သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joe Biden ကို သမ္မတဟောင်း George W. Bush ကြိုဆိုဂုဏ်ပြု


အမေရိကန်သမ္မတဟောင်း George W. Bush. (ဇွန် ၂၇၊ ၂၀၁၉)
အမေရိကန်သမ္မတဟောင်း George W. Bush. (ဇွန် ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ Joe Biden အနိုင်ရကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြနေချိန်မှာပဲ အမေရိကန်သမ္မတဟောင်း တဦးဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီက George W. Bush က ဂုဏ်ပြုကြိုဆိုကြောင်း တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

Joe Biden အနေနဲ့ နိုင်ငံကို ဦးဆောင်မှုနဲ့ စည်းလုံးမှုရှိအောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းရပြီဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့တဲ့ သမ္မတဟောင်း Bush က သူနဲ့ Joe Biden တို့ကြား နိုင်ငံရေးအရ ကွဲပြားမှုရှိပေမယ့် တတ်နိုင်တဲ့ဘက်က သူ အကူအညီပေးမှာဖြစ်ပြီး အောင်မြင်စေဖို့ ဆုတောင်းကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒုသမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ Kamala Harris ကိုလည်း ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

အခုချိန်အထိ မဲရေတွက်ရာမှာ Mr. Biden က မဲ ၄ သန်းလောက် သာနေပေမယ့် သမ္မတ Donald Trump က မဲမသမာမှုတွေရှိကြောင်း ပြောပြီး တရားစွဲဆိုမှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး သမ္မတ Trump မှာ တရားကြောင်းအရ လုပ်ဆောင်ခွင့်တွေ ရှိကြောင်းလည်း သမ္မတဟောင်း Bush က ပြောပါတယ်။

ဒါ့အပြင် အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပြီး ယုံကြည်ရတဲ့ ရွေးကောက်ပွဲ ဖြစ်သလို ရလဒ်ဟာလည်း ရှင်းလင်းပြတ်သားမှုရှိကြောင်း အမေရိကန်ပြည်သူတွေ ယုံကြည်မှု ထားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)

Joe Biden ကို သမ်မတဟောငျး George W. Bush ကွိုဆိုဂုဏျပွု






XS
SM
MD
LG