(Zawgyi / Unicode)
အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden အႏိုင္ရတယ္လို႔ မီဒီယာေတြက ေၾကညာၿပီး နာရီပိုင္းအၾကာမွာ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ Mr. Biden က ႏိုင္ငံတြင္း သေဘာထားကြဲလြဲမႈေတြကို ရင္ၾကားေစ့ဖို႔နဲ႔ စည္းလုံးမႈရွိၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ အိမ္ျဖဴေတာ္သတင္းေထာက္ Patsy Widakuswara သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္က တင္ျပထားပါတယ္။
ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden သမၼတျဖစ္ဖို႔ ေသခ်ာသြားတာနဲ႔ အတူ အေမရိကန္ႏိုင္ငံတဝန္း ၿမိဳ႕ေတြမွာ သူ႔ကိုေထာက္ခံသူေတြ ေအာင္ပြဲခံေနၾကပါတယ္။ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရမယ့္ ပန္ဆယ္လ္ေဗးနီးယားနဲ႔ နီဗားဒါးျပည္နယ္ေတြမွာ သူအျပတ္အသတ္ ဦးေဆာင္ေနတယ္လို႔ သတင္းမီဒီယာေတြက ေၾကညာၿပီးတဲ့ေနာက္မွာ အခုလို ေအာင္ပြဲခံေနၾကတာပါ။ Joe Biden က သူ႔ရဲ႕မိန္႔ခြန္းမွာ ...
“အေမရိကန္ႏုိင္ငံသားေတြက အဆုံးအျဖတ္ေပးခဲ့ပါၿပီ။ ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ပါၿပီ။ ဒီေအာင္ပြဲက ကေ်နာ္တုိ႔ျပည္သူအားလုံးအတြက္ ျဖစ္ပါတယ္။” လုိ႔ ထည့္သြင္းေျပာသြားပါတယ္။
သူ႔ဇာတိ Delaware ျပည္နယ္၊ Wilmington ၿမိဳ႕ကေန ေျပာၾကားတဲ့ မိန္႔ခြန္းမွာ Joe Biden က အၿပိဳင္အဆိုင္မဲဆြယ္ၾကတဲ့ ကာလအတြင္းမွာ ရွိခဲ့ၾကတဲ့ ႏိုင္ငံတြင္း သေဘာထားကြဲလြဲမႈေတြကို ျပန္ၿပီး ကုစားႏိုင္ဖို႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ သူ႔ကို ေထာက္ခံသူေတြကိုေရာ သမၼတ Trump ကို ေထာက္ခံသူေတြကိုပါ တေယာက္နဲ႔တေယာက္ အျပန္အလွန္ အခြင့္အေရးေပးၾကဖို႔ Mr. Biden က တိုက္တြန္းခဲ့ပါတယ္။
“အေမရိကမွာ ႀကဳံေနရတဲ့ ေခတ္ဆိုးႀကီးကို အခု ဒီေနရာမွာပဲ အဆုံးသတ္လိုက္ၾကပါစို႔။”
Mr. Biden က သူဟာ အေမရိကန္ျပည္သူေတြ အားလုံးအတြက္ သမၼတျဖစ္ေစရမယ္လို႔ ကတိျပဳ ေျပာၾကားခဲ့သလို ေရွ႕ဆက္ တုိင္းျပည္အတြက္ သူဘာေတြလုပ္ေဆာင္မယ္ ဆုိတာကိုလည္း ခ်ျပခဲ့ပါတယ္။
“ကပ္ေရာဂါကို တိုက္ဖ်က္ဖို႔၊ ႏိုင္ငံ စည္ပင္ဝေျပာဖို႔၊ ေကာင္းမြန္တဲ့ မိသားစု က်န္းမာေရးစနစ္ရွိဖို႔၊ လူမ်ိဳးေရး မွ်တမႈရွိဖို႔ တိုက္ပြဲေတြ ဆင္ႏႊဲၾကရဦးမွာပါ။ ဒီလိုပဲ ဥတုရာသီေျပာင္းလဲမႈကို ထိန္းခ်ဳပ္ၿပီး ကမာၻႀကီးကို ကယ္တင္ဖို႔၊ ဒီမိုကေရစီစနစ္ကို ကာကြယ္ဖို႔နဲ႔ တိုင္းျပည္တြင္း လူတိုင္း အခြင့္အေရးရရွိေစဖို႔ လုပ္ေဆာင္ရမယ့္ တိုက္ပြဲေတြလည္း ရွိေနပါတယ္။”
ပန္ဆယ္လ္ေဗးနီးယားနဲ႔ နီဗားဒါးျပည္နယ္ေတြမွာ အႏိုင္ရၿပီးတဲ့ေနာက္ Joe Biden က သမၼတေရြးခ်ယ္ေရးအဖြဲ႔ရဲ႕ မဲ ၂၇၉ မဲကို ရရွိထားပါတယ္။ မဲေရတြက္ေနဆဲ ေဂ်ာ္ဂ်ီယာနဲ႔ အရီဇုိးနားျပည္နယ္ေတြမွာလည္း Joe Biden က ဦးေဆာင္ေနတာေၾကာင့္ သမၼတျဖစ္ဖို႔ လိုအပ္တဲ့ မဲအေရအတြက္ ၂၇၀ ထက္ အမ်ားႀကီး အသာရႏိုင္ပါတယ္။ ဒီအေပၚမွာ Delaware တကၠသိုလ္က ႏိုင္ငံေရးသိပၸံပါေမာကၡ David Redlawsk က...
“Mr. Biden ရဲ႕ မဲဆြယ္စည္း႐ုံးေရးအဖြဲ႔က အားလုံး အတူပူးေပါင္းပါဝင္လာေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ေရြးေကာက္ပြဲတုန္းက ရီပတ္ဘလစ္ကန္ကို ေထာက္ခံခဲ့တဲ့ ျပည္နယ္အေတာ္မ်ားမ်ား သူ႔ဘက္ပါလာေအာင္ Mr. Biden က ေျပာင္းလဲပစ္ႏိုင္ခဲ့ပါတယ္။” လုိ႔ ေျပာပါတယ္။
သမၼတ Donald Trump ကေတာ့ စေနေန႔မွာ ေဂါက္သြား႐ိုက္ေနခဲ့ၿပီး လူျမင္ကြင္းကေန ေပ်ာက္ကြယ္ေနခဲ့ပါတယ္။ တြစ္တာစာမ်က္ႏွာမွာေတာ့ မဲအမ်ားစုနဲ႔ သူအႏိုင္ရတယ္လို႔ Donald Trump က ေရးသားခဲ့ပါတယ္။
Mr. Trump က သူ႐ႈံးနိမ့္တာကို ဝန္မခံေသးေပမယ့္ ကမာၻ႔ေခါင္းေဆာင္ေတြကေတာ့ Mr. Biden ကို ေရြးေကာက္ခံ သမၼတအျဖစ္ ခ်ီးက်ဴးဂုဏ္ျပဳေနၾကၿပီ ျဖစ္ပါတယ္။
Donald Trump ရဲ႕ မဲဆြယ္စည္း႐ုံးေရး အဖြဲ႔ကေတာ့ Mr. Biden ဟာ အႏိုင္ရသူအျဖစ္ အေလာတႀကီး ဟန္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။ တရားစြဲဆိုမႈေတြ ျပဳလုပ္မယ္လို႔လည္း ေျပာပါတယ္။ Vanderbilt တကၠသိုလ္က ကၽြမ္းက်င္သူ Jeff Bennett ကေတာ့ ေရြးေကာက္ပြဲရလဒ္ ေျပာင္းလဲႏိုင္ဖြယ္ မရွိဘူးလို႔ သုံးသပ္ပါတယ္။
“တရား႐ုံးက ထုတ္ျပန္ထားတဲ့ အမိန္႔ေတြ ရွိေနေပမယ့္လည္း ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မွာ ေလာေလာဆယ္ ျဖစ္ပ်က္ေနတာေတြကို ေျပာင္းလဲပစ္ဖို႔ မလုံေလာက္ပါဘူး။”
Joe Biden ကို ေထာက္ခံသူေတြက လာမယ့္သီတင္းပတ္ေတြမွာ ေအာင္ပြဲခံေနၾကမယ့္ အခ်ိန္မွာပဲ သမၼတေရြးခ်ယ္ေရး အဖြဲ႔ဝင္ေတြကလည္း ဒီဇင္ဘာလလယ္မွာ သမၼတအသစ္နဲ႔ ဒုသမၼတအသစ္ကို တရားဝင္မဲေပးၾကမွာ ျဖစ္ပါတယ္။ Joe Biden နဲ႔ Kamala Harris တို႔ က်မ္းသစၥာက်ိန္ဆိုမယ့္ ၂၀၂၁ ဇန္နဝါရီ ၂၀ အထိ သမၼတ Trump က အိမ္ျဖဴေတာ္မွာ ဆက္ၿပီး ရွိေနဦးမွာ ျဖစ္ပါတယ္။
အဲဒီအခ်ိန္မွာ ဒုသမၼတျဖစ္လာမယ့္ Kamala Harris က ပထမဆုံး အမ်ိဳးသမီး ဒုသမၼတျဖစ္သလို လူျဖဴမဟုတ္တဲ့ အသားအေရာင္ရွိ ပထမဆုံး အေမရိကန္ ဒုသမၼတလည္း ျဖစ္လာမွာ ျဖစ္ပါတယ္။
----------------------------
(Unicode)
နိုင်ငံတွင်း သဘောကွဲမှုများ ပြန်ကုစားဖို့ Joe Biden တိုက်တွန်း
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden အနိုင်ရတယ်လို့ မီဒီယာတွေက ကြေညာပြီး နာရီပိုင်းအကြာမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ Mr. Biden က နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေကို ရင်ကြားစေ့ဖို့နဲ့ စည်းလုံးမှုရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden သမ္မတဖြစ်ဖို့ သေချာသွားတာနဲ့ အတူ အမေရိကန်နိုင်ငံတဝန်း မြို့တွေမှာ သူ့ကိုထောက်ခံသူတွေ အောင်ပွဲခံနေကြပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပန်ဆယ်လ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေမှာ သူအပြတ်အသတ် ဦးဆောင်နေတယ်လို့ သတင်းမီဒီယာတွေက ကြေညာပြီးတဲ့နောက်မှာ အခုလို အောင်ပွဲခံနေကြတာပါ။ Joe Biden က သူ့ရဲ့မိန့်ခွန်းမှာ ...
“အမေရိကန်နိုင်ငံသားတွေက အဆုံးအဖြတ်ပေးခဲ့ပါပြီ။ ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒီအောင်ပွဲက ကျေနာ်တို့ပြည်သူအားလုံးအတွက် ဖြစ်ပါတယ်။” လို့ ထည့်သွင်းပြောသွားပါတယ်။
သူ့ဇာတိ Delaware ပြည်နယ်၊ Wilmington မြို့ကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ Joe Biden က အပြိုင်အဆိုင်မဲဆွယ်ကြတဲ့ ကာလအတွင်းမှာ ရှိခဲ့ကြတဲ့ နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေကို ပြန်ပြီး ကုစားနိုင်ဖို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတွေကိုရော သမ္မတ Trump ကို ထောက်ခံသူတွေကိုပါ တယောက်နဲ့တယောက် အပြန်အလှန် အခွင့်အရေးပေးကြဖို့ Mr. Biden က တိုက်တွန်းခဲ့ပါတယ်။
“အမေရိကမှာ ကြုံနေရတဲ့ ခေတ်ဆိုးကြီးကို အခု ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြပါစို့။”
Mr. Biden က သူဟာ အမေရိကန်ပြည်သူတွေ အားလုံးအတွက် သမ္မတဖြစ်စေရမယ်လို့ ကတိပြု ပြောကြားခဲ့သလို ရှေ့ဆက် တိုင်းပြည်အတွက် သူဘာတွေလုပ်ဆောင်မယ် ဆိုတာကိုလည်း ချပြခဲ့ပါတယ်။
“ကပ်ရောဂါကို တိုက်ဖျက်ဖို့၊ နိုင်ငံ စည်ပင်ဝပြောဖို့၊ ကောင်းမွန်တဲ့ မိသားစု ကျန်းမာရေးစနစ်ရှိဖို့၊ လူမျိုးရေး မျှတမှုရှိဖို့ တိုက်ပွဲတွေ ဆင်နွှဲကြရဦးမှာပါ။ ဒီလိုပဲ ဥတုရာသီပြောင်းလဲမှုကို ထိန်းချုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့နဲ့ တိုင်းပြည်တွင်း လူတိုင်း အခွင့်အရေးရရှိစေဖို့ လုပ်ဆောင်ရမယ့် တိုက်ပွဲတွေလည်း ရှိနေပါတယ်။”
