သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရွေးကောက်ပွဲ Joe Biden လက်ရှိအချိန် ဦးဆောင်နေ


ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden။ (နိုဝင်ဘာ ၀၄၊ ၂၀၂၀)
ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden။ (နိုဝင်ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်နေတဲ့ Wisconsin နဲ့ Michigan ပြည်နယ်တွေမှာ ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အနိုင်ရတယ်လို့ အမေရိကန်သတင်းမီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန် အနိုင်ရရေး လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ပြည့်ဖို့ ပိုနီးလာပြီဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ မနေ့နေ့လယ်ပိုင်းက ရုပ်သံကနေတဆင့် ပြောခဲ့တာမှာတော့ သူ့အနေနဲ့ သူတို့အနိုင်ရကြောင်း ကြေငြာဖို့အတွက် မဟုတ်ကြောင်း၊ ဒါပေမဲ့ မဲတွေအားလုံးရေတွက်ပြီးသွားချိန်မှာတော့ သူတို့အနိုင်ရမယ်ဆိုတာ ယုံကြည်ကြောင်း ပြောဖို့အတွက်လာခဲ့တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရဖို့အတွက် ကိုယ်စားလှယ်မဲ ၂၇၀ လိုအပ်တာမှာ ဂျိုးဘိုင်ဒန်ဟာ မနေ့က Wisconsin နဲ့ Michigan ပြည်နယ်တွေကို အနိုင်ရလိုက်တဲ့အတွက် အခုအခါမှာ ကိုယ်စားလှယ်မဲ ၂၅၃ မဲ ရထားပြီး သမ္မတဒေါ်နယ်လ်ထရမ့်ကတော့ ၂၁၃ မဲ ရထားပါတယ်။

အခုအခါမှာတော့ အမေရိကန်အရှေ့ဘက်ခြမ်းက Pennsylvania, North Carolina, Georgia ပြည်နယ်တွေ နဲ့ အနောက်ဘက်ခြမ်းက Arizona နဲ့ Nevada ပြည်နယ်တွေမှာ အကြိတ်အနယ်ဖြစ်နေပြီး ဘယ်သူအနိုင်ရတယ်ဆိုတာ အခုချိန်ထိ ကြေငြာနိုင်ခြင်းမရှိသေးဘဲ မဲတွေ ရေတွက်နေတုန်းပဲဖြစ်ပါတယ်။

ကန်သမ္မတရွေးကောက်ပွဲ Joe Biden လက်ရှိအချိန် ဦးဆောင်နေ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG