သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ အရှုံးအနိုင်မပြတ်သေး

Trump-Biden
Trump-Biden

(Zawgyi/Unicode)

နိုဝင်ဘာလ ၃ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရတယ် ဆိုတာ ကြာသပတေးနေ့ အထိ မသိရသေးပါဘူး။

သမ္မတအဖြစ် ရွေးချယ်ခံရဖို့ Electoral Vote ဆိုတဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့ လိုအပ်တာ ဖြစ်ပြီး အင်္ဂါနေ့ညက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၂၅၃ မဲ ရပြီး နီးစပ်နေပြီဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင်ပါတီက မဲမသမာမှုတွေ ရှိတယ်လို့ ဆိုပြီး တရားစွဲဆိုမှုတွေ လုပ်နေသလို သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မဲရေတွက်မှု ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုနေပါတယ်။

ကြာသပတေးနေ့ ညနေပိုင်း အချိန်အထိ ပြည်နယ် ၄ ခုမှာ မဲတွေကို ဆက်လက် ရေတွက်နေဆဲ ဖြစ်ပါတယ်။ အမေရိကန် အရှေ့ပိုင်းက ဂျော်ဂျီယာ နဲ့ Pennsylvania ပြည်နယ်တွေနဲ့ အမေရိကန် အနောက်ပိုင်းက အရီဇိုးနားနဲ့ နီဗားဒါး ပြည်နယ်တွေ ဖြစ်ပါတယ်။

ကိုယ်စားလှယ်မဲ ၂၁၄ မဲ ရထားတဲ့ သမ္မတ ထရမ့်က ဂျော်ဂျီယာ နဲ့ Pennsylvania ပြည်နယ်တွေမှာ မဲ အသာစီး ရဖို့ အလားအလာ ရှိနေသလို ဂျိုးဘိုင်ဒင်က အနောက်ပိုင်းက ပြည်နယ် ၂ ခုမှာ အသာစီးရဖို့ အလားအလာ ရှိနေတာဖြစ်ပြီး ဘယ်သူ နိုင်မယ်ဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။

ဂျော်ဂျီယာ ပြည်နယ်အတွက် ကိုယ်စားလှယ်မဲက ၁၆ မဲ ဖြစ်သလို Pennsylvania ပြည်နယ်အတွက် မဲ ၂၀ ရှိပါတယ်။ အရီဇိုးနား အတွက် ကိုယ်စားလှယ်မဲ ၁၁ မဲရှိပြီး နီဗားဒါးက ၆ မဲရှိပါတယ်။

ကန်သမ္မတရွေးကောက်ပွဲ အရှုံးအနိုင်မပြတ်သေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်


............

(Unicode)






This item is part of
XS
SM
MD
LG