ပန်ဆယ်လ်ဗေးနီးယားနဲ့ နီဗားဒါးပြည်နယ်တွေမှာ အနိုင်ရပြီးတဲ့နောက် Joe Biden က သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ မဲ ၂၇၉ မဲကို ရရှိထားပါတယ်။ မဲရေတွက်နေဆဲ ဂျော်ဂျီယာနဲ့ အရီဇိုးနားပြည်နယ်တွေမှာလည်း Joe Biden က ဦးဆောင်နေတာကြောင့် သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ထက် အများကြီး အသာရနိုင်ပါတယ်။ ဒီအပေါ်မှာ Delaware တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ David Redlawsk က...
“Mr. Biden ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က အားလုံး အတူပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ရီပတ်ဘလစ်ကန်ကို ထောက်ခံခဲ့တဲ့ ပြည်နယ်အတော်များများ သူ့ဘက်ပါလာအောင် Mr. Biden က ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။” လို့ ပြောပါတယ်။
သမ္မတ Donald Trump ကတော့ စနေနေ့မှာ ဂေါက်သွားရိုက်နေခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပါတယ်။ တွစ်တာစာမျက်နှာမှာတော့ မဲအများစုနဲ့ သူအနိုင်ရတယ်လို့ Donald Trump က ရေးသားခဲ့ပါတယ်။
Mr. Trump က သူရှုံးနိမ့်တာကို ဝန်မခံသေးပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေကတော့ Mr. Biden ကို ရွေးကောက်ခံ သမ္မတအဖြစ် ချီးကျူးဂုဏ်ပြုနေကြပြီ ဖြစ်ပါတယ်။
Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကတော့ Mr. Biden ဟာ အနိုင်ရသူအဖြစ် အလောတကြီး ဟန်ဆောင်နေတယ်လို့ ပြောပါတယ်။ တရားစွဲဆိုမှုတွေ ပြုလုပ်မယ်လို့လည်း ပြောပါတယ်။ Vanderbilt တက္ကသိုလ်က ကျွမ်းကျင်သူ Jeff Bennett ကတော့ ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ပါတယ်။
“တရားရုံးက ထုတ်ပြန်ထားတဲ့ အမိန့်တွေ ရှိနေပေမယ့်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ လောလောဆယ် ဖြစ်ပျက်နေတာတွေကို ပြောင်းလဲပစ်ဖို့ မလုံလောက်ပါဘူး။”
Joe Biden ကို ထောက်ခံသူတွေက လာမယ့်သီတင်းပတ်တွေမှာ အောင်ပွဲခံနေကြမယ့် အချိန်မှာပဲ သမ္မတရွေးချယ်ရေး အဖွဲ့ဝင်တွေကလည်း ဒီဇင်ဘာလလယ်မှာ သမ္မတအသစ်နဲ့ ဒုသမ္မတအသစ်ကို တရားဝင်မဲပေးကြမှာ ဖြစ်ပါတယ်။ Joe Biden နဲ့ Kamala Harris တို့ ကျမ်းသစ္စာကျိန်ဆိုမယ့် ၂၀၂၁ ဇန်နဝါရီ ၂၀ အထိ သမ္မတ Trump က အိမ်ဖြူတော်မှာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဒုသမ္မတဖြစ်လာမယ့် Kamala Harris က ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်သလို လူဖြူမဟုတ်တဲ့ အသားအရောင်ရှိ ပထမဆုံး အမေရိကန် ဒုသမ္မတလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။