(Zawgyi/Unicode)
အဂၤါေန႔က က်င္းပတဲ့ အေမရိကန္ေရြးေကာက္ပြဲ အတြက္ မဲေတြကို ေသာၾကာေန႔ အထိ ဆက္လက္ေရတြက္ေနဆဲ ျဖစ္ပါတယ္။
ေဂ်ာ္ဂ်ီယာနဲ႔ Pennsylvania ျပည္နယ္ေတြမွာ ရီပတ္ဘလစ္ကင္ပါတီ သမၼတထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီက ဂ်ိဳးဘိုင္ဒင္တို႔ၾကား မဲအေရအတြက္ သိပ္မကြာပဲ ရွိေနၿပီး ေသာၾကာေန႔ွ အေစာပိုင္းေတာ့ ဂ်ိဳးဘိုင္ဒင္က မဲအေရအတြက္ တေျဖးေျဖးဆက္ၿပီး မ်ားလာေနတာ ေတြ႔ရတယ္လုိ႔ သတင္းေတြမွာ ေဖၚျပပါတယ္။
သမၼတထရမ့္ မဲဆြယ္အဖြဲ႔ကေတာ့ မဲရလဒ္ ေတြကို ေမးခြန္းထုတ္ေနတာ ျဖစ္ၿပီး ေသာၾကာေန႔မွာေတာ့ ေၾကညာခ်က္ တေစာင္ ထုတ္ျပန္ၿပီး သမၼတထရမ့္အႏိုင္ရေၾကာင္းနဲ႔ ဒီေရြးေကာက္ပြဲဟာ မၿပီးဆံုး ေသးဘူးလို႔ ေျပာၾကားခဲ့တာပါ။
ဒီမိုကရက္တစ္ပါတီက ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က ေတာ့ ဂ်ိဳးဘိုင္ဒင္ အႏိုင္ရလု ဆဲဆဲ ရွိေန ေပမဲ့ မဲအားလံုး ေရတြက္ၿပီးခ်ိန္အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကဖုိ႔ ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
သမၼတျဖစ္ဖို႔အတြက္ ကိုယ္စားလွယ္မဲ ၂၇၀ ရဖို႔ လိုအပ္တာျဖစ္ၿပီး ေသာၾကာေန႔ ညေနပိုင္းအထိဆို ဒီမိုကရက္တစ္ပါတီက ဂ်ိဳးဘိုင္ဒင္က ၂၅၃ မဲ ရထား တာျဖစ္ပါတယ္။ အေမရိကန္ေရြးေကာက္ပြဲဟာ Maine နဲ႔ Nebraska ျပည္နယ္ ၂ ခုကလြဲရင္ လူဦးေရေပၚ အေျခခံၿပီး ခ်ထားတဲ့ ျပည္နယ္ရဲ့ ကိုယ္စားလွယ္မဲ အေရအတြက္ ေပၚမူတည္ၿပီး အႏိုင္အရံႈး သတ္မွတ္တာ ျဖစ္ပါတယ္။
ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မဲအသာရသူဟာ ကိုယ္စားလွယ္မဲ ၁၆ မဲ ရမွာ ျဖစ္သလို Pennsylvania မွာက ကိုယ္စားလွယ္မဲ ၂၀ သတ္မွတ္ထားတာပါ။ အရီဇိုးနား ျပည္နယ္အတြက္ ကိုယ္စားလွယ္မဲက ၁၁ မဲရွိၿပီး နီဗားဒါး ျပည္နယ္အတြက္က ၆ မဲရွိပါတယ္။
...............
ကန်ရွေးကောက်ပွဲ မဲရေတွက်မှု Biden ရဲ့ အလားအလာ နှင့် Trump ရဲ့ စောဒက
(Unicode)
အင်္ဂါနေ့က ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲ အတွက် မဲတွေကို သောကြာနေ့ အထိ ဆက်လက်ရေတွက်နေဆဲ ဖြစ်ပါတယ်။
ဂျော်ဂျီယာနဲ့. Pennsylvania ပြည်နယ်တွေမှာ ရီပတ်ဘလစ်ကင်ပါတီ သမ္မတထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်တို့ကြား မဲအရေအတွက် သိပ်မကွာပဲ ရှိနေပြီး သောကြာနှေ့ အစောပိုင်းတော့ ဂျိုးဘိုင်ဒင်က မဲအရေအတွက် တဖြေးဖြေးဆက်ပြီး များလာနေတာ တွေ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
သမ္မတထရမ့် မဲဆွယ်အဖွဲ့ကတော့ မဲရလဒ် တွေကို မေးခွန်းထုတ်နေတာ ဖြစ်ပြီး သောကြာနေ့မှာတော့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး သမ္မတထရမ့်အနိုင်ရကြောင်းနဲ့ ဒီရွေးကောက်ပွဲဟာ မပြီးဆုံး သေးဘူးလို့ ပြောကြားခဲ့တာပါ။
ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တော့ ဂျိုးဘိုင်ဒင် အနိုင်ရလု ဆဲဆဲ ရှိနေ ပေမဲ့ မဲအားလုံး ရေတွက်ပြီးချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကြဖို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သမ္မတဖြစ်ဖို့အတွက် ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ လိုအပ်တာဖြစ်ပြီး သောကြာနေ့ ညနေပိုင်းအထိဆို ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်က ၂၅၃ မဲ ရထား တာဖြစ်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲဟာ Maine နဲ့ Nebraska ပြည်နယ် ၂ ခုကလွဲရင် လူဦးရေပေါ် အခြေခံပြီး ချထားတဲ့ ပြည်နယ်ရဲ့ ကိုယ်စားလှယ်မဲ အရေအတွက် ပေါ်မူတည်ပြီး အနိုင်အရှုံး သတ်မှတ်တာ ဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ်မှာ မဲအသာရသူဟာ ကိုယ်စားလှယ်မဲ ၁၆ မဲ ရမှာ ဖြစ်သလို Pennsylvania မှာက ကိုယ်စားလှယ်မဲ ၂၀ သတ်မှတ်ထားတာပါ။ အရီဇိုးနား ပြည်နယ်အတွက် ကိုယ်စားလှယ်မဲက ၁၁ မဲရှိပြီး နီဗားဒါး ပြည်နယ်အတွက်က ၆ မဲရှိပါတယ်။