သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ အပြောင်းအလဲအတွက် Joe Biden စတင်ပြင်ဆင်နေ


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (နိုဝင်ဘာ ၆၊ ၂၀၂၀)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden. (နိုဝင်ဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲ ရလဒ်ကို အခုအချိန်အထိ အတိအကျ မထုတ်ပြန်နိုင်သေးဘဲ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ရွေးကောက်ပွဲရလဒ်အတွက် အငြင်းပွားနေဆဲ အချိန်မှာပဲ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ Joe Biden က သမ္မတ Trump ရဲ့ အဓိကမူဝါဒတချို့ကို ပြောင်းလဲပြင်ဆင်ဖို့နဲ့ ဇန်နဝါရီ ၂၀ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အစိုးရတာဝန်ယူဖို့အတွက် ပြင်ဆင်မှုတွေကို တနင်္ဂနွေနေ့မှာ စတင်နေပြီ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်တဲ့ Joe Biden နဲ့ ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်တဲ့ Kamala Harris တို့က သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာတွေ၊ ဒီကပ်ရောဂါကြောင့် ခံစားနေရတဲ့ စီးပွားရေးကျဆင်းမှု၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာနဲ့ စနစ်တကျ ခွဲခြားဆက်ဆံမှု ဆိုင်ရာတွေကို ချက်ချင်းပဲ ဦးစားပေး လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပြီး သူတို့ရဲ့ Transition to Power လို့ခေါ်တဲ့ အာဏာအကူးအပြောင်း ကာလအတွက် ဝက်ဘ်ဆိုက် စာမျက်နှာတခု ဖွင့်လိုက်တာပါ။

သူတို့ဟာ အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေး၊ ခွဲခြားဆက်ဆံမှု မရှိရေးနဲ့ ဥတုရာသီဆိုင်ရာ ပြဿနာတွေလို အရေးတကြီးဖြေရှင်းရမယ့် စိန်ခေါ်မှုတွေအတွက် သူတို့တာဝန်စယူတဲ့ နေ့ကကစပြီး ဦးဆောင်ကိုင်တွယ်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။

Joe Biden ဟာ စနေနေ့ညပိုင်းက Delaware ပြည်နယ် Wilmington မြို့ကနေ မိန့်ခွန်းပြောကြားခဲ့ပြီး သူ့အနေနဲ့ တိုင်းပြည်ကို သွေးစည်းညီညွတ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်ဟာ တဖက်နဲ့တဖက် ပြင်းပြင်းထန်ထန် ဝေဖန်ပုတ်ခတ်နေရမယ့် အချိန်မဟုတ်ဘဲ အပြန်အလှန်တွေ့ဆုံပြီးတော့ တယောက်နဲ့တယောက် အခွင့်အရေးပေးပြီး အမြင်သဘောထားတွေကို နားထောင်ရမယ့်အချိန် ဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG