သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္ထုတ္ျပန္ခ်က္ ဖဲြ႕စည္းပံုနဲ႔မညီ - သမၼတရံုးေျပာခြင့္ရသူ


သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး (ႏိုဝင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

မၾကာခင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ အစိုးရနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြအေပၚ တပ္မေတာ္က ေဝဖန္လိုက္တဲ့အေပၚ အစိုးရတာဝန္ရွိသူက ဒီေန႔ပဲ တုံ႔ျပန္လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး (ႏိုဝင္ဘာ ၀၄၊ ၂၀၂၀)
သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး (ႏိုဝင္ဘာ ၀၄၊ ၂၀၂၀)

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ရာမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ အစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြဟာ အားနည္းခ်က္ေတြ ရွိေနတယ္ဆိုၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ တနလၤာေန႔က ထုတ္ျပန္ခ်က္အေပၚ သမၼတ႐ုံးက ဒီေန႔ပဲ တုံ႔ျပန္လိုက္တာပါ။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မၾကာေသးခင္က ေတြ႕ဆုံေမးျမန္းခန္းတခုမွာ မွတ္ခ်က္ေပးခဲ့တာေတြဟာ ဖြဲ႕စည္းပုံနဲ႔ ကိုက္ညီမႈမရွိဘူးဆိုၿပီး သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ေနျပည္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

"တပ္မေတာ္ထုတ္ျပန္ခ်က္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေပၚျပဴလာ မဂၢဇင္းတို႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာၾကားခ်က္ေတြက ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ႏိုင္ငံဥပေဒမ်ားရဲ႕ အႏွစ္သာရနဲ႔ ကိုက္ညီမႈမရွိပါဘူး။"

တနလၤာေန႔က ထုတ္ျပန္တဲ့ တပ္မေတာ္ရဲ႕ သေဘာထား ေၾကညာခ်က္မွာေတာ့ ႏိုဝင္ဘာလ ၈ ရက္ေန႔ က်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ အစိုးရနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ရဲ႕အဘက္ဘက္က ျပင္ဆင္မႈေတြမွာ လုံေလာက္မႈမရွိ၊ အားနည္းခ်က္ေတြ ေတြ႕ရၿပီး ေနာက္ဆက္တြဲရလဒ္ေတြအတြက္ အစိုးရအေနနဲ႔ တာဝန္ခံရမယ့္အေၾကာင္း ေဖာ္ျပထားပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးတဲ့ လုပ္ငန္းစဥ္ေတြနဲ႔ ကပ္ေရာဂါကာလ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ အားနည္းတာေၾကာင့္ ေနာက္ဆက္ဆဲြ ဆိုးက်ိဳးေတြ ရင္ဆိုင္ရႏိုင္တယ္လို႔လည္း သတိေပးထားတာပါ။

သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးကေတာ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေဆာင္႐ြက္ရာမွာ အားနည္းခ်က္ေတြနဲ႔ ပတ္သက္လို႔ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ အသိအမွတ္ျပဳလက္ခံခဲ့ေပမဲ့ အခက္အခဲၾကားက ေဆာင္႐ြက္ေနရတာျဖစ္ေၾကာင္းလည္း ကာကြယ္ေျပာဆိုသြားပါတယ္။

ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ရက္ပိုင္းသာ လိုေတာ့တဲ့ အခ်ိန္မွာပဲ တပ္မေတာ္နဲ႔ အစိုးရၾကား အျပန္အလွန္ ေျပာဆိုမႈေတြေၾကာင့္ ေ႐ြးေကာက္ပြဲအလြန္ ႏိုင္ငံေရးအေျခအေနအေပၚ စိုးရိမ္တယ္လို႔လည္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းလည္းျဖစ္ ႏိုင္ငံေရး ေလ့လာသုံးသပ္သူလည္းျဖစ္တဲ့ ဦးရဲထြန္းက ေျပာပါတယ္။

"တပ္ကလည္း အခု UEC ကို ေထာက္ျပၿပီးေတာ့ အစိုးရကို ေဝဖန္ေနတဲ့ ကိစၥက တဘက္နဲ႔တဘက္ တင္းမာလာလို႔ရွိရင္ အႀကိတ္အခဲေတြေပါ့ေနာ္။ ႏွစ္ဘက္ၾကားမွာ အၾကိတ္အခဲေတြ ရွိေနတယ္ဆိုလို႔ရွိရင္ ေနာက္ ၂၀၂၀ ၿပီးလို႔ အဆိုး႐ြားဆုံး အာဏာသိမ္းတဲ့အထိ မေရာက္ေတာင္မွ... အဆိုးရြားဆံုး ျဖစ္ႏိုင္တာကေတာ့ အာဏာသိမ္းတာေပါ့ဗ်ာ။ အဲဒီ့အထိ မေရာက္ရင္ေတာင္မွ တပ္နဲ႔ အႏို္င္ရတဲ့ NLD ပါတီက ႏိုင္ခဲ့မယ္ဆိုလို႔ရွိရင္ NLD ပါတီနဲ႔ၾကားက ဆက္ဆံေရးကေတာ့ ေကာင္းလာဖို႔မျမင္ဘူး။ ဒီလိုပဲ တေစာင္းေဆးနဲ႔မ်က္ေခ်းဆိုတဲ့ ပံုစံမ်ိဳးျဖစ္မွာ။ အဲဒီလိုျဖစ္မယ္ဆိုရင္ အထူးသျဖစ္ေတာ့ ၿငိမ္းခ်မ္းေရး တည္ေဆာက္တဲ့ ကိစၥေတြမွာေတာ့ အေႏွာက္အယွက္ အဟန္႔အတား ျဖစ္လိမ့္မယ္လို႔ က်ေနာ္က အဲဒီလိုတြက္ပါတယ္ဗ်။"

သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးကေတာ့ ေ႐ြးေကာက္ပြဲက်င္းပကာနီးမွာ အစိုးရနဲ႔ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ ေဝဖန္မႈေတြ ၿခိမ္းေျခာက္မႈေတြကို သတိထားဖို႔ လိုတယ္လို႔လည္း သတင္းစာရွင္းလင္းပြဲမွာ မွတ္ခ်က္ေပးခဲ့တာပါ။

"ဘယ္ဟာ message ေပးခ်င္လဲဆိုေတာ့ ျမန္မာႏိုင္ငံသားေတြအတြက္ အထူးပဲ အေရးၾကီးတယ္။ ျပည္သူလူထုကို message ေပးလိုတာကေတာ့ တင္ျပပါအတိုင္း ျပိဳင္တူတြန္းရင္ ေရြ႕ႏိုင္တယ္။ အဲဒီေတာ့ ကိုယ္ဆိုင္ရာဆိုင္ရာ က႑ကေနၿပီးေတာ့ ဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္သြားၾကဖို႔ ဒီ ပါတီစံု ဒီမိုကေရစီအေထြေထြေရြးေကာက္ပဲြ ပ်က္ျပားေအာင္ အခ်ိန္ကိုက္ လႈပ္ရွားမႈေတြကို အထူးသတိျပဳၾကဖို႔။ ၿပီးရင္ေတာ့ ေနာက္ဆံုးက်ေနာ္တို႔ရဲ႕ ပန္းတိုင္ကေတာ့ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ပါတီစံု ဒီမိုကေရစီ အေထြေထြေရြးေကာက္ပဲြ ေအာင္ေအာင္ျမင္ျမင္ ျဖစ္ေျမွာက္ေရးအတြက္ ဝန္းရံၾကဖို႔ပဲ ျဖစ္ပါတယ္။"

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန႔္မွန္းထားေပမဲ့ လြတ္လပ္မွ်တတဲ့ အေျခအေနမရွိဘူးဆိုၿပီး တိုင္းနဲ႔ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကို ေ႐ြးေကာက္ပြဲ မက်င္းပဖို႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန႔္မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးမယ့္ အေျခအေနမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်ထုတ်ပြန်ချက် ဖွဲ့စည်းပုံနဲ့မညီ - သမ္မတရုံးပြောခွင့်ရသူ

မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် တပ်မတော်က ဝေဖန်လိုက်တဲ့အပေါ် အစိုးရတာဝန်ရှိသူက ဒီနေ့ပဲ တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက်အပေါ် သမ္မတရုံးက ဒီနေ့ပဲ တုံ့ပြန်လိုက်တာပါ။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းခန်းတခုမှာ မှတ်ချက်ပေးခဲ့တာတွေဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"တပ်မတော်ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပေါ်ပြူလာ မဂ္ဂဇင်းတို့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါဘူး။"

တနင်္လာနေ့က ထုတ်ပြန်တဲ့ တပ်မတော်ရဲ့ သဘောထား ကြေညာချက်မှာတော့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ရဲ့အဘက်ဘက်က ပြင်ဆင်မှုတွေမှာ လုံလောက်မှုမရှိ၊ အားနည်းချက်တွေ တွေ့ရပြီး နောက်ဆက်တွဲရလဒ်တွေအတွက် အစိုးရအနေနဲ့ တာဝန်ခံရမယ့်အကြောင်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ အားနည်းတာကြောင့် နောက်ဆက်ဆွဲ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့လည်း သတိပေးထားတာပါ။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်ရာမှာ အားနည်းချက်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အသိအမှတ်ပြုလက်ခံခဲ့ပေမဲ့ အခက်အခဲကြားက ဆောင်ရွက်နေရတာဖြစ်ကြောင်းလည်း ကာကွယ်ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ တပ်မတော်နဲ့ အစိုးရကြား အပြန်အလှန် ပြောဆိုမှုတွေကြောင့် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်တယ်လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

"တပ်ကလည်း အခု UEC ကို ထောက်ပြပြီးတော့ အစိုးရကို ဝေဖန်နေတဲ့ ကိစ္စက တဘက်နဲ့တဘက် တင်းမာလာလို့ရှိရင် အကြိတ်အခဲတွေပေါ့နော်။ နှစ်ဘက်ကြားမှာ အကြိတ်အခဲတွေ ရှိနေတယ်ဆိုလို့ရှိရင် နောက် ၂၀၂၀ ပြီးလို့ အဆိုးရွားဆုံး အာဏာသိမ်းတဲ့အထိ မရောက်တောင်မှ... အဆိုးရွားဆုံး ဖြစ်နိုင်တာကတော့ အာဏာသိမ်းတာပေါ့ဗျာ။ အဲဒီ့အထိ မရောက်ရင်တောင်မှ တပ်နဲ့ အနိုင်ရတဲ့ NLD ပါတီက နိုင်ခဲ့မယ်ဆိုလို့ရှိရင် NLD ပါတီနဲ့ကြားက ဆက်ဆံရေးကတော့ ကောင်းလာဖို့မမြင်ဘူး။ ဒီလိုပဲ တစောင်းဆေးနဲ့မျက်ချေးဆိုတဲ့ ပုံစံမျိုးဖြစ်မှာ။ အဲဒီလိုဖြစ်မယ်ဆိုရင် အထူးသဖြစ်တော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကိစ္စတွေမှာတော့ အနှောက်အယှက် အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်က အဲဒီလိုတွက်ပါတယ်ဗျ။"

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲကျင်းပကာနီးမှာ အစိုးရနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ဝေဖန်မှုတွေ ခြိမ်းခြောက်မှုတွေကို သတိထားဖို့ လိုတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့တာပါ။

"ဘယ်ဟာ message ပေးချင်လဲဆိုတော့ မြန်မာနိုင်ငံသားတွေအတွက် အထူးပဲ အရေးကြီးတယ်။ ပြည်သူလူထုကို message ပေးလိုတာကတော့ တင်ပြပါအတိုင်း ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်။ အဲဒီတော့ ကိုယ်ဆိုင်ရာဆိုင်ရာ ကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ ဒီ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပျက်ပြားအောင် အချိန်ကိုက် လှုပ်ရှားမှုတွေကို အထူးသတိပြုကြဖို့။ ပြီးရင်တော့ နောက်ဆုံးကျနော်တို့ရဲ့ ပန်းတိုင်ကတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြှောက်ရေးအတွက် ဝန်းရံကြဖို့ပဲ ဖြစ်ပါတယ်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပေမဲ့ လွတ်လပ်မျှတတဲ့ အခြေအနေမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG