သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲလဒ္အေပၚ Trump စိန္ေခၚမႈကို ရီပတ္ဘလင္ကန္ေခါင္းေဆာင္တခ်ိဳ႕အားေပး


(Zawgyi/Unicode)

အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ ဒီမိုကရက္ သမၼတေလာင္း Jod Biden အနိုင္ရေၾကာင္း ခန္႔မွန္းသတ္မွတ္ထားမႈေတြကို လက္မခံ ဘဲ တရားေရးဆိုင္ရာ စိန္ေခၚမႈေတြ ျပဳလုပ္သြားမယ္ဆိုတဲ့ သမၼတ ေဒၚနယ္ထရမ့္ရဲ့ ရပ္တည္ခ်က္ကို အေရးႀကီးတဲ့ ရစ္ပတ္ဘလစ္ကန္ ပါတီ ေခါင္းေဆာင္ေတြက ေထာက္ခံမႈ ေပးေနၾကပါတယ္။

အထက္ လႊတ္ေတာ္ အမတ္ Mitt Romney အပါအဝင္ လက္ရွိရစ္ပတ္ဘလင္ကန္ အမတ္အနည္းငယ္နဲ႔ သမၼတ George W Bush အပါအဝင္ အရင္ရစ္ပတ္ဘလင္ကန္ တာဝန္ရွိသူေတာ္ေတာ္ မ်ားမ်ားကေတာ့ Joe Biden အနိုင္ ရတာကို အသိအမွတ္ျပဳထားၾကတာပါ။

မဲေပးတာနဲ႔ မဲေရတြက္ရာမွာ ပုံမွန္မဟုတ္တဲ့ ျဖစ္ရပ္ေတြနဲ႔ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး တရား႐ုံးကို ေလၽွာက္ထားေနခ်ိန္မွာ သမၼတ ေဒၚနယ္ထရမ့္အေနနဲ႔ ရႈံးနိမ့္တာကို မေျပာၾကားသင့္ေသးဘူးလို႔ ထိပ္တန္း ရစ္ပတ္ဘလင္ကန္ေတြျဖစ္တဲ့ အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ Mitch McConnell နဲ႔ ေအာက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ Kevin McCarthy တို႔က ေျပာပါတယ္။

Joe Biden ရဲ့ အသြင္းကူးေျပာင္းေရးဆိုင္ရာ အဖြဲ႕နဲ႔ ပူးေပါင္းေဆာင္ရြက္မလား ဆိုတဲ့ ေမးျမန္းခ်က္ကို နိုင္ငံျခားေရး ဝန္ႀကီးMike Pompeo ကလည္း ထရမ့္ရဲ့ ဒုတိယသက္တမ္းအစိုးရ အသြင္ကူးေျပာင္းေရး အဆင္ေျပေခ်ာေမြ႕ လိမ့္မယ္လို႔သာေျဖၾကားပါတယ္။

ေလာေလာဆယ္မွာေတာ့ သမၼတ ထရမ့္ရဲ့ တရား႐ုံးကို ေလၽွာက္ထားခ်က္ အမႈ ၅ ခု ရႈံးနိမ့္ခဲ့ပါတယ္။ နိုင္ငံနဲ႔တစ္ဝွမ္း ေနာက္ထပ္ ဒါဇင္နဲ႔ ခ်ီတဲ့ ဆုံးျဖတ္ခ်က္ေတြကို တရားသူႀကီးေတြ ခ်မွတ္ၾကရလိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

လက္က်န္ေလၽွာက္ထားခ်က္ေတြထဲက တစ္ခ်ိဳ႕တစ္ေလမွာ သမၼတထရမ့္ အနိုင္ရနိုင္ေကာင္း ရနိုင္ေပမယ့္ အဲဒီမဲေတြက ေလာေလာဆယ္ Joe Biden အနိုင္ရထားတဲ့ မဲအေရအတြက္ကို ေျပာင္းလဲပစ္နိုင္ေအာင္ လုံေလာက္မွာ မဟုတ္ဘူးလို႔လည္း အေမရိကန္ နိုင္ငံေရး ကၽြမ္းက်င္သူေတြက ခန္႔မွန္းၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရွေးကောက်ပွဲလဒ်အပေါ် Trump စိန်ခေါ်မှုကို ရီပတ်ဘလစ်ကန်ခေါင်းဆောင်တချို့အားပေး

(Unicode)

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတ လောင်း Jod Biden အနိုင်ရကြောင်း ခန့်မှန်းသတ်မှတ်ထားမှုတွေကို လက်မခံ ဘဲ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်ကို အရေးကြီးတဲ့ ရစ်ပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တွေက ထောက်ခံမှု ပေးနေကြပါတယ်။

အထက် လွှတ်တော် အမတ် Mitt Romney အပါအဝင် လက်ရှိရစ်ပတ်ဘလင်ကန် အမတ်အနည်းငယ်နဲ့ သမ္မတ George W Bush အပါအဝင် အရင်ရစ်ပတ်ဘလင်ကန် တာဝန်ရှိသူတော်တော် များများကတော့ Joe Biden အနိုင် ရတာကို အသိအမှတ်ပြုထားကြတာပါ။

မဲပေးတာနဲ့ မဲရေတွက်ရာမှာ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်တွေနဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တရားရုံးကို လျှောက်ထားနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ ရှုံးနိမ့်တာကို မပြောကြားသင့်သေးဘူးလို့ ထိပ်တန်း ရစ်ပတ်ဘလင်ကန်တွေဖြစ်တဲ့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Kevin McCarthy တို့က ပြောပါတယ်။

Joe Biden ရဲ့ အသွင်းကူးပြောင်းရေးဆိုင်ရာ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မလား ဆိုတဲ့ မေးမြန်းချက်ကို နိုင်ငံခြားရေး ဝန်ကြီးMike Pompeo ကလည်း ထရမ့်ရဲ့ ဒုတိယသက်တမ်းအစိုးရ အသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ လိမ့်မယ်လို့သာဖြေကြားပါတယ်။

လောလောဆယ်မှာတော့ သမ္မတ ထရမ့်ရဲ့ တရားရုံးကို လျှောက်ထားချက် အမှု ၅ ခု ရှုံးနိမ့်ခဲ့ပါတယ်။ နိုင်ငံနဲ့တစ်ဝှမ်း နောက်ထပ် ဒါဇင်နဲ့ ချီတဲ့ ဆုံးဖြတ်ချက်တွေကို တရားသူကြီးတွေ ချမှတ်ကြရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

လက်ကျန်လျှောက်ထားချက်တွေထဲက တစ်ချို့တစ်လေမှာ သမ္မတထရမ့် အနိုင်ရနိုင်ကောင်း ရနိုင်ပေမယ့် အဲဒီမဲတွေက လောလောဆယ် Joe Biden အနိုင်ရထားတဲ့ မဲအရေအတွက်ကို ပြောင်းလဲပစ်နိုင်အောင် လုံလောက်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

XS
SM
MD
LG