီး အဆုံး အဖြတ် ခံယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ ပြည်နယ်တွေမှာ သန်းချီတဲ့ မဲတွေရေတွက်လို့ မပြီးသေးခင်မှာ သမ္မတ ထရမ့်က အခုလို ပြောလိုက်တာပါ။

ဗြိတိန်နိုင်ငံကလည်း အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် ဗြိတိန်နဲ့အမေရိကန်နိုင်ငံတွေရဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးက ဆက်လက်တည်ရှိသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ အချိန်မတန်ခင် အနိုင်ရရှိကြောင်း သမ္မတထရမ့်ရဲ့ ကြေညာချက်နဲ့ ပတ်သက် ပြီး ဗြိတိန် ပါလီမန် အမတ်တွေရဲ့ မေးမြန်းချက်ကိုမှာတော့ သမ္မတ ထရမ့်ရဲ့ မဟာမိတ် ဖြစ်သူ ဝန်ကြီးချုပ်Boris Johnsonကတိုက်ရိုက် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

XS
SM
MD
LG