သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရြးေကာက္ပဲြ မဲေရတြက္ေနဆဲအခ်ိန္ လံုၿခံဳေရးဝန္ထမ္းမ်ား ဖိအားတိုးလာ


နီဗားဒါးျပည္နယ္ မဲ႐ုံတခုအနီး ေစာင့္ၾကပ္ေနတဲ့ လုံၿခဳံေရးဝန္ထမ္းအခ်ဳိ႕။ (ႏုိဝင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပြဲအတြက္ ဆႏၵမဲေတြကို ဆက္ၿပီး ေရတြက္ေနခ်ိန္မွာပဲ ရဲတပ္ဖြဲ႔နဲ႔ ဖက္ဒရယ္အစိုးရ ဥပေဒစိုးမိုးေရး တာဝန္ရွိသူေတြဆီကေန ႏုိင္ငံတဝန္းက ေရြးေကာက္ပြဲဆိုင္ရာ တာဝန္ရွိသူေတြက လံုၿခဳံေရးအကူအညီ ေတာင္းခံတာေတြ ပိုတိုးလာပါတယ္။

ဝတ္စံုျပည့္ ရဲတပ္ဖြဲ႔ဝင္ေတြ တန္းစီရပ္ၿပီး လံုၿခံဳေရးေပးထားတဲ့ ျမင္ကြင္းဟာ ဖီလာဒဲလ္ဖီးယားၿမိဳ႕ကေန ဖီးနစ္က္စ္ၿမိဳ႕အထိ ပံုမွန္လို ေတြ႔ေနရတဲ့ျမင္ကြင္း ျဖစ္လာပါတယ္။

အစိုးရအေဆာက္အဦေတြနဲ႔ တျခားေနရာဌာနေတြထဲမွာ မဲေရတြက္ေနၾကတဲ့ ေရြးေကာက္ပြဲ လုပ္သားေတြနဲ႔ ေအာင္ပြဲခံသူေတြ၊ ဆႏၵျပသူေတြၾကားမွာ ရဲတပ္ဖြဲ႔ဝင္ေတြက ၾကားဝင္ျခားၿပီး လံုၿခံဳေရး ေပးေနၾကတာပါ။

ခုခ်ိန္ထိကေတာ့ အဲဒီလူစုလူေဝးေတြဟာ က်ယ္ေလာင္ ဆူညံေနေပမယ့္ အမ်ားအားျဖင့္ေတာ့ ေအးေအးခ်မ္းခ်မ္း ရွိေနပါေသးတယ္။ ဒါေပမယ့္လည္း ဘယ္သူအႏုိင္ရတယ္ဆိုတာ သိရဖို႔ နီးကပ္လာေနတာနဲ႔အမွ် တင္းမာမႈေတြ တုိးလာႏုိင္တယ္လို႔ တာဝန္ရွိသူေတြက သတိေပးေနပါတယ္။

ၾကာသပေတးညကေန ေသာၾကာေန႔မနက္ပိုင္းကိုအကူး အခ်ိန္ပိုင္းတုန္းကပဲ အရီဇိုးနားျပည္နယ္၊ ဖီးနစ္က္စ္ၿမိဳ႕၊ Maricopa ခ႐ိုင္ ေရြးေကာက္ပြဲဌာန အျပင္ဘက္မွာ သမၼတ Trump ကုိ ေထာက္ခံသူေတြနဲ႔ ဒီမိုကရက္သမၼတေလာင္း Joe Biden ကုိ ေထာက္ခံသူေတြၾကား ခနတာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါေသးတယ္။

ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ ဖီလာဒဲလ္ဖီးယားၿမိဳ႕မွာေတာ့ မဲေရတြက္ေနတဲ့ ခန္းမအျပင္ဘက္မွာ ေသနတ္တိုယူလာတဲ့ ဗာဂ်ီးနီးယားျပည္နယ္က လူႏွစ္ေယာက္ကို ဖမ္းဆီးလိုက္တယ္လို႔ တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေၾကညာပါတယ္။

ဒီလူႏွစ္ေယာက္ဟာ လက္နက္ခဲယမ္းေတြနဲ႔အတူ မိုင္ ၂၈၀ ေလာက္ေဝးတဲ့ခရီးကို လာခဲ့ၾကတယ္ဆုိတာ FBI က ဖီလာဒဲလ္ဖီးယားရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့ၿပီးတဲ့ေနာက္ ၾကာသပေတးေန႔ ညေနပိုင္းမွာ သူတို႔ကို ေျခရာခံမိခဲ့တာပါ။

သူတို႔ဟာ ဖီလာဒဲလ္ဖီးယားမွာ ေသနတ္ကိုင္ေဆာင္ဖို႔ ခြင့္ျပဳခ်က္မရွိဘဲ ေသနတ္ေတြယူလာတဲ့အတြက္ လက္နက္ကိုင္ေဆာင္မႈဆိုင္ရာ စြဲခ်က္ေတြနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဗာဂ်ီးနီးယားကေန သူတို႔ေမာင္းၿပီးလာတဲ့ Hummer ကားကို ရွာေဖြတာမွာ AR ပံုစံ ေခ်မႈန္းေရး႐ိုင္ဖယ္ေသနတ္နဲ႔ က်ည္ဆန္အေတာင့္ ၁၆၀ ကို ရွာေဖြသိမ္းဆည္းမိခဲ့ပါတယ္။

ေနာက္ခံမွတ္တမ္းေတြအရဆိုရင္ သူတို႔ဟာ သမၼတ Trump ကုိ ေထာက္ခံသူေတြအျဖစ္ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန်ရွေးကောက်ပွဲ မဲရေတွက်နေဆဲအချိန် လုံခြုံရေးဝန်ထမ်းများ ဖိအားတိုးလာ

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေကို ဆက်ပြီး ရေတွက်နေချိန်မှာပဲ ရဲတပ်ဖွဲ့နဲ့ ဖက်ဒရယ်အစိုးရ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေဆီကနေ နိုင်ငံတဝန်းက ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးအကူအညီ တောင်းခံတာတွေ ပိုတိုးလာပါတယ်။

ဝတ်စုံပြည့် ရဲတပ်ဖွဲ့ဝင်တွေ တန်းစီရပ်ပြီး လုံခြုံရေးပေးထားတဲ့ မြင်ကွင်းဟာ ဖီလာဒဲလ်ဖီးယားမြို့ကနေ ဖီးနစ်က်စ်မြို့အထိ ပုံမှန်လို တွေ့နေရတဲ့မြင်ကွင်း ဖြစ်လာပါတယ်။

အစိုးရအဆောက်အဦတွေနဲ့ တခြားနေရာဌာနတွေထဲမှာ မဲရေတွက်နေကြတဲ့ ရွေးကောက်ပွဲ လုပ်သားတွေနဲ့ အောင်ပွဲခံသူတွေ၊ ဆန္ဒပြသူတွေကြားမှာ ရဲတပ်ဖွဲ့ဝင်တွေက ကြားဝင်ခြားပြီး လုံခြုံရေး ပေးနေကြတာပါ။

ခုချိန်ထိကတော့ အဲဒီလူစုလူဝေးတွေဟာ ကျယ်လောင် ဆူညံနေပေမယ့် အများအားဖြင့်တော့ အေးအေးချမ်းချမ်း ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ဘယ်သူအနိုင်ရတယ်ဆိုတာ သိရဖို့ နီးကပ်လာနေတာနဲ့အမျှ တင်းမာမှုတွေ တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

ကြာသပတေးညကနေ သောကြာနေ့မနက်ပိုင်းကိုအကူး အချိန်ပိုင်းတုန်းကပဲ အရီဇိုးနားပြည်နယ်၊ ဖီးနစ်က်စ်မြို့၊ Maricopa ခရိုင် ရွေးကောက်ပွဲဌာန အပြင်ဘက်မှာ သမ္မတ Trump ကို ထောက်ခံသူတွေနဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden ကို ထောက်ခံသူတွေကြား ခနတာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။

ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့မှာတော့ မဲရေတွက်နေတဲ့ ခန်းမအပြင်ဘက်မှာ သေနတ်တိုယူလာတဲ့ ဗာဂျီးနီးယားပြည်နယ်က လူနှစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ကြေညာပါတယ်။

ဒီလူနှစ်ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိုင် ၂၈၀ လောက်ဝေးတဲ့ခရီးကို လာခဲ့ကြတယ်ဆိုတာ FBI က ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့ ညနေပိုင်းမှာ သူတို့ကို ခြေရာခံမိခဲ့တာပါ။

သူတို့ဟာ ဖီလာဒဲလ်ဖီးယားမှာ သေနတ်ကိုင်ဆောင်ဖို့ ခွင့်ပြုချက်မရှိဘဲ သေနတ်တွေယူလာတဲ့အတွက် လက်နက်ကိုင်ဆောင်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဗာဂျီးနီးယားကနေ သူတို့မောင်းပြီးလာတဲ့ Hummer ကားကို ရှာဖွေတာမှာ AR ပုံစံ ချေမှုန်းရေးရိုင်ဖယ်သေနတ်နဲ့ ကျည်ဆန်အတောင့် ၁၆၀ ကို ရှာဖွေသိမ်းဆည်းမိခဲ့ပါတယ်။

နောက်ခံမှတ်တမ်းတွေအရဆိုရင် သူတို့ဟာ သမ္မတ Trump ကို ထောက်ခံသူတွေအဖြစ် သတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG