သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာ အကူးအပြောင်းလုပ်ငန်းစဉ်များ Joe Biden ပြင်ဆင်


 ရွေးကောက်ခံသမ္မတ Joe Biden။ (နိုဝင်ဘာ ၀၇၊ ၂၀၂၀)
ရွေးကောက်ခံသမ္မတ Joe Biden။ (နိုဝင်ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်တယ်လို့ သမ္မတ Donald Trump က လက်မခံသေးပေမဲ့၊ ရွေးကောက်ခံသမ္မတ Joe Biden ကတော့ အာဏာလွဲှပြောင်းရေးလုပ်ငန်းတွေအတွက် စတင်ပြင်ဆင်နေပါတယ်။ Joe Biden နဲ့ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့က buildbackbetter.com ဆိုတဲ့ Website အသစ်ကို ဖန်တီးပြီးတော့ တရားဝင်အာဏာရတဲ့ ပထမဆုံးနေ့ကစပြီး အဓိကဦးစားပေးလုပ်မယ့် ကိစ္စတွေကို ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး၊ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေး၊ အသားအရောင်ကွဲပြားမှု အခြေခံတဲ့ မညီမ ျှမှုတွေ တိုက်ဖျက်ရေးနဲ့ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု တိုက်ဖျက်ရေးစတဲ့ ကိစ္စ ၄ ခုကို ပထမဆုံးဆောင်ရွက်သွားမယ့်အကြောင်း အဲဒီ Website မှာဖော်ပြထားပါတယ်။

သမ္မတ Trump လက်ထက်မှာ ဖျက်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ပါရီသဘောတူညီချက်ကို အမေရိကန်ပြန် သဘောတူရေးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ထဲကို ပြန်လည် ဝင်ရေးကိစ္စတွေကို Biden သမ္မတတာဝန်ယူပြီး ရက်ပိုင်းတွေအတွင်းမှာပဲ ဆောင်ရွက်လိမ့်မယ်လို့ သူ့ရဲ့ အကြံပေးတွေက ပြောပါတယ်။

မွတ်ဆလင်အများစုနေထိုင်ကြတဲ့ နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုဆီ ပြည်ဝင်ခွင့် တားမြစ်ထားတဲ့ အမိန့်တွေကိုလည်း Biden က ရုပ်သိမ်းဖို့ အစီအစဉ်ရှိပါတယ်။ သမ္မတသစ် ကျမ်းကျန်ပွဲကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ဝါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

အာဏာ အကူးအပြောင်းလုပ်ငန်းစဉ်များ Joe Biden ပြင်ဆင်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